" ကျောက်ပန်းခက်မှာ သစ္စာပြု၍ စာရေးခဲ့သည် "
……………………………………………………………………………………
မှောင်ရီပျိုးတော့မည့်ညနေခင်းကောင်းကင်သည်တိမ်စိုင်အစု
အဖွဲ့များဖြင့်အုံ့ဆိုင်းမိုင်းညို့နေပေသည်။မိုးသက်လေသည်
ကျယ်ပြောနက်ရိုင်းသည့်နွယ်ရိုင်းချောင်းအားရေဂယက်ငယ်
လေးများ၊လိုင်းကြက်ခွပ်လေးများဖြစ်ပေါ်အောင်အသက်သွင်းလို့နေပြန်၏။နွယ်ရိုင်းချောင်းစပ်နှင့်ပတ်ဝန်းကျင်တစ်ခုလုံးတွင်မူချမ်းစိမ့်သောအအေးဓာတ်များပိုမိုအဆကဲလွှမ်းခြုံလာလေ
သည်။
" အား … … … … … … … "
ထိုစဉ်တစ်စုံတစ်ယောက်သည်ရာသီဥတု၏မကောင်းသော
လက္ခဏာများကိုစိတ်ထဲရှိပုံမရ။နွယ်ရိုင်းချောင်း၏တစ်ဖက်
ကမ်းစပ်မှခြေစုံရပ်၍ကျန်တစ်ဖက်ကမ်းရှိအမျိုးသမီးသဏ္ဍာန်
ကျောက်သားနေရာသို့မျှော်ငေးကြည့်နေလေ၏။၎င်း၏နုမျစ်
သောမျက်နှာသည်အလွန်ဝမ်းနည်းပူဆွေးနေဟန်ရှိပြီးပါးပြင်တစ်လျှောက်မျက်ရည်များသွင်သွင်စီးကျလျက်ရုတ်တရက်အားကုန်အော်ဟစ်လိုက်ရာလူသူကင်းမဲ့သောပတ်ဝန်းကျင်၌မိုးသံ၊လေသံ၊အော်သံများရောထွေးပဲ့တင်ထပ်သွားလေသည်။
……………………………………………………………………………………
မိုးဆွေဟူသောတောင်ပေါ်တွင်ရွာငယ်၁၄ရွာပေါင်းစည်းထား
သည့်မိုးဝိုင်းကြီးရွာတည်ရှိ၏။ထိုတောင်ခြေရှိနွယ်ရိုင်းချောင်း
တစ်ဖက်ကမ်း၊သရက်တောအလွန်၌မူကျောက်ပန်းခက်ရွာလေးတည်ရှိလေသည်။နွယ်ရိုင်းချောင်းသည်မိုးဆွေတောင်ပေါ်ရှိ
တောင်ကျရေများမှဖြစ်တည်နေခြင်းဖြစ်ပြီးအလွန်အမင်းရေစီးသန်သကဲ့သို့ကျယ်ပြောနက်ရိုင်းလှ၏။ရွာနှစ်ရွာလမ်းခရီး
အတွက်ချောင်းကိုဖြတ်ရန်လှေငယ်များကိုအသုံးပြုကြပြီး
တောင်ပေါ်မှမိုးညို့လာလျှင်မူချောင်းအားဖြတ်သွားဖြတ်လာ
မပြုကြ။ထို့အပြင်ချောင်းကမ်းစပ်ဘေးရှိကျောက်တုံးကျောက်
ဆောင်အကြီးအသေးများမှာလည်းသဘာဝအလျောက်ပုံသဏ္ဍာန်အမျိုးမျိုးဖြင့်အံ့သြဖွယ်ရာရှိလို့နေပြန်သေးသည်။
" ရွာသူရွာသားတို့ … ကျုပ်ဒီနေ့ပြောချင်တဲ့ကိစ္စက …
ရွာဦးကျောင်းဆောင်နဲ့ဓမ္မာရုံအသစ်ဆောက်ခြင်းပဲ …
ရွာထဲကအလှူငွေတွေနဲ့ … အရမ်းအိုမင်းနေတဲ့ကျောင်း
ဆောင်တွေကိုအကုန်ဖျက်ပြီး … အသစ်ပြန်ဆောက်တုန်း
ဦးစီးတဲ့ဆရာကြီးကဆုံးပါးသွားတာကိုလည်းအားလုံးအသိပဲ …
ဒါကြောင့်ဒီမနက်မှာ … ကျုပ်နဲ့ဖိုးမှဲ့ မိုးဝိုင်းကြီးကိုလက်သမား
ဆရာသွားရှာတာ … မရခဲ့ဘူး … မိုးအကူးကာလဆိုတော့
အိမ်သစ်တွေဆောက် … အိမ်ဟောင်းတွေပြင်နဲ့ဘယ်သူမှ
မအားလပ်ကြဘူး … သူတို့ကိစ္စအပြီးထိစောင့်ရင်လည်း …
တို့ရွာဦးကျောင်းကကိုယ်တော်တွေဒုက္ခများလှတယ် … ဒီတော့
နောက်ဆုံးနည်းလမ်းက … ဆရာတော်ရဲ့ဒကာရင်းဖြစ်တဲ့
မြို့ကလက်သမားဆရာကြီးဆီသွားကြဖို့ပဲ … အားလုံးဘယ်လို
သဘောရလဲ … "
" သူကြီးစီစဉ်တာကောင်းပါတယ်ဗျာ … "
" ဟုတ်ပါ့ရှင် … ဒီလိုပဲလုပ်ရမယ် … "
" ထောက်ခံပါတယ် … သူကြီး … "
ကျောက်ပန်းခက်ရွာသူကြီးဦးအောင်မိုင်း၏စကားအားရွာသူရွာ
သားများမှဝိုင်းဝန်းထောက်ခံကြပြီးများမကြာမှီတွင်အစည်းအဝေးပွဲအားအဆုံးသတ်လိုက်လေသည်။ထို့နောက်တွင်မူ
ရွာသူကြီးဦးအောင်မိုင်းနှင့်၎င်း၏တပည့်ကျော်ဖိုးမှဲ့တို့သည်
မြို့သို့သွား၍လက်သမားဆရာကြီးထံသို့အလုပ်အပ်ရန်အလျင်
အမြန်စီစဉ်ခဲ့ကြတော့သည်။
……………………………………………………………………………………
" အိမ်ရှင်တို့ … အိမ်ရှင်တို့ … ကလင် … ကလင် "
ကျောက်ပန်းခက်ရွာသူကြီးဦးအောင်မိုင်းသည်မကျဉ်းမကျယ်ခြံဝန်းလေးထဲရှိပျဉ်ထောင်အိမ်လေးဆီသို့ရည်ရွယ်အသံပြုရင်း
ခြံရှေ့တံခါး၌ချိတ်ထားသောလူခေါ်ခေါင်းလောင်းလေးအား
လူပ်ကိုင်လိုက်လေသည်။ထိုအခါသပ်ရပ်သောအိမ်ငယ်လေး
ထဲမှရုပ်ရည်အရပ်အမောင်းကောင်းမွန်သည့်လူငယ်တစ်ဦး
ထွက်လာ၏။
"သြော် .. ဧည့်သည်တွေပါလား၊ဘာကိစ္စများရှိလို့ပါလဲခင်ဗျာ"
" ဦးကြီးတို့က … ကျောက်ပန်းခက်ရွာကပါ … ဒီအိမ်က
လက်သမားဆရာကြီးဦးရွှေထက်အိမ်ဟုတ်တယ်မလားကွဲ့ .. "
" ဟုတ်ပါတယ်ခင်ဗျ … အိမ်ထဲကြွပါဦး … ကျောက်ပန်းခက်က
ဆရာတော်ဘုရားနဲ့အဖေက … သိပ်ရင်းနှီးတာလေ … "
စကားပြောဆိုအပြီးတွင်လူငယ်သည်ခြံတံခါးဖွင့်ပြီးဦးအောင်
မိုင်းနှင့်ဖိုးမှဲ့တို့အားအိမ်ထဲသို့ခေါ်ဆောင်လာခဲ့၏။ဦးအောင်
မိုင်းတို့နှစ်ယောက်အိမ်ထဲရှိဧည့်ခန်းငယ်၌နေရာယူလျက်လူ
ငယ်ဧည့်ခံကျွေးမွေးသောလက်ဖက်နှင့်ရေနွေးကြမ်းအားစားသုံးနေစဉ်အိမ်အတွင်းခန်းမှဦးရွှေထက်ထွက်လာလေသည်။
" နောင်ကြီးတို့က … ကျောက်ပန်းခက်ကဆို … ဆရာတော်
ဘုရားက … ဘာတွေအမှာပါးလိုက်သေးလဲဗျ … "
ဦးရွှေထက်မှထိုသို့စကားစလေလျှင်ဦးအောင်မိုင်းသည်လည်း
ရွာမှဤအိမ်သို့ရောက်လာရသည့်အကြောင်းရင်းအားဖြစ်
ကြောင်းကုန်စင်ရှင်းပြလိုက်လေသည်။ထိုအခါဦးရွှေထက်မျက်
နှာပေါ်၌ဝမ်းနည်းရိပ်များကိုအတိုင်းသားမြင်နေကြရ၏။ဦး
ရွှေထက်တစ်ယောက်စကားပြီးသည်နှင့်သက်ပြင်းရှည်တစ်ချက်
မူတ်ထုတ်ကာဤသို့ပြောလေသည်။
" နောင်ကြီးတို့ပြောတာကြားရတော့ တကယ်စိတ်မကောင်းဖြစ်မိရတယ် … ဒါပေမဲ့ … လောလောဆယ် … ကျုပ်ကခါးနာရော
ဂါကြောင့်အလုပ်ကောင်းကောင်းမလုပ်နိုင်တော့တာကြာပါပြီ
ဗျာ … ဆရာတော်ဘုရားကိုလည်းသေချာလျှောက်ပေးပါဦး
နောင်ကြီးပြောတဲ့အလုပ်ကိစ္စကို … ကျုပ်သား ရေချမ်းနဲ့
လွှဲပေးပါ့မယ် … အလုပ်သမားအဖွဲ့လည်းအဆင်သင့်ရှိပါတယ်
နောင်ကြီးတို့စိတ်မပူပါနဲ့တော့ … "
ဦးရွှေထက်အဖြေကြောင့်ဦးအောင်မိုင်းတို့အလွန်ဝမ်းမြောက်ရ
၏။လေးဦးသားဝိုင်းဖွဲ့ကာစကားစမြည်ပြောရင်းအလုပ်ကိစ္စအသေးစိတ်အားဆွေးနွေးကြလေသည်။
" ကဲ … နောင်ကြီးတို့ဒီညတော့ … ကျုပ်တို့အိမ်မှာပဲ … အိပ်
လိုက်ကြပါ … မနက်ဖြန်လိုအပ်တဲ့ပစ္စည်းတွေကိုစီစဉ်ပြီး …
သဘက်ခါမနက်ကျမှရေချမ်းတို့အဖွဲ့နဲ့အတူ … ရွာကိုပြန်ကြပါ"
ဦးရွှေထက်၏စီမံခန့်ခွဲမှုအားဦးအောင်မိုင်းတို့သဘောတူကြ၏။
ရေချမ်းတစ်ယောက်ဖခင်အားစိတ်မချကြောင်းပြောသောအခါ
ဖခင်မှနောက်ဆံမတင်းရန်မှာကြားပြန်သည်။ထို့နောက်ရေချမ်းမှာအဖွဲ့သားများအားအလုပ်ကိစ္စရှိကြောင်းအသိပေးရန်အပြင်သို့ထွက်သွားလေ၏။ဦးရွှေထက်တို့လူကြီးစကားဝိုင်းလေးမှာကားအဆက်မပြတ်။ရယ်မောသံများဖြင့်ရင်းနှီးဝေဆာလျက်။
…………………………………………………………………………………
မြေသင်းနံ့မကင်းသောလေနုအေးများညင်းသွဲ့သွဲ့တိုက်ခတ်
နေကြ၏။မနက်၈နာရီထိုးခါနီးပြီဖြစ်သော်လည်းထူထဲသော
တိမ်တိုက်မည်းများထဲမှနေမင်းသည်လည်းအရှိန်အဝါမကောင်းလှ။အုံ့မိုင်းညင်းသိုးသည့်မနက်ခင်းပေတည်း။
" နောင်ကြီးတို့အဆင်သင့်ဖြစ်ရင် … စထွက်လိုက်ရအောင်ဗျ …
ရေချမ်းတို့လည်းအဆင်သင့်ဖြစ်ပါပြီ … "
ဦးရွှေထက်မှထိုသို့ပြောလိုက်လျှင်ဦးအောင်မိုင်းအပါအဝင်လူ
၇ယောက်ရှိသောအဖွဲ့သည်ပျဉ်ထောင်အိမ်ငယ်လေးအတွင်းမှ
ခြံပြင်သို့ထွက်ခွာပြီးခရီးစတင်ကြ၏။ဦးရွှေထက်သည်ကား
ဇရာဖိစီးသောမျက်နှာတွင်တည်ငြိမ်သောအပြုံးတစ်ခုကိုဆောင်
လျက်ထွက်ခွာသွားသောကျောပြင်များအားအိမ်ထဲမှလှမ်း
ကြည့်ကာကျန်ရစ်ခဲ့တော့သည်။
………………………………………………………………………………
" မောနေပြီလားငါ့တူ … "
" မောတော့မောတယ်ဦးကြီးရေ … ဒီမိုးဆွေတောင်ကြီးကို
မြို့ကနေလှမ်းမြင်နေရပေမဲ့ … အခုမှရောက်ဖူးတာပဲ …
တော်တော်တော့သာယာတယ်ဗျာ … "
ဦးအောင်မိုင်း၏အမေးကိုရေချမ်းမှသွက်လက်စွာဖြေဆိုလိုက်
ပြီးကျန်အဖွဲ့သားများသည်မိုးဝိုင်းကြီးရွာအဝင်တောင်ထိပ်ပေါ်မှနေ၍မူန်ရီရီဖြစ်နေသည့်၎င်းတို့၏မြို့ငယ်လေးအားလှမ်း
ကြည့်နေကြလေသည်။ထို့နောက်တွင်မူမိုးဝိုင်းကြီးရွာအားဖြတ်ကာတောင်အောက်သို့ဆင်းလာပြီးနွယ်ရိုင်းချောင်းသို့ရောက်လာကြ၏။ထူးခြားသည့်ကျောက်သားကျောက်ဆောင်များအားရေချမ်းတို့အဖွဲ့အံ့သြမှင်တက်နေမိလေသည်။
" မောင်ရေချမ်းတို့ရေ … တစ်ဖက်ကမ်းကသရက်တောလေး
ဖြတ်ပြီးရင်တော့ … ဦးလေးတို့ရွာကိုရောက်ပါပြီ … မိုးမရွာတာ
တို့ကံကောင်းတယ်ကွာ … "
ဦးအောင်မိုင်းသည်ထိုသို့ပြောပြီးလျှင်ကမ်း၌ကပ်ထားသော
လှေငယ်တစ်စီးအားငုတ်တိုင်မှကြိုးဖြည်၏။ဖိုးမှဲ့သည်လည်း
ကျန်လှေတစ်စီးအားကြိုးဖြည်လေသည်။ထို့နောက်လှေပေါ်
သို့လူခွဲတက်စေပြီးတစ်ဖက်ကမ်းသို့ကူးခတ်ကြ၏။ရေချမ်းတို့အဖွဲ့သည်ကားနွယ်ရိုင်းချောင်း၏သဘာဝအလှပေါ်၌စီးဝင်
နစ်မျောလျက်။
…………………………………………………………………………………
" သူကြီးပြန်လာပြီဟေ့ … မယ်သီရေ … "
အဒေါ်ဖြစ်သူဒေါ်နုနှင့်အတူဟင်းချက်စရာကူပြင်ပေးနေသော
ဦးအောင်မိုင်း၏တစ်ဦးတည်းသောမိတဆိုးသမီးလေးသီရိ
တစ်ယောက်မီးဖိုဆောင်အတွင်းမှအိမ်ပြင်သို့အပြေးလေးထွက်
ကြည့်၏။
" အဖေ … "
သီရိသည်ညအိပ်ခရီးမထွက်ဖူးသောဖခင်ကိုအထူးစိတ်ပူရင်း
အိမ်၌ကျန်ရစ်ခဲ့ရခြင်းဖြစ်၏။ဖခင်ကိုမြင်လိုက်ရသောအခါ
အပူအပင်ကင်းသောကလေးငယ်ကဲ့သို့ပျော်မြူးနေပေသည်။
သီရိသည်ဧည့်သည်များပါလာသည့်အတွက်အပျော်ရှိန်သတ်
လိုက်ကာဖခင်နောက်သို့ပုန်းကွယ်ရပ်နေ၏။ထိုအခါဖခင်မှ
ညီမဖြစ်သူဒေါ်နုအားဧည့်သည်များအတွက်နေရာချထားပေး
ရန်အော်ခေါ်လိုက်လေသည်။
" မိနုရေ … ဒီမှာဧည့်သည်တွေပါလာတယ် … နင်နေရာချပေး
လိုက်ဦး … တစ်ခါတည်းမိတ်ဆက်ပေးဦးမယ် … "
ဦးအောင်မိုင်းသည်ဧည့်သည်များနှင့်အိမ်သားနှစ်ယောက်အား
နာမည်နှင့်တကွမိတ်ဆက်ပေးလေသည်။ပြီးလျှင်ဒေါ်နုဦး
ဆောင်သောနောက်သို့ဧည့်သည်၎ယောက်လိုက်ပါသွား၏။ထို့နောက်ဦးအောင်မိုင်းသည်လည်းအနားယူမည်ဖြစ်ကြောင်းသမီးဖြစ်သူသီရိအားပြောကြားကာနှစ်ထပ်ပျဉ်ထောင်အိမ်ကြီး
ပေါ်သို့တက်သွားလေသည်။သီရိသည်ကားအဒေါ်ချက်လက်စ
ဟင်းအိုးအားဆက်ချက်ရန်မီးဖိုထဲပြန်ဝင်သွား၏။ဖိုးမှဲ့သည်
လည်းအိမ်အနောက်ဖက်မှသူ၏အိမ်ငယ်လေးဆီသို့အသီးသီးထွက်ခွာကြကုန်လေသည်။
………………………………………………………………………………
မိုးအဆက်မပြတ်ရွာနေ၏။၇ရက်ဆက်တိုက်ရွာလိုက်သည့်မိုးအတော်နှင့်မတိတ်။ရွာဦးကျောင်းဆောက်ရန်လည်းအလုပ်မစရသေး။ရေချမ်းတို့အဖွဲ့နားနေရပြန်သည်။ထို့အပြင်ကျောက်
ပန်းခက်ရွာသူကြီးဦးအောင်မိုင်းသည်ရွာသူရွာသားများအပေါ်
သြဇာညောင်း၏။၎င်းသည်လယ်ယာလုပ်ငန်းများစွာကိုပိုင်ဆိုင်သည့်အပြင်ငွေတိုးပေးခြင်းအလုပ်ကိုလည်းလုပ်ကိုင်ပြီးငွေနှင့် ပက်သက်လာလျှင်မည်သည့်ကိစ္စမဆိုအားမနာတတ်။အလွန်
စည်းကမ်းကြီးလေသည်။ထို့ကြောင့်ရေချမ်းတို့အဖွဲ့နေထိုင်ရ
သည်မှာလွန်စွာအားတုံ့အားနာဖြစ်မိနေတော့သည်။
" မိုးကလည်းကောင်းတယ်ကွာ … ဒီနေ့မှ … တိတ်တော့တယ်ဟိုမှာအဖေတစ်ယောက်တည်း … အဆင်ပြေပါ့မလားမသိဘူး "
" ပြေမှာပါကွာ … မင်းလည်းအားလုံးစီစဉ်ပေးခဲ့တာပဲ …
မဟုတ်လား … "
ရေချမ်း၏ညည်းညူခြင်းကိုဒီပါနှစ်သိမ့်စကားပြော၏။ထိုအခါ
ကျန်နှစ်ယောက်ဖြစ်သည့်ဆန်းလင်းနှင့်ဟန်မင်းသည်လည်း
စိတ်မကောင်းဖြစ်နေကြလေသည်။
" ကိုရေချမ်း … နေ့လည်စာစားရအောင် … သူကြီးကခေါ်ခိုင်း
လိုက်လို့ပါ … "
" ဟုတ်ကဲ့ … ကိုမှဲ့ … ကျွန်တော်တို့လာခဲ့ပါ့မယ် … "
ဖိုးမှဲ့ထမင်းစားရန်လာခေါ်သောကြောင့်ရေချမ်းတို့အဖွဲ့တည်းခို
ရာအဆောင်ငယ်မှထွက်လာခဲ့ကြ၏။ထို့နောက်ထမင်းစား
သောက်ပြီးချိန်တွင်ဧည့်ခန်း၌ထိုင်နေသောဦးအောင်မိုင်းနှင့်
အတော်ကြာသည်အထိစကားပြောဖြစ်ကြလေသည်။
" ဒီနေ့တော့ … ရာသီဥတုကောင်းနေပြီဦးလေး… မနက်ဖြန်ကျ
အလုပ်စလိုက်တော့မယ် … ဦးလေးကိုလည်းအားနာလို့ပါ … "
" အလုပ်ကတော့အလျင်လိုနေတာအမှန်ပဲကွာ … ဒါဖြင့်
မနက်ဖြန်စကြတာပေါ့ … "
ဦးအောင်မိုင်း၏အလုပ်ကိစ္စနှင့်ပက်သက်သည့်စကားအဆုံး
တွင်ရေချမ်းတို့အဖွဲ့တည်းခိုဆောင်သို့ပြန်လာခဲ့ကြ၏။အခန်း
ထဲရောက်ပြီးသိပ်မကြာခင်တွင်ထမင်းဆိပ်တက်ကာတစ်ဖွဲ့လုံးအိပ်ပျော်သွားကြကုန်လေသည်။
…………………………………………………………………………………
အချိန်ကားမွန်းလွဲ၂နာရီခန့်ရှိပြီဖြစ်၏။ရာသီဥတုသည်ထမင်း
စားပြီးခါစအချိန်နှင့်မတူပဲနေပင်ပူနေပြန်သေးသည်။
" ဒီပါ … ဟေ့ကောင်ဒီပါ … ဟာ … ဒီကောင်တွေကလည်းကွာ
တစ်ယောက်မှနိုးလို့ကိုမရဘူး … "
ရေချမ်းအိပ်ရာမှနိုးလာပြီးနုံးချည့်နေ၏။ထို့အပြင်မိုးတိတ်တုန်းရွာဦးကျောင်းသို့သွားရန်အဖွဲ့အားနိုးသော်လည်းမထကြ။
ခြံထဲတွင်လည်းမည်သူ့ကိုမှမတွေ့။ထို့ကြောင့်တစ်ယောက်
တည်းရွာထိပ်သို့ထွက်လာခဲ့လေသည်။အတန်ကြာသော်ရွာဦး
ကျောင်းသို့ရောက်ရှိပြီးဆရာတော်ဘုရားအားကျောင်းကိစ္စများ၊ဖခင်အမှာပါးလိုက်သည့်စကားများလျှောက်ထားဆွေးနွေးလေ ၏။နာရီဝက်ခန့်ကြာသော်ရွာဦးကျောင်းမှဦးအောင်မိုင်းခြံထဲ
သို့ပြန်လာခဲ့ပေသည်။သို့သော်ရေချမ်းပြန်လိုစိတ်အမှန်
တကယ်မရှိ။ရွာဦးကျောင်းမှထွက်ပြီးဘယ်ဘက်သို့အမှတ်တမဲ့ လှမ်းကြည့်လိုက်ရာသရက်တောအားတွေ့ရလေ၏။ထိုအခါရေချမ်းစိတ်တွင်သွားချင်စိတ်များဖြစ်ပေါ်လာပြီးအိမ်ပြန်မည့်ခြေလှမ်းများအားသရက်တောသို့ဦးတည်လိုက်တော့သည်။
" ရောက်လာပြီးမှတော့ … မထူးပါဘူးကွာ … နွယ်ရိုင်းချောင်း
ဘက်သွားမယ် … "
ရေချမ်းတစ်ကိုယ်တည်းတွေးတောရင်းသရက်တောမှဖြတ်
လျှောက်ချိန်တွင်သရက်နံ့သင်းသည့်လေနုအေးများကြောင့်
နုံးချည့်ခြင်းများပျောက်ရှကာအတော်လန်းဆန်းသွားလေ
သည်။သရက်တောအားသိပ်မဖြတ်လိုက်ရများမကြာမီပင်ရေ
တသွင်သွင်စီးနေသောနွယ်ရိုင်းချောင်းကိုတွေ့လိုက်ရတော့
သည်။
" ဟင် … "
ရေချမ်းစိတ်ထဲမှဟင်ကနဲဖြစ်မိ၏။အဘယ်ကြောင့်ဆိုသော်
သရက်တောနှင့်အတန်ငယ်လှမ်းသည့်ချောင်းစပ်၌အမျိုးသမီးသဏ္ဍာန်ကျောက်ဆောင်တစ်ခုပီပြင်စွာတည်ရှိနေခြင်းကိုတွေ့
လိုက်ရသောကြောင့်ဖြစ်လေသည်။ရေချမ်းသည်ကျောက်
ဆောင်အားအလွန်စိတ်ဝင်စားမိသွားပြီးအနီးကပ်လေ့လာရန်
ကျောက်ဆောင်အနားသို့ခပ်သွက်သွက်လေးလျှောက်သွား
လိုက်၏။ကျောက်ဆောင်နားသို့ရောက်သောအခါပို၍ပင်အံ့သြ
နေမိလေသည်။ကျောက်ဆောင်တစ်ဝက်သည်ကမ်းပေါ်တင်
နေပြီးတစ်ဝက်သည်ချောင်းထဲတွင်ဖြစ်၏။အဝေးမှကြည့်လျှင်မူရေထဲမှအမျိုးသမီးတစ်ဦးကုန်းပေါ်တက်လာသကဲ့သို့ရှိလေသည်။ကျောက်ဆောင်သည်လူတစ်ရပ်စာခန့်မြင့်ပြီးကျောက်
ပန်းခက်များလည်းလှပစွာဖြစ်ပေါ်နေ၏။ထိုကျောက်ပန်းခက် များပေါ်တွင်လည်းမည်သည့်အရာကိုရည်ညွန်းမှန်းမသိသောသင်္ကေတများနာမည်များနှင့်ရူပ်ထွေးလျက်ရှိချေသည်။
" ကိုရေချမ်း … "
ရေချမ်းတစ်ယောက်မည်သူမျှရှိမနေသောပတ်ဝန်းကျင်တွင်
ရုတ်တရက်ခေါ်သံကြား၍အနည်းငယ်လန့်သွားမိ၏။
" မသီရိ … ဒီကို … ဘယ်လို … "
" အဖေက … ပိုက်ဆံရစရာရှိတာလေးယူခိုင်းလိုက်လို့ … မိုးဝိုင်း
ကြီးကိုတက်သွားတာလေ … ခုအပြန် … လှေကမ်းကပ်တော့
ကိုရေချမ်းကိုတွေ့လို့ … ကျန်တဲ့လူတွေကောမလိုက်လာဘူးလား … "
" သူတို့ကိုနိုးမရလို့ … ထားခဲ့တာမသီရိရာ … ရွာဦးကျောင်း
တော့ရောက်ပြီးပြီ … အခုက … ဒီကျောက်တုံးကိုစိတ်ဝင်စား
မိလို့ … ဒါနဲ့ … မသီရိကောအဖော်မပါဘူးလား … "
" ဒေါ်လေးက … နေမကောင်းလို့ … ထားခဲ့လိုက်တာ …
သီရိတစ်ယောက်ပဲလာလိုက်တာလေ … သွားလာနေကြနေရာ
တွေပဲမို့ … "
ရေချမ်းသည်၎င်း၏အဖြစ်အားရယ်သွမ်းသွေးကာ၎င်းသိချင်
သောကျောက်ဆောင်ပေါ်မှအရာများနှင့်ပက်သက်၍သီရိ
အားမေးမြန်းကြည့်လေသည်။ထိုအခါသီရိမှအမျိုးသမီး
ကျောက်ဆောင်သည်ထွင်းထုထားခြင်းမဟုတ်ကြောင်း၊သဘာဝ
အတိုင်းရှေးယခင်ကတည်းကတည်ရှိနေခြင်းဖြစ်ကြောင်း၊
ကျောက်ဆောင်ပေါ်မှသင်္ကေတများနှင့်နာမည်များသည်ကား
ဆုတောင်းခြင်းများဖြစ်ကြောင်း၊အဓိကအားဖြင့်လပြည့်နေ့
များတွင်ဆုတောင်းစာရေးရကြောင်း၊အချစ်ရေးနှင့်ပက်သက်
သည့်ဆုများသစ္စာဆိုပြီးတောင်းလျှင်ပြည့်စုံတတ်ကြောင်းစိတ်
ရှည်ရှည်ထားပြီးရှင်းပြလေ၏။ရေချမ်းသည်သီရိ၏ချစ်စဖွယ်
မျက်နှာအားငေးမောရင်းရင်ထဲ၌တစ်စုံတစ်ခုအားနက်နက်
ရိုင်းရိုင်းခံစားနေမိသည်။"မြင်မြင်ချင်းမေတ္တာသက်ဝင်သည်"
ဟူသောစကားကိုယခင်ကရေချမ်းပြက်ရယ်ပြုမိ၏။သို့သော်သီရိအားစတင်မိတ်ဆက်ပေးသည့်နေ့မှစ၍ထိုစကားအားနားလည်စပြုလာခဲ့ခြင်းဖြစ်လေသည်။
" မသီရိ … ဒီကျောက်ပန်းခက်ပေါ်မှာ … ကိုယ်ချစ်တဲ့သူရဲ့
နာမည်ကိုရေးပြီးသစ္စာပြုဆုတောင်းရင် … အဲ့ဒီ့သူနဲ့ဖူးစာဆုံရတယ်ပေါ့ … ဟုတ်လား … "
ရေချမ်းသည်သီရိအားစကားပြောရင်းသောင်ပြင်ပေါ်မှ
ကျောက်စရစ်ခဲတစ်လုံးအားကောက်ယူကာအမျိုးသမီးကျောက်
ဆောင်ရှေ့တွင်အသံထွက်၍သစ္စာဆိုလေ၏။
" ကျွန်တော်မောင်ရေချမ်း … ဤကျောက်ဆောင်နတ်သမီးအား
အလေးအနက်ယုံကြည်ပါသည် … ကျွန်တော်နှစ်နှစ်ကာကာ
ချစ်မိနေသူ၏နာမည်အား … ကျောက်ပန်းခက်၌ရေးသားခဲ့ပါ
မည် … ကျွန်တော်၏စစ်မှန်သောချစ်ခြင်းမေတ္တာကြောင့် …
သူနှင့်ဘဝဆက်တိုင်းဆုံဆည်းပေါင်းဖက်ခွင့်ရပါရစေသား … "
ရေချမ်းအပြုအမူများကိုသီရိမှင်တက်ရင်းကြည့်နေမိ၏။ရေ
ချမ်းသည်သစ္စာဆိုပြီးသောအခါကျောက်ပန်းခက်အလွတ်လေး
တစ်ခုပေါ်တွင်သီရိ၏နာမည်အားရေးခြစ်လိုက်လေသည်။
" အယ် … "
ထိုအခါသီရိ၏မျက်နှာဖွေးနုနုတွင်ရှက်သွေးများရဲကာပန်းနု
ရောင်ပင်သန်း၍နေချေပြီ။ထို့နောက်သီရိသည်သူမအားပြုံးပြီးစိုက်ကြည့်နေသောရေချမ်းကိုမျက်နှာချင်းမဆိုင်ရဲတော့ပဲသ
ရက်တောဘက်သို့ပြေးထွက်သွား၏။ရေချမ်းတစ်ယောက်
တည်းကျန်ရစ်ခဲ့ကာနွယ်ရိုင်းချောင်းဘက်သို့လှည့်၍တီးတိုး
လေးရေရွတ်မိလိုက်တော့သည်။
" နွယ်ရိုင်းရေ … သီရိကိုအရမ်းချစ်တယ်ဗျာ … "
………………………………………………………………………………
မိုးရွာတစ်လှည့်နေပူတစ်လှည့်ဖြင့်ရာသီစက်ဝန်းသည်ပုံမှန်
မပြတ်လည်ပတ်နေချေ၏။ရေချမ်းတို့အဖွဲ့သည်လည်း
ရွာဦးကျောင်းဆောင်သစ်အားတက်ညီလက်ညီဆောက်လုပ်
လာခဲ့သည်မှာသပ်ရပ်စွာရုပ်လုံးပေါ်လာလေပြီ။ထိုကာလ
အတွင်းမှာပင်ရေချမ်းနှင့်သီရိတို့သည်လည်းတစ်ဦးကိုတစ်ဦး
မေတ္တာသက်ဝင်နေကြပြီဖြစ်၏။ကျောက်ပန်းခက်ရွာသူရွာသား
များလည်းရိပ်မိကြလေသည်။လူတိုင်းအားလုံးနီးပါးသိနေသော်လည်းသီရိ၏ဖခင်ဦးအောင်မိုင်းတစ်ယောက်မသိရှိသေးပေ။
" ဦးလေး … "
နှစ်ထပ်ပျဉ်ထောင်အိမ်ကြီး၏အောက်ထပ်ဧည့်ခန်းအတွင်း
စာတစ်အုပ်ထိုင်ဖတ်နေသောဦးအောင်မိုင်းအားအိမ်တံခါးဝမှ
ရေချမ်းလှမ်းခေါ်လိုက်သည်။ထိုအခါဦးအောင်မိုင်းမှရေချမ်း
အားဝင်ခဲ့ရန်ခေါင်းညိတ်ပြလိုက်၏။
" ကျွန်တော် … ပြောစရာရှိလို့ပါဦးလေး … "
" ပြောပါမောင်ရေချမ်း … "
" ကျွန်တော်တို့ရွာဦးကျောင်းဆောက်ရင်း … ဝါးသုံးစရာပြတ်
သွားလို့ပါ … "
" ဟေ … ဝါးက … ဦးလေးတို့ရွာမှာမရဘူးကွ … မိုးဝိုင်းကြီး
တစ်ဖက်ကဈေးမှာရှိရင်ရှိ … မရှိရင်မြို့ကိုပြေးရတာ … "
" ဒါဖြင့် … ကျွန်တော်မြို့တက်ဝယ်လိုက်မယ်လေဦးလေး …
ဟိုမှာက … ကျွန်တော့်ဖောက်သည်ယူနေကျဆိုင်လည်းရှိတော့
ပိုအဆင်ပြေတာပေါ့ … "
" အေး … မင်းပြောတာအကောင်းသားကွ … ဒါဆိုမောင်ရေ
ချမ်း … ဘယ်နေ့သွားမလဲ … "
သဘက်ခါမနက် … သွားလိုက်ပါ့မယ်ဦးလေး … တစ်လက်စ
တည်း … ကျွန်တော်ဝန်ခံစရာလေးတစ်ခုရှိပါတယ် … "
ရေချမ်း၏စကားဆန်းပုံကြောင့်ဦးအောင်မိုင်းမျက်မှောင်ကျုံ့
သွားလေသည်။
" ကျွန်တော်နဲ့ … ဦးလေးသမီးသီရိ … ချစ်သူဖြစ်နေပါတယ် …
ဦးလေးဘက်ကသဘောတူမယ်ဆိုရင် … ကျွန်တော်မိသား
ဖသားပီပီ … တောင်းရမ်းလက်ထပ်ချင်ပါတယ်ခင်ဗျာ … "
ထိုစကားအဆုံးတွင်ဦးအောင်မိုင်းမျက်နှာ၌ခန့်မှန်းရခက်ခဲ
သည့်အရိပ်အယောင်များယှက်သန်းသွားကြ၏။
" မောင်ရေချမ်းကို … အားတော့နာပါတယ် … သမီးသီရိမှာ
လူကြီးချင်းနားဖောက်ပြီးသားလူရှိတယ် … သူကတခြားတော့
မဟုတ်ပါဘူး … မိုးဝိုင်းကြီးရွာသူကြီးသားဇော်မာန်ပါပဲ …
သမီးသီရိကဒီအကြောင်းတွေကိုမသိသေးပါဘူး … မသိလို့
ဒီလိုတွေဖြစ်ကုန်တာပေါ့လေ … မောင်ရေချမ်းနောက်ဆုတ်
ချိန်ရပါသေးတယ် … "
ရေချမ်းရင်ထဲတွင်ပူလောင်နေလေပြီ။သီရိနှင့်လည်းမခွဲနိုင်။
နောက်ဆုတ်ဖို့လည်းမဖြစ်နိုင်။စိတ်များရူပ်ထွေးကာနေလေ
သည်။ထိုစဉ်ဦးအောင်မိုင်းထံမှစကားတစ်ချို့ထပ်မံထွက်ပေါ်
လာလေ၏။
" ဦးလေးသမီးနဲ့သဘောမတူလို့ … ရွာဦးကျောင်းကိုဆက်
မဆောက်ချင်ရင်လည်းဖြစ်တယ် … ဦးလေးတခြားလူကိုငှား
မယ် … မောင်ရေချမ်းမြဲမြဲမှတ်ထား … လောကမှာရွှေချင်းထပ်
လို့မြတ်တာပဲရှိတယ် … မောင်ရေချမ်းဆေးရိုးသည်မလုပ်ချင်ပါ
နဲ့ … "
ရေချမ်းသည်ဦးအောင်မိုင်း၏စကားကြောင့်မာနတရားတို့
ဟုန်းဟုန်းထလာလေသည်။
" ကျွန်တော်ယောကျာ်းပါဦးလေး … ပေးထားတဲ့ကတိကိုတည်တယ် … ရွာဦးကျောင်းနဲ့ကျွန်တော့်ကိစ္စကဘာမှမပက်သက်ပါ
ဘူး … ပြီးအောင်ဆောက်မယ် … ဦးလေးမက်မောနေတဲ့
ဂုဏ်တွေစည်းစိမ်တွေနဲ့ … ဦးလေးရဲ့အတ္တတွေနဲ့တစ်နေ့ဒုက္ခ
မရောက်ပါစေနဲ့လို့ … ကျွန်တော်ဆုတောင်းပေးပါတယ် …
သီရိအတွက် … ကျွန်တော်ဘယ်တော့မှနောက်မဆုတ်ဘူး
ဆိုတာလည်း … ဦးလေးမှတ်ထားလိုက်ပါဦး … ကျွန်တော်သွားလိုက်ပါဦးမယ် … "
ရေချမ်း၏မာနကဲသောစကားများကြောင့်ဦးအောင်မိုင်းတစ်ခွန်းမှပြန်မပြောနိုင်ဖြစ်ကာလက်သီးကျစ်ကျစ်ပါအောင်ဆုပ်ထားမိ
လေသည်။ဦးအောင်မိုင်းသည်ထွက်သွားသောရေချမ်း၏ကျော
ပြင်ကိုကြည့်၍ဒေါသစွက်နေသည့်မျက်လုံးအစုံမှာမီးတောက်
မည့်အသွင်။နူတ်မှလည်းမြည်တွန်တောက်တီးလျက်။
" ရေချမ်း… ရေချမ်း … အောင်မိုင်းကိုလာနိုင်းရင် … မင်းဘဝပဲ
ရိုင်းသွားမှာပေါ့ကွာ … တောက် … "
……………………………………………………………………………………
နွယ်ရိုင်းချောင်းရေသည်စည်းချက်မှန်စွာအေးမြစွာသက်ဝင်စီးဆင်းနေ၏။သို့သော်ချစ်သူနှစ်ဦး၏ရင်တွင်း၌စီးဆင်းနေသောအပူမီးများမှာမအေးမြနိုင်။
" ကို … သီရိ … ဇော်မာန်နဲ့လက်မထပ်ချင်ဘူး … သီရိ … ကို့ကိုပဲချစ်တယ် … "
" ကိုလည်းသီရိနဲ့မခွဲနိုင်ပါဘူး … ကိုမနက်ဖြန်ဝါးတက်ဝယ်မယ်
ရွာဦးကျောင်းကိုအမြန်ဆောက်မယ် … ကျောင်းဆောက်ပြီးတာနဲ့သီရိ … ကိုနဲ့လိုက်ခဲ့ပေါ့ … "
" ဒီကြားထဲမှာ … အဖေက … သီရိကိုဘယ်မှသွားခိုင်းတော့တာ
မဟုတ်ဘူးကို … "
" ကိုတို့ဒီကြားထဲအဆက်အသွယ်မရရင်လည်းစိတ်မပူနဲ့နော် … ကျောင်းဆောက်ပြီးတာနဲ့နတ်သမီးကျောက်ဆောင်မှာ … ကိုတို့ဆုံမယ် … ကို့ကိုယုံတယ်မဟုတ်လား "
ရေချမ်းအားသီရိခေါင်းညိတ်ပြ၏။ပြီးလျှင်အနီးမှကျောက်စရစ်ခဲတစ်ခုအားကောက်ယူကာကျောက်ပန်းခက်အလွတ်တစ်ခု
အပေါ်တွင်ရေချမ်းနာမည်ကိုရေး၍အသံထွက်သစ္စာဆိုလေ
သည်။
" ကျွန်မသီရိ … ဤကျောက်ဆောင်နတ်သမီးအား
အလေးအနက်ယုံကြည်ပါသည် … ကျွန်မနှစ်နှစ်ကာကာ

မည် … ကျွန်မ၏စစ်မှန်သောချစ်ခြင်းမေတ္တာကြောင့် …

သီရိသစ္စာဆိုသံကြောင့်နှစ်ယောက်သားပြုံးရင်းမျက်ရည်ကြ
ရလေသည်။ရေချမ်းသည်ကားသီရိ၏အေးစက်အားငယ်နေ
သောလက်တစ်ဖက်ကိုတင်းကျပ်စွာဆုပ်ကိုင်လျက်သား။ချစ်သူ
နှစ်ဦး၏မနက်ဖြန်များမည်သို့ဖြစ်လာဦးမည်နည်း။
………………………………………………………………………………
ပျောက်သောသူအားရှာလျှင်တွေ့၏။သို့ရာတွင်ရှာဖွေခွင့်မရှိပဲ
ပျောက်ဆုံးနေခြင်းမှာပို၍ဆိုးလေသည်။ထိုဝေဒနာအားခံစား
နေရသူမှာအခြားမဟုတ်။သီရိပင်ဖြစ်၏။မြို့သို့ဝါးသွားဝယ်
သည့်ရေချမ်းသည်ကျောက်ပန်းခက်သို့ပြန်ရောက်မလာခဲ့။
ထိုအချိန်မှစ၍သီရိတစ်ယောက်အအိပ်ပျက်အစားပျက်ဖြစ်ကာအမြဲမိုင်တွေပြီးမျက်ရည်များကျနေတတ်လေသည်။ထိုသို့ရေ
ချမ်းသတင်းမရသည့်နောက်ပိုင်းတွင်ဦးအောင်မိုင်းသည်ဇော်မာန်နှင့်သီရိ၏စေ့စပ်ပွဲအားသူ့သဘောအတိုင်းအတင်းအကြပ်စီစဉ်ခဲ့တော့သည်။
" အဒေါ် … ကို့သတင်းကြားသေးလားဟင် … မယ်သီ့ကိုသနား
ရင်ပြောပြပါနော် … အီးဟီးဟီး … "
အဒေါ်ဖြစ်သူမနုသည်လည်းကြားလာရသည့်သတင်းအတိုင်း
စိတ်မကောင်းကြီးစွာပြန်ပြောပြ၏။
" မယ်သီရယ် … ညည်းလူကဝါးကိုလူကြုံနဲ့ပို့ပေးပြီးဒီကိုပြန်
မလာဘူး … ဘယ်တော့မှပြန်မလာဘူးလို့လည်းမှာလိုက်တယ်
တဲ့ … သူအဖွဲ့လည်းပြန်သွားကြပြီ … ကျောင်းဆောင်ကိုတော့
ဇော်မာန်ငှားပေးတဲ့ဆရာနဲ့ဆက်ဆောက်နေတယ်တဲ့ …
စိတ်မကောင်းလိုက်တာအေ … ညည်းလူလုပ်ရက်ပါ့ … "
" ဟင့်အင်း … ဟင့်အင်း … ကိုကအဲ့ဒီ့လိုလူမျိုးမဟုတ်ပါဘူး
ကိုကကတိတည်တယ် … သမီးမယုံဘူး … မယုံနိုင်ဘူး …
အီးဟီးဟီး … "
" သမီးမယ်သီရယ် … မငိုပါနဲ့တော့ …မနက်ဖြန်ဆိုရင်ပဲ …
မောင်ဇော်မာန်နဲ့စေ့စပ်ရတော့မယ်လေကွယ် … "
ဒေါ်နုသည်တူမဖြစ်သူသီရိအားနှစ်သိမ့်ပေးပြီးအိပ်ရာဝင်သွား
လေ၏။သီရိတစ်ယောက်မနက်ဖြန်ကျင်းပမည့်စေ့စပ်ပွဲအတွက်
တော်တော်နှင့်အိပ်မပျော်။စိတ်ဆင်းရဲကြီးစွာဖြင့်ညနက်မှသာလျှင်မှေးကနဲအိပ်ပျော်သွားလေတော့သည်။
…………………………………………………………………………………
ညသည်လရောင်မရှိပဲအနည်းငယ်ဖွေးဖွေးလင်းနေ၏။လင်း
နေသည်မှာလည်းသီရိသွားရန်လမ်းပြသဘောဖြင့်လမ်းကလေး
မြင်ရရုံသာ။ကျန်ဘေးပတ်ဝန်းကျင်သည်ကားပိန်းပိတ်အောင်
မဲမှောင်လျက်။သီရိတစ်ယောက်အလင်းရောင်ပေါ်နေသည့်
လမ်းလေးအတိုင်းအကြောက်အလန့်မရှိဆက်လျှောက်လာလေ
သည်။
" ကို … ကို …"
သီရိသည်ရေချမ်းအားသစ်ပင်တစ်ပင်၏အောက်တွင်လှမ်းမြင်
လိုက်ရ၏။သို့သော်ကောင်းသောမြင်ခြင်းမဟုတ်။ရေချမ်း၏
ခေါင်းတစ်ခုလုံးဒဏ်ရာများပြည့်ကာသွေးများသည်မျက်နှာ
ပေါ်သို့စီးကျနေလေသည်။ဘယ်ဘက်ရင်အုံတည့်တည့်တွင်
လည်းဒဏ်ရာများနှင့်သာ။သီရိအလွန်စိုးရိမ်ပူပန်လျက်ရေချမ်း
အနားသို့ပြေးလေ၏။သီရိမည်မျှပင်ကြိုးစားစေကာမူအချည်း
နှီးသာဖြစ်လေသည်။သီရိပြေးသော်လည်းရေချမ်းနားမရောက်။
မူရင်းရပ်နေသောနေရာမှမရွေ့။ထိုစဉ်ရေချမ်း၏ဘေးတွင်
အရပ်ပုပြတ်ပြီးအထက်အောက်အမည်းရောင်ဝတ်ဆင်ထား
သောလူတစ်ယောက်ပေါ်လာလေ၏။သူ၏မျက်လုံးအစုံသည်ကားသေးငယ်၍ခက်ထန်စူးရှနေပြီးမျက်နှာတွင်လည်းမုတ်
ဆိတ်ကျင်စွယ်များပြည့်နှက်နေပြန်သည်။ထိုသူ၏နူတ်မှတစ်စုံ
တစ်ခုရွတ်နေဟန်ရှိပြီးရွတ်ဖတ်လိုက်တိုင်းရေချမ်းသည်မြေ
ပေါ်တွင်လူးလှိမ့်အော်ဟစ်နေရပေ၏။သီရိတစ်ယောက်အသံ
များကိုမူမကြားရ။ချစ်သူရေချမ်းအားနှိပ်စက်ခြင်းပြုနေသော
အနိဋ္ဌာရုံများကိုသာအတိုင်းသားမြင်နေရတော့သည်။
" ရပ်လိုက်ပါတော့ … ကို့ကို … မလုပ်ပါနဲ့ … အီးဟီးဟီး …
အား … … … … … "
သီရိ၏အော်သံသည်ဆိတ်ငြိမ်သောသန်းခေါင်ယံအားထိုး
ဖောက်သွားလေသည်။
" သမီး … သမီးဘာဖြစ်လို့လဲ … "
" အီးဟီးဟီး … သမီး … ကို့ကိုအိပ်မက်မက်တယ် … ကို … ကို
ဒုက္ခရောက်နေတာသေချာပါတယ် … "
" စိတ်ထိန်းပါသမီးရယ် … စိတ်စွဲလို့မက်တာနေမှာပါ … ဒေါ်
လေးစောင့်အိပ်ပေးမယ်နော် … ပြန်အိပ်လိုက်ဦးသမီး … "
ဒေါ်နုနှစ်သိမ့်၍သီရိအငိုတိတ်သွားသော်လည်းပြန်အိပ်၍ကား
မရတော့။အိပ်ရာထက်၌ပင်အတွေးများနောက်ကျိရူပ်ထွေးကာ
မိုးလင်းခဲ့ရချေတော့သည်။
………………………………………………………………………………
ရာသီဥတုသာယာနေသကဲ့သို့မိုးဝိုင်းကြီးရွာသူကြီးသားဇော်
မာန်သည်လည်းအလွန်ပျော်ရွှင်နေပေ၏။အဘယ်ကြောင့်ဆို
သော်၎င်းတစ်ဖက်သတ်ချစ်ရသူသီရိနှင့်စေ့စပ်မင်္ဂလာကျင်းပ
နေရသောကြောင့်ဖြစ်လေသည်။နေ့လည်မှစ၍စေ့စပ်ပွဲဖြစ်
မြောက်သည့်အထိမ်းအမှတ်အနေဖြင့်တစ်ရွာလုံးအားမီးခိုး
တိတ်ဧည့်ခံကျွေးမွေးလာလိုက်သည်မှာညနေအချိန်ပင်ရောက်
လာလေပြီ။ထိုအခါဧည့်သည်များလည်းအိမ်ပြန်ကြကုန်ပြီဖြစ်
၏။ဦးအောင်မိုင်းအပါအဝင်၎င်းမိသားစုများသည်ပင်ပန်း၍
အနားယူရန်အိမ်ပေါ်သို့တက်သွားကြပြီးအပျော်လွန်နေသော
ဇော်မာန်နှင့်ကျောက်ပန်းခက်ရွာသားတစ်သိုက်သည်ကား
အရက်ဝိုင်းဖွဲ့ကာသောက်စားနေကြကုန်လေသည်။
" ကိုမာန်ကြီး … အရမ်းမူးနေပြီ … ဆက်မသောက်ပါနဲ့တော့ဗျာ
ဒီညဒီမှာပဲညအိပ်လိုက်ပါတော့ … "
" ဟား … ဟား … ငါ့အပျော်တွေကို … မတားနဲ့ဟေ့ကောင်
သောက်ပြီးငါ့ရွာကိုပြန်မယ် … ငါ့ရွာသားတွေနဲ့အောင်ပွဲခံရဦး
မှာကွ … ဟား … ဟား … "
အရက်ဝိုင်းဖွဲ့နေသည်မှာအချိန်အတော်ကြာသွားပြီးညနေသည်
မှောင်ရီပျိုးစပြုနေပြီဖြစ်၏။ကျောက်ပန်းခက်ရွာသားများသည်
ဇော်မာန်အားမိုးဝိုင်းကြီးသို့မပြန်ရန်တားသော်လည်းမရသည့်
အဆုံးမိုးဝိုင်းကြီးအထိလိုက်ပို့ပေးရန်ဆုံးဖြတ်လိုက်လေသည်။ထို့ကြောင့်ဇော်မာန်အပါအဝင်လူ၅ယောက်ပါဝင်သောအဖွဲ့
သည်မိုးဝိုင်းကြီးသို့သွားရန်ရွာထိပ်ရှိသရက်တောသို့ဖြတ်
လျှောက်လာခဲ့ကြ၏။ထိုသို့ဖြတ်လျှောက်လာစဉ်သရက်တော ၏နောက်ဆုံးသရက်ပင်အောက်တွင်ဇော်မာန်တစ်ယောက်စ
တင်ထူးခြားလာလေသည်။ဇော်မာန်၏မျက်လုံးများသည်ရွာမှထွက်ကာစအချိန်နှင့်မတူပဲနီရဲခက်ထန်နေပြီးရွာဦးကျောင်း
ဆရာတော်အားပင့်ပေးရန်အော်ဟစ်ပြောဆိုနေလေ၏။ထိုအခါ
ရွာသားတစ်ယောက်သည်ရွာဦးကျောင်းဆရာတော်အားအပြေး
အလွှားပင့်ပြီးဇော်မာန်အနားသို့ခေါ်ဆောင်လာလေသည်။
ဆရာတော်သည်ဇော်မာန်၏မူမမှန်သောအမူအရာများကိုတွေ့
သောအခါမှအမှောင့်ပယောဂပူးကပ်နေကြောင်းရိပ်စားမိလေ တော့သည်။
" ဒကာ … ဒကာစိတ်ကိုလျှော့ပါ … ဒကာကဘယ်သူတုန်း "
ဆရာတော်၏အမေးကြောင့်ဇော်မာန်ကိုယ်၌ပူးကပ်နေသော
ဝိညာဉ်သည်ယခင်အမူအရာမှရုတ်ချည်းပြောင်းလဲကာ
ဒူးတုပ်ထိုင်ချလိုက်ပြီးဆရာတော်ဘက်လှည့်၍လက်အုပ်ချီ
လိုက်လေသည်။
" အရှင်ဘုရား … တပည့်တော် … ရေချမ်းပါဘုရား … တပည့်
တော်ကိုကယ်ပါဦးဘုရား … အီးဟီးဟီး … "
ထိုစကားကြောင့်ဆရာတော်အပါအဝင်ရွာသားများအံ့သြကြ
ကုန်၏။ထို့နောက်ဆရာတော်မှဝိညာဉ်အားစကားဆက်ရန်ပြော
သောအခါဖြစ်ကြောင်းကုန်စင်ကိုရှင်းပြလေသည်။
" တပည့်တော်နဲ့ဦးအောင်မိုင်းသမီးသီရိတို့ကချစ်သူတွေပါဘုရား … ဒါကိုဦးအောင်မိုင်းသိသွားတဲ့အခါလုံးဝသဘောမတူပါဘူး … ဦးအောင်မိုင်းနဲ့စကားများပြီးနောက်ပိုင်း … ကျောင်း
ဆောက်ရင်းဝါးပြတ်လို့မြို့တက်ဝယ်ဖို့ … ရွာကထွက်အလာ
သီရိနဲ့သဘောတူထားတဲ့ဇော်မာန်ဆိုတဲ့လူက … ခေါင်းကို
တုတ်နဲ့အသေရိုက်သတ်ခဲ့ပါတယ်ဘုရား … ဒါပေမဲ့ … အဲ့ဒီ့
အချိန်တပည့်တော်မသေခဲ့ပါဘူး … မေ့နေတာပါ …
ရိုက်ခံရတဲ့အချိန်ကညနေစောင်းဖြစ်ပြီးသတိရလာတဲ့အခါမိုးအတော်ချုပ်နေပါပြီ … တပည့်တော်ကိုနတ်သမီးကျောက်
ဆောင်နဲ့မလှမ်းမကမ်းမှာမြုပ်ပစ်ဖို့ … ဦးအောင်မိုင်းကဇော်မာန်
ကိုခိုင်းနေတာကြားရပါတယ် … ဒါပေမဲ့ … တပည့်တော်မသိ
လိုက်တာကအနားမှာ … ဇော်မာန်ရဲ့လူတွေရှိနေတာကိုပါဘုရား
သူတို့က … တပည့်တော်မသေမှန်းသိသွားလို့ဇော်မာန်ကိုပြော
ပြတဲ့အခါ … ဦးအောင်မိုင်းကအသေသတ်ခိုင်းပါတယ် …
ဇော်မာန်ခြေတုန်လက်တုန်ဖြစ်နေတာကိုစိတ်မရှည်တဲ့ဦး
အောင်မိုင်းက … သူကိုယ်တိုင်ဓားရှည်ယူပြီးတပည့်တော်ရဲ့
ဘယ်ဘက်ရင်အုံကိုသုံးချက်ထိုးသတ်ခဲ့ပါတယ်ဘုရား …
အဲ့ဓားချက်နဲ့တပည့်တော်အသက်ပျောက်ခဲ့ရပါတယ် …
သေလို့လည်းမပြီးသေးပါဘူးဘုရား … တပည့်တော်ရဲ့သက်
ပျောက်အင်္ကျီကိုအောက်လမ်းဆရာဆီအပ်… ဝိညာဉ်ကို
သရက်ပင်အောက်မှာချုပ်ထားပြီးအစီအရင်တွေနဲ့နှိပ်စက်ပါ
တယ်ဘုရား … တပည့်တော်ကို … ဒီသရက်ပင်အောက်မှာပဲ
မြုပ်ထားပါတယ် … အောက်လမ်းဆရာသရက်ပင်ကိုလာပြီး
သွေးနဲ့စည်းမဝိုင်းခင် … ဇော်မာန်ကိုယ်ထဲဝင်ပြီးစကားပြောရ
တာပါ … အရှင်ဘုရားတပည့်တော်ကို … ကယ်ပါဦးဘုရား … "
ရေချမ်းဝိညာဉ်သည်စကားဆုံးသည်နှင့်သည်းထန်စွာငိုကြွေး
နေလေသည်။အနီးရှိရွာသားများသည်လည်းယောက်ျားရင့်မာ
ကြီးတွေဖြစ်လင့်ကစားမျက်ရည်မဆည်နိုင်။ဆရာတော်ဘုရား
မှရေချမ်းဝိညာဉ်အားတရားမျှတရန်ကူညီပေးမည်ဖြစ်ကြောင်းအမျှအတန်းပေးဝေလျှင်သေချာသာဓုခေါ်ဆိုရန်ပြောကြား
လိုက်လေသည်။ထိုအခါဝိညာဉ်သည်ဇော်မှန်ကိုယ်ထဲမှထွက်
သွားလေတော့သည်။
" ဒကာတို့ … ဒကာဇော်မာန်ကို … ရွာထဲပဲပြန်ခေါ်ခဲ့ကြပါ …
မနက်လင်းရင် … မြို့ကရဲစခန်းကိုအကြောင်းကြားရအောင်ပါ "
ကျောက်ပန်းခက်ရွာသားများသည်ဆရာတော်၏စီမံမှုဖြင့်ဇော်
မာန်အားရွာထဲသို့ပြန်ခေါ်လာခဲ့ကြ၏။ပတ်ဝန်းကျင်၌အမှောင်
ထုသည်ကြီးစိုးလျက်။
…………………………………………………………………………………
တစ်မိုးချုပ်ပြီး၍တစ်နေ့သစ်လေပြီ။ကျောက်ပန်းခက်ရွာသူကြီး
ဦးအောင်မိုင်း၊မိုးဝိုင်းကြီးရွာသူကြီးသားဇော်မှန်နှင့်သူ၏
အပေါင်းအပါများအားမြို့မှရဲသားများဖမ်းဆီးခေါ်ဆောင်သွား
ကြ၏။၎င်းတို့မှလည်းအဖြစ်အပျက်များမှာဟုတ်မှန်ကြောင်း
ဝန်ခံခဲ့လေသည်။မြို့မှရေချမ်း၏ဖခင်နှင့်ဒီပါတို့အဖွဲ့သည်
လည်းရေချမ်းပျောက်ဆုံးနေခြင်းနောက်ကွယ်မှအဖြစ်မှန်ကို
သိရှိရသောအခါယူကြုံးမရဝမ်းနည်းကြရ၏။အဆိုးဆုံးခံစားရ
သည်မှာသီရိပင်ဖြစ်လေသည်။ကိစ္စအလုံးစုံပြီးစီးသောအခါ
ရေချမ်းအတွက်ကောင်းမှုကုသိုလ်ပြုပြီးအမျှအတန်းပေးဝေခဲ့
လေ၏။ထိုရက်မှစ၍သီရိတစ်ယောက်ဖခင်နှင့်ချစ်သူအတွက်
စိတ်ထောင်းကိုယ်ကြေဖြစ်ကာအမြဲလိုလိုညိုးငယ်မိုင်တွေနေ
ခဲ့တော့သည်။
……………………………………………………………………………………
" အား … … … … … … … "
တစ်စုံတစ်ယောက်သည်ရာသီဥတု၏မကောင်းသောလက္ခဏာများကိုစိတ်ထဲရှိပုံမရ။နွယ်ရိုင်းချောင်း၏တစ်ဖက်ကမ်းစပ်မှ
ခြေစုံရပ်၍ကျန်တစ်ဖက်ကမ်းရှိအမျိုးသမီးသဏ္ဍာန်ကျောက်သားနေရာသို့မျှော်ငေးကြည့်နေလေ၏။၎င်း၏နုမျစ်သော
မျက်နှာသည်အလွန်ဝမ်းနည်းပူဆွေးနေဟန်ရှိပြီးပါးပြင်တစ်
လျှောက်မျက်ရည်များသွင်သွင်စီးကျလျက်ရုတ်တရက်အား
ကုန်အော်ဟစ်လိုက်ရာလူသူကင်းမဲ့သောပတ်ဝန်းကျင်၌မိုးသံ၊
လေသံ၊အော်သံများရောထွေးပဲ့တင်ထပ်သွားလေသည်။
ထိုသူကားအခြားမဟုတ်။ထောင်ကျနေသောဖခင်အားရွာမှသွားတွေ့ပြီးပြန်လာသည့်သီရိပင်ဖြစ်လေ၏။ထို့နောက်သီရိ
သည်မိုးစက်များကြား၌မျက်ရည်များကျရင်းလက်အုပ်ချီကာ
စကားအနည်းငယ်ပြောလေသည်။
" အဖေ … သမီးမိုက်ကိုခွင့်လွှတ်ပါ … အားလုံးကသမီးအပြစ်
တွေပါအဖေရယ် … "
သီရိသည်ထိုသို့စကားပြောအပြီးတွင်မျက်လုံးကိုစုံမှိတ်ပစ်လိုက်
၏။
" ကို … သီရိတို့ဆုတောင်းတွေမပြည့်ခဲ့ဘူးနော် … ကျောက်ပန်း
ခက်လေးပေါ်မှာ … ကို့နာမည်နဲ့သီရိနာမည် … အခုထိရှိနေ
ပါသေးတယ် … အကယ်၍ကျောက်ပန်းခက်လေးပေါ်မှာရှိမနေ
တော့ဘူးဆိုရင်တောင် … သီရိအချစ်တွေက … ဘယ်တော့မှမပြောင်းလဲဘူး … မပြည့်တဲ့ဆုတောင်းတွေကြားကပဲ …
ဆုလေးတစ်ခုထပ်တောင်းချင်မိတယ်ကို … ဘဝဆက်တိုင်း
ဆက်တိုင်း … "ချစ်သူနဲ့ကွေကွင်းရခြင်းဒုက္ခမှကင်းလွတ်ရ
လိုပါ၏"လို့ပေါ့ … ကိုစောင့်နေနော် … သီရိလာခဲ့ပါ့မယ် …
ကိုဆက်ဆက်စောင့်နေပါနော် … "
မိုးသည်ယခင်ကထက်အဆမတန်ပိုသည်းလာကာကြောက်မက်ဖွယ်ဖြစ်လာ၏။ထိုစဉ်သီရိသည်ရေစီးကြမ်းနေသောနွယ်ရိုင်း
ချောင်းအတွင်းသို့ရုတ်တရက်ခုန်ချလိုက်တော့သည်။အရာအားလုံးပြီးဆုံးသွားချေပြီ။မိုးသံလေသံများသည်ကားအဆက်မ
ပြတ်။ချစ်သူနှစ်ဦး၏သစ္စာတရားအားဂုဏ်ပြုနေခြင်းပေလား။
ချစ်သူနှစ်ဦး၏အချစ်စစ်အတွက်ငိုကြွေးနေခြင်းပေလား။ဝေခွဲ
မရနိုင်ချေ။သို့သော်မည်သူမျှမသိနိုင်သောချစ်ခြင်းတရား၏
စူးရှနက်ရိုင်းသောအဓိပ္ပာယ်အားနတ်သမီးကျောက်ဆောင်
တည်ရှိသော၊ချစ်သူနှစ်ဦးပုံရိပ်များထင်ကျန်နေရစ်သော
နွယ်ရိုင်းချောင်းသည်သာအသိဆုံးဖြစ်ပါလိမ့်မည်။
……………………………………………………………………………………
မိုးသည်းထန်စွာရွာသွန်းပြီးသည့်နောက်တစ်ရက်မနက်တွင်
ကျောက်ပန်းခက်ရွာ၌သတင်းတစ်ခုပျံ့နှံ့နေလေ၏။
" သူကြီးသမီးသီရိရဲ့အလောင်း … နတ်သမီးကျောက်ဆောင်
နားမှာပေါ်နေတယ်တဲ့ … ဘယ်လိုဖြစ်တာတုန်းမသိပါဘူး"
" စိတ်မကောင်းလိုက်တာဟယ် … "
သီရိ၏အလောင်းအားသတင်းကြားလျှင်ကြားချင်းရွာသူရွာသူ
များဝိုင်းဝန်းဦးဆောင်၍နေ့ချင်းဆယ်ယူသဂြိုလ်ခဲ့ကြ၏။ထို
ဈာပနနှင့်ပက်သက်၍ဆရာတော်မှသြဝါဒတစ်ခုအားမိန့်ကြားခဲ့လေသည်။
" ဒကာ … ဒကာမတို့ … ဦးအောင်မိုင်းတို့ရဲ့ထောင်ကျသူကျ
သေသူသေ … ဒီလိုဖြစ်ရပ်ဆိုးတွေမှာတရားခံကဘယ်သူလို့
ထင်ကြသလဲ … ဦးအောင်မိုင်းကတရားခံမို့ … ထောင်နန်းစံ
သွားရတာမှန်ပါရဲ့ … ဒါပေမဲ့ … သူ့ထက်အင်အားကြီးနေတဲ့
အရာတစ်ခုရှိနေပြန်တယ်… အဲ့ဒါအတ္တပဲ … အတ္တရဲ့စေစားမှုကို
သူမတွန်းလှန်နိုင်ဘူး … လောဘရဲ့အတုအယောင်ချမ်းသာခြင်း
ကိုဘဝရဲ့စစ်မှန်တဲ့ချမ်းသာခြင်းလို့ … ခံယူမိတဲ့အတွက် … ဒုက္ခအတိဖြစ်ကြရရှာတယ် … လူ့ဘဝကိုရလာရင် … လောဘ …
ဒေါသ … မောဟ … အတ္တ … မာန်မာနတွေ … ကပ်ပါလာစမြဲ
ပါပဲ … သို့သော် … အတ္တကင်းလေ … အမှားနည်းလေ … အေး
ချမ်းလေပဲ … ဘဝသုံးခုနဲ့ရင်းပြီးပေးတဲ့သင်ခန်းစာတွေကို
သုံးသပ်လေ့လာကြတော့ … ဆင်ခြင်ကြတော့ … ဒကာ … ဒကာမတို့ … "
သီရိဈာပနပွဲအပြီးဆရာတော်သြဝါဒစကားအဆုံးတွင်ကျောက်
ပန်းခက်ရွာသူရွာသားများသည်သံဝေဂများစွာရခဲ့ကြ၏။အချိန်များစွာရွေ့လျားပြောင်းလဲသွားသော်လည်းကျောက်ပန်းခက်ရွာ
သူရွာသားများ၏နှလုံးအိမ်ထဲ၌ရေချမ်းနှင့်သီရိတို့၏အဖြစ်အပျက်များသည်ပျောက်ပျက်မသွား။စစ်မှန်သောချစ်ခြင်းတရား
နှင့်အတ္တကိုဆင်ခြင်မိစေသည့်ဆွတ်ပျံ့ရင်နင့်ဖွယ်ဂုဏ်သတင်း
လေးသည်ကားအစဉ်မပြတ်မွှေးပျံ့ဆဲ။မွှေးပျံ့မြဲသာ။
ထာဝရလေးစားစွာဖြင့်
#ဒေါင်းဖဏ်သာ(အမေ့သား)

Comments
Post a Comment