''ပြုသူ ''အသစ်'' ဖြစ်သူ ''အဟောင်း''
***************************
စ/ဆုံး (ဖြစ်ရပ်မှန်)
---------------------------
ကြိုတင်ပြီး ပြောထားပါရစေ
စာဖတ်သူတို့ ''အသိ'' တခု ရစေရန်ရည်ရွယ်ချက်ဖြင့် ရေးသားခြင်း
ဖြစ်ပါသည်
ဖြစ်ရပ်မှန် ဇာတ်လမ်းလေးမို့ အမည် နေရပ်ကို လုံးဝ ထည့်ရေးမည်
မဟုတ်ပါ အမည်လွှဲကာရေးသားမည့် ဖြစ်ရပ်မှန်လေးမို့
ကာယကံရှင်များ ဖတ်မိပါက ပြဿနာတခုခုဖြစ်နိုင်ပါသည်
စာခိုးမည့်သူများ ရှင်းနိုင်လျှင် ခိုးကြပါနော်
cd ကိုဖြစ်ကတတ်ဆန်းပေးပြီး မူရင်းရေးသူရဲ့ နာမည်ကို
ဖော်ပြရမှာ ရှက်နေသောသူများလည်း ကိုယ့်ပြဿနာ ကွာကိုယ်
ရှင်းကြပါ
ကျွန်တော် ရေးတဲ့ ဇာတ်လမ်းတော်တော်များများက ပတ်ဝန်းကျင်မှာ
တကယ်ဖြစ်နေကြတာပါ အဲ့ဒါကို ရှင်းရဲတဲ့သူတွေက နာမည်နဲ့တကွ
cd မပေးပဲ ယူနေကြတယ် မသိမဟုတ်ပါ သိသိကြီးနဲ့ လွှတ်ပေးထားတာ
တခုခုဖြစ်လာခဲ့ရင်တော့ ကွာကိုယ်ရှင်းလေ နော
ဟုတ်
ကျွန်တော် ''ဇာဇာဝင်း'' ပါဗျ
*************
နဖူးက ''ချွေး'' ခြေမ ကျအောင် အလုပ်လုပ်ရသည်ဟု ပြောစကားသည်
ကျွန်မအတွက်များ ရည်ရွယ်ခဲ့လေသလားမသိ
အစားတလုတ်အတွက်
ရင်းခဲ့ရသော ပင်ပန်းမှု ချွေးများ၏ အသီးအပွင့်တခုအဖြစ်
အခု အခြေအနေမှာ ကျွန်မရဲ့ လူစဉ်မမီတဲ့ ညီမတွေကို ကြည့်ရှု့
ထောက်ပံ့နိုင်ရုံမျှမက အိမ်ထောင်တွေပါ အသီးသီးချပေးခဲ့ပြီး
ကျွန်မရဲ့ လုပ်ငန်းမှာပဲ စုစုစည်းစည်းနဲ့ တက်ညီလက်ညီ လုပ်စေခဲ့ပါတယ်
သူတို့ရဲ့ ခင်ပွန်းသည်တွေရောပဲပေါ့
''ကံ'' အကျိုးပေးချိန်ရောက်လာပေမယ့်
အောက်ခြေက တက်လာသူပီပီ အရာရာကို စီစစ်သုံးစွဲမြဲပါပဲ
မလိုသုံး အပိုဖြုန်းတွေကို ရှောင်ကျဉ်ခဲ့သော်လည်း အထက်အောက်
ညီမဖြစ်သူ မိခက် ကိုတော့ အခြားညီမများမသိအောင်
ပိုမိုပံ့ပိုးပေးခဲ့တယ်
သူ ယူထားတဲ့ ယောကျာ်းကလည်း အလုပ်ရယ်လို့ မယ်မယ်ရရ မရှိ
ကျွန်မလုပ်ငန်းမှာလည်း ဝင်မကူ
စားဝတ်နေရေး မချောင်လည်ရှာဘူးလေ ငယ်စဉ်တည်းက
ဆွံ့အ နေတဲ့ ညီမဖြစ်သူကို အသနားပိုမိတာ မဆန်းပါဘူးနော်
အော်
မေ့သွားတယ် မိတ်ဆက်ပေးရအုံးမယ်
ကျွန်မနာမည်က ''သက်သက်'' ပါ အလတ်မက ''ခက်ခက်''
ငယ်စဉ်တည်းက နှုတ်ခမ်းကွဲ အာခေါင်ကွဲနဲ့ စကားမပြောတတ်ရှာဘူး
အငယ်ဆုံးက ''ထွေးထွေး'' သူက အမေရှိစဉ် မီးတွင်းထဲမှာတည်းက
ကိုယ်လက် အင်္ဂါတွေမှာ အနာကြီးတွေပေါက်ပြီး ယ္ခုထိ ပြည်တစိုစိုနဲ့
အနာကြီး ရောဂါသည်လိုပေါ့နော်
သူ့ကံလေးနဲ့သူ အိမ်ထောင်ကျတော့လည်း ကျွန်မက သူအနှိမ်ခံ
ဖြစ်မှာစိုးလို့ သူ့ယောကျာ်းကိုပါ အနီးကပ်ထားထားပြီး ကျွန်မအလုပ်မှာပဲ
အတူ လုပ်ကိုင်စေခဲ့ပါတယ်
ကျွန်မမှာလည်း အိမ်ထောင်နဲ့ပါ
ပြောရရင် အခုလို ကျွန်မစီးပွားရေးကောင်းလာအောင် ဒီယောကျာ်းနဲ့ပဲ
ဒိုးတူဘောင်ဘက် လုပ်ကိုင်စားလာခဲ့တာ ဆိုပါတော့
စီးပွားအုပ်ထိန်းသူက ကျွန်မပေါ့
ဒီလိုနဲ့
ညီမတတွေ အတူတူ စည်းစည်းလုံးလုံး ရှိလာခဲ့လိုက်တာ
တရက်ကျတော့ ကျွန်မ ငယ်ထိပ် မြွေပေါက်တော့တာပဲ
**************
''ဒ----ဒါ ဘာလုပ် နေကြတာလဲ ဟင် ''
ကျွန်မ အံ့သြလွန်း၍ စကားသံက အထစ်ထစ်အငေါ့ငေါ့
အများသူငါ ပြောနေကြတာ
သွေးထိုး စကားတွေပဲ ထင်ပြီး မယုံခဲ့တဲ့ ကျွန်မလေ
မြင်လိုက်ရတဲ့ မြင်ကွင်းအပေါ်မှာ မေ့လဲမသွားရုံ တမယ်ပါပဲ
ကျွန်မ အသံကြားမှ
ကျွန်မယောကျာ်းက အသိဝင်လာပုံနဲ့ ကုတင်ပေါ်က ဆင်းပြီး
ပုဆိုးကိုကောက်ဝတ်လိုက်တယ်
''မိန်းမရယ်
ကိုယ် တကယ် မရည်ရွယ်ပါဘူးကွာ ကိုယ်တောင်းပန်ပါတယ်''
ကျွန်မ ဘာမှ မပြောနိုင်ပါ ဝမ်းနည်းတာလား ခံပြင်းတာလားမသိတဲ့
မျက်ရည်တွေပဲ တွင်တွင်စီးကျနေပါတယ်
ယ္ခုအချိန်ထိ ကုတင်ပေါ်မှာ ကိုယ်လုံးတီးရှိနေတဲ့ ကျွန်မရဲ့ညီမ
''ခက်ခက်'' ကို ဆက်မကြည့်ချင်တော့တာနဲ့ အခန်းအပြင်ကို
ထွက်လာခဲ့လိုက်တော့တယ်
ကျွန်မ ဘာများ မှားသွားခဲ့လဲ ဟင်
*************
''ဒီကိစ္စကို
အကျယ် အကျယ် မလုပ်ချင်ဘူး မသက်
သူက မသက်ရဲ့ ညီမဆိုပေမယ့် ကျုပ်မိန်းမဗျ မသက်ယောကျာ်းကို
တရားစွဲလို့ရတယ်နော်''
ညီမဖြစ်သူ၏ ယောကျာ်းဆီက မထင်မှတ်တဲ့ စကားကိုကြားလိုက်ရတဲ့
ကျွန်မလေ
ဘာစကားမှ ပြန်မပြောနိုင်ခဲ့ပါ
''မင်းမိန်းမက ငါ့ကိုမြှူဆွယ်ပြီး ချူနေခဲ့တာရော ထည့်မပြောတော့ဘူးလား''
ကျွန်မ ယောကျာ်းက ခံပြင်းစွာ ဝင်ပြောသည်
-----အလိုလေး---- ဘုရား---ဘုရား--- ဒ--- ဒါဆို --- ဒီလိုတွေ
ဖြစ်နေကြတာ ---- ဒီ တစ်ကြိမ်တည်း မဟုတ်ဘူးပေါ့----
''ဒါက မင်းညံ့လို့ မင်းခံရတာလေကွာ ဒီ အအမ မြှူဆွယ်တာကို
မင်းခံရတာ ဂုဏ်ယူချင်နေလို့လား''
''ဘာကွ
မင်းနဲ့လည်း တခါ ပက်ပင်းတိုးဖူးတာပဲ မင်းဘာပြောခဲ့လဲ
ဟေ့ကောင်''
''တော်ကြပါတော့ တော်ကြပါ အခြားတစိမ်းတွေလည်း မဟုတ်ဘူး
ကျွန်မ ရှက်လို့ သေတော့မယ်''
သူတို့ အပြန်အလှန်ပြောစကားတွေကို ဆက်ပြီးနားထောင်ဖို့
ကျွန်မမှာ အင်အားမရှိတော့
အသံကုန် ကျုံးအော်ပစ်လိုက်မိသည်
ယောကျာ်းနှစ်ယောက်၏ စကားသံ အတန်ငယ်တိတ်ဆိတ်သွားသည်
တိတ်ဆိတ်မှုမှာ ကြာရှည်မရှိခဲ့
ကျွန်မတို့ စကားဝိုင်းထဲ ဝင်လာသူက ''ခက်ခက်''
သူမ၏ ဒေါသကို သူမ၏ ခြေလှမ်းအရ အဝေးမှပင် မြင်နေရသည်
''------------------------''
ကျွန်မရှေ့အရောက် ခါးထောက်ကာ ခြေဟန်လက်ဟန်နဲ့ ပြောနေတဲ့
သူမ စကားကို ကျွန်မပဲနားလည်သည်လေ
ကျွန်မ အံ့သြလိုက်ပုံများ
တဏှာရဲ့ အစွမ်းတွေကို ခုမှနားလည် သဘောပေါက်မိသလို
ရှိလာတယ်
သူမ ပြောနေတာက
ကျွန်မ ယောကျာ်းကိုကွာပေးပြီး ကျွန်မ အိမ်ပေါ်ကဆင်းသွားပါတဲ့
သူက
သူ့ ယောကျာ်းကိုရော ကျွန်မယောကျာ်းကိုပါ မစွန့်လွှတ်နိုင်ဘူးတဲ့
ရှိနေတဲ့ စီးပွားကိုပါ ပေးအပ်ရမယ်တဲ့
ကျွန်မ အဲ့ဒီနေရာမှာပဲ သေသွားဖို့ ဆုတောင်းမိတယ်
စီးပွားရေးကိုပဲ ဦးစီးပြီး လောဘကြီးခဲ့တဲ့ကျွန်မလေ အိမ်ထောင့်
တာဝန်တွေကို အဲ့ဒီလောက်ထိ လစ်ဟင်းခဲ့မိသလား
ကျွန်မ လုပ်နေတာတွေက
ဒီ လူစဉ်မမီတဲ့ ညီမတွေကို လူအထင်သေးမခံရအောင်
မျက်နှာမငယ်ရအောင် လုပ်နေတာပါ
ကျွန်မ မိသားစုအတွက်က ပူစရာမလိုခဲ့ သန်စွမ်းကျန်းမာသော
ကျွန်မနဲ့ ကျွန်မယောကျာ်းက အချိန်မရွေး အောက်ခြေကနေ
ပြန်စနိုင်ပါတယ်
ကျွန်မ ညီမရဲ့ စကားကြောင့်
ယောကျာ်း နှစ်ယောက်လုံး ငြိမ်သက်နေကြတာတော့ ကျွန်မ
လက်ခံမိတယ်
သူမ ပြောသလို ကျွန်မ လုပ်ပေးလိုက်ရမလား
*************
''ကဲ
သက်သက်ရေ ငါက လူကြီးပီပီ ကြားဝင်ပေးရတာဆိုတော့
ငါ့ကိုတော့ တမျိုးမမြင်စေချင်ဘူး
တဖက်က ညီမအရင်းနော် ညည်းမမွေးရုံတမယ်ပဲ ညည်းသမီးဆိုလည်း
မမှားဘူး
သူ့ဘဝ ဒိထက် နစ်မသွားစေဖို့နဲ့ ပတ်ဝန်းကျင်မှာ လူကဲ့ရဲ့မခံရ
စေဖို့ အဖက်ဖက်ကနေ စဉ်းစားပါ ညည်းလည်း ပတ်ဝန်းရဲ့
အကဲ့ရဲ့ခံ လွတ်အောင် ငါ ဒီလို စဉ်းစားထားတယ်''
''ဟုတ်ကဲ့ အရီး ပြောပါ
ကျွန်မတော့ ဘာမှကို စဉ်းစားလို့မရပါဘူး အရီးရယ်''
အိမ်တွင် အိမ်အကူအဖြစ် ခေါ်ထားခဲ့သော ရွာမှ အမျိုးနီးစပ်တော်သူ
အရီး၏ ပြောစကားကြောင့် ကျွန်မလည်း ရေနစ်သူပမာ
မြက်ပင်ကို ဆွဲလိုက်မိသည်
''ညည်းညီမ ခက်ခက်က
မေတ္တာထက် ''ငွေ'' ပဲလိုချင်တာ အစတည်းက ညည်းရဲ့ပိုင်ဆိုင်မှုကို
လက်ဝါးကြီးအုပ်ချင်လို့ သူ့ယောကျာ်း ငပျင်းနဲ့ လက်ဝါးချင်း
ရိုက်ခဲ့တာလို့ အရီးထင်တယ်''
''ကျွန်မတော့ မထင်ရက်ခဲ့ဘူး အရီးရယ်''
''ဒါက
ညီမ အရင်းကိုးအေ့ ငါတို့က ပွဲကြည့်ပရိတ်သတ်ဆိုတော့
ပိုမြင်တယ်
မနေ့ညက ငါကြားမိတာတော့ ညည်းဘက်က ငွေပေးရင်
သူတို့ ထွက်သွားမယ်ဆိုလားပဲ''
''အရီးရယ်
ကျွန်မ မိဘတွေက ကျွန်မတို့ ငယ်စဉ်တည်းက ဆုံးပါးသွားခဲ့တာပါ
ဒီ လူတောမတိုး လူစဉ်မမှီတဲ့ ညီမတွေကို ကျွန်မပဲ ပြုစုစောင့်
ရှောက်ခဲ့တာပါ
မိဘအမွေဆိုရင် ခွဲရမှာပေါ့ ဒါက ကျွန်မလက်ထက်ပွားလေ''
''ညည်းတို့ ဘဝလေးတွေ
အခြေမပျက်ရအောင် အကြံပေးကြည့်တာပါအေ မျက်နှာလွှဲ
ခဲပစ်တော့ မလုပ်နဲ့နော် ဘေးလူ ဝမ်းသာနေမယ်
ထိန်းထိန်းသိမ်းသိမ်းလေး လုပ်ကြ''
ကျွန်မကို အကြံပေးလာသော အရီးရဲ့စကားကို ကျွန်မ မပယ်ရှားပါ
ကြားလူ သုံးပြီး
ကျွန်မ ညီမနဲ့ ညှိနှိုင်းလိုက်ပါတယ်
သူတို့တောင်းတာက သိန်းနှစ်ဆယ်ပါ
(လွန်ခဲ့သော ၇ နှစ်ခန့်က သိန်းနှစ်ဆယ်နော် မြေရော အိမ်ပါ
ဝယ်လို့ရတယ်)
ကျွန်မက ရှိနေပူရသေး ကုန်မှအေး သဘောနဲ့ တောင်းသလောက်
ပေးမယ် ပြောခဲ့ပေမယ့် ကြားကလူကြီးတွေရဲ့ ညှိနှိုင်းမှုကြောင့်
( ၁၁ ) သိန်းနဲ့ပဲ
ကိစ္စက ပြီးပြတ်သွားခဲ့ပါတယ်
ငွေ ( ၁၁ ) သိန်းနဲ့ ကျွန်မ ကလေးတွေရဲ့ ''အဖေ'' ခေါ်ပိုင်ခွင့်ကို
ဝယ်ယူပေးလိုက်တယ်
ကျွန်မရဲ့ ''ဝန်'' တခု လျော့သွားခဲ့ပါပြီ ကလေးတွေရဲ့ အဖေကလည်း
တော်တော်လေး အပိုးကျိုးနေခဲ့ပြီ ဆိုရမှာပေါ့
*************
''မိန်းမရေ ယောကျာ်းတို့ ---------------မှာ ----- သွားစားရအောင်''
''------------------''
ငွေထုတ်ပိုက်ကာ ဆင်းလာခဲ့သော ခက်ခက်တို့ လင်မယားမှာ
အိမ်ရယ် ဝိုင်းရယ်လို့ မဝယ်ပဲ အငှားဘဝနှင့်
ငွေကုန်အောင် ဖြုန်းကာ အပျော်ကြီး ပျော်နေကြသည်
''ပါနီ ထဲက ရေ ပါနီ ထဲပဲ သွားမှာပဲ'' ဆိုတဲ့ လူကြီးသူမတွေရဲ့
ဆိုစကားအရ
ထိုငွေ ( ၁၁ ) သိန်းမှာ တလပင် မခံပါ
ခက်ခက်လည်း မျက်နှာ မသာယာတော့ သူမ၏ ယောကျာ်းငပျင်းလည်း
အေးဆေး မနေနိုင်တော့ပေ
အချိန်ရှိတိုင်း
လမ်းထိပ်မှ ကဖေးတွင်ထိုင်ပြီး လူပျော်ကြီးလိုလို သူဋ္ဌေးလိုလို
ဂိုက်ဖမ်းကာ လာသမျှလူကိုလည်း ဒကာမခံနိုင်တော့
''ဟေ့လူကြီး
ဘာတွေ မှိုင်နေတာတုန်းဗျ ချစမ်းပါ တိုင်ကီတခွက်လောက်
ကျုပ်ရှင်းပါ့မယ်''
''အဲ့ဒါထက် မင်း အဲ့ဒီကားမောင်းတာ အဆင်ပြေလား''
''လမ်းကြိတ်စက်မောင်းတာလား အလုပ်ရှိရင်တော့
ဆီလေး ဘာလေး ခိုးထုတ်ရောင်းရတာ ပြေပါတယ်ဗျာ နို့မို့ လစာနဲ့က
ဘယ်လို ရပ်တည်မလဲဗျ အိမ်က မိန်းမက လည်ဝယ်လို့
ပါးစပ် ယင်မမောင်းရတာဗျိုးးးး
ဟာ
ဟေ့လူ ဘာလုပ်မလို့တုန်း ကျုပ် သော့ခတ်ထားခဲ့တာကို''
''ငါလည်း
စမ်းပြီး မောင်းကြည့်မလို့ပါကွာ သော့ခတ်ထားတာပဲ
ဘာမှ မဖြစ်ပါဘူးကွ ဒီမောင်းတန်ကို ဒီလိုလုပ်ရမှာမို့လား
ကားမောင်းတာနဲ့ အတူတူပါပဲကွာ
ဟာ----- ဟ--- ဟ --- လုပ်ကြပါအုံးးးးး အ--မ--လေးးးး''
''ဘုန်း''
ခက်ခက်၏ ယောကျာ်းမှာ လမ်းကြိတ်စက်၏ မောင်းတန်ကိုကိုင်ကာ
လီဗာကို နင်းမိရာမှ
ထိုင်နေဆဲ မောင်းသူထိုင်ခုံမှာ ကြွတက်လာပြီး လက်ကိုင်ဂွေကို
ကျော်ကာ ရှေ့သို့ အားလွန်ကျသွားခဲ့သည်
လမ်းကြိတ်စက် ကားကြီးရှေ့တွင် ဘုန်းကနဲ ဆန့်ဆန့်ကြီးဖြစ်နေသည်
မထင်မှတ်သော အဖြစ်ပျက်ကြောင့်
လူအများက မင်သက်စွာကြည့်နေစဉ်မှာပဲ
''ဂျုန်းးးးး ဂျုန်းးး ဒလိမ်း----- ဒလိမ်း----- ဂျိမ်းးးး ဝေါ----''
''ဟာ----- လုပ်ကြပါအုံး
ကားက သွသူ စက်နိုးသွာပြီ ထိန်းကြပါအုံးးး''
လူအများ၏ အော်သံကြောင့်
ထို ယာဉ်မောင်းသူမှာ လက်ဖက်ရည်သောက်နေရာမှ ထကာ
အပြေးအလွှား ယာဉ်ပေါ်သို့ တက်ပြီး ထိန်းပါသော်လည်း
မမှီတော့
ခက်ခက်၏ ယောကျာ်းအား ကြိတ်မိပြီးနောက် အလိုအလျောက်
စက်ရပ်သွားခဲ့သည်
ခက်ခက်၏ ယောကျာ်းအား လိမ်းကြိတ်ဘီးလုံးကြီးအောက်မှ
ဆွဲထုတ်ရန် စက်နှိုးပါသော်လည်း လုံးဝ နှိုးမရခဲ့
နေ့လည်ခင်းတွင်
ဖြစ်သွားသောအဖြစ်အပျက်၏ အဆုံးမှာ ညဘက် ( ၁၂ ) နာရီထိ
ရှိနေခဲ့ပြီ
မတတ်သာသည့်အဆုံး
ထို ယာဉ်ကြီးအား ဆိုင်ရာပိုင်ရာသို့ အပ်ကာ ပွဲပေးပြီး စက်ကို
နှိုးရန် ကြိုးစားသော်လည်း မရပေ
ခက်ခက်၏ ယောကျာ်းခန္ဓကိုယ်ပေါ်မှ တရွေးသားမျှပင် မရွေ့ခဲ့
မနက် ဝေလီဝေလင်း အချိန်မှပင် စက်နှိုးရန်မလိုပဲ အလိုလျောက်
မောင်းထွက်သွားသော ထို လမ်းကြိတ်စက်ကြီး၏ အဖြစ်ကို
ယ္ခုအချိန်ထိ
မည်သူမျှ အတိအကျ မပြောပြနိုင်ခဲ့ပါ
**************
မျက်စိတမှိတ်
လျှပ်တပျက်မျှသာ
ရေပွက်ပမာ
တည်ရှိ ခန္ဓာ
မိုက်မှား ခန
ကိုယ်စားမရ ကိုယ်သာခံရ
ကိုယ်ပြုသည့် ''ကံ'' ကိုယ်သာ ''ခံ''
*************
(ပြီးပါပြီ)
စာကြွင်း ။ ။ ယောကျာ်းဖြစ်သူ၏ ဖြစ်အင်ကို မျက်မြင်ကိုယ်တွေ့
တွေ့လိုက်ရသော ခက်ခက်မှာ စိတ် ကစင့်ကလျား
ဖြစ်သွားသောကြောင့် အမကြီးဖြစ်သူ
သက်သက်ထံတွင် ယ္ခုအချိန်ထိ ရှိနေပါကြောင်း
ရင်နှင့် လွယ်မမွေးရပေမယ့် အမကြီး အမိရာ ပီသသော
အမကြီး''သက်သက်'' ဟု ယ္ခုစာတွင်နာမည်ပေးထားသော
အမကြီးရေ
အမရဲ့ စိတ်ဓာတ်ကို လေးစားပါတယ်
ကျွန်တော့်ရဲ့ စာဖတ်သူတွေကို ''မဟုတ်တာလုပ်ရင် မဟပ်တာ
ဖြစ်တတ်တယ်'' ဆိုတဲ့ အသိလေး ရစေချင်လို့ ရေးလိုက်မိပါတယ်
ခွင့်ပြုပေးပါနော်
Zar Zar Win
ရာရာ

Comments
Post a Comment