''လပြည့်ည၏ ----
                   ------------ ကဝေခေါ်သံ'' 

စ/ဆုံး

''ရတနာပုံ တက္ကသိုလ်'' ဟု ကြားမိသည်နှင့်  ကုသိုလ်တော်ဘုရား
အနောက်ဘက်ရှိ  ထန်းတောကိုပဲ ပြေးမြင်ကြသူတို့ ရှိ၏။
ဒချိ  ဒချိ
စမီးမပါ    ခရေပင်ကြီးပဲသိတာပါ

မန္တလာသူပီပီ  စက်ဘီးကလေးကိုနင်းကာ  ၇၈ လမ်းအတိုင်းသွား
ခဲ့ပြီး  တက္ကသိုလ် လမ်းဘက်အချိုး  ကောက်ကောက်ကွေ့ကွေ့
လမ်းကလေးမှာ  လယ်သင်းရနံ့တသင်းသင်းနှင့် တိုက်ခတ်လာ
သော လတ်ဆတ်သည့်လေလေးကို ရှူရတာလည်း feel တမျိုး

ဘာမှဟုတ်ဘူး ဆိုင်ကယ်နဲ့ကျောင်းမတက်နိုင်တိုင်း ရှိတာလေးနဲ့
သာယာနေတာပါ

ထိုလမ်းလေး၏ ဘေးတဘက်တချက်တွင် လယ်ကွင်းများသာ
ကျောင်းတော်ကြီး အနီးသို့ ရောက်လု ရောက်ခင်လမ်းဘေးတွင်
ကံ့ကော်ပင်လေးတွေ တွေ့ရသည်

ထို ကံ့ကော်တန်းသို့  မရောက်မီ ဖြတ်သန်းခဲ့ရသော တံတားတစ်ခု
ယ္ခု  ဇာတ်လမ်းကို  အစပြုသော တံတားတစ်ခုဟု ဆိုလျှင်မမှား

                                      ---------------

လပြည့်ည  ဗုဒ္ဓဟူးနေ့
ကြားဖူးသည်မှာ  လပြည့်နှင့် ဗုဒ္ဓဟူး  တိုက်ဆိုင်သောနေ့များတွင်
အရှင် ဥပဂ္ဂုတ္တ  မထေရ်ကြီး ဆွမ်းခံကြွသည်ဟု  အဆိုရှိသည်

တဖက်တွင်လည်း
စုန်း ကဝေတို့ ပျော်မြူးကာ  ပညာခန်းတက်သည်ဟု ကြားဖူးသည်
ယ္ခု  ညီအကို နှစ်ဦးမှာမူ
အလုပ်ပိတ်ရက်လည်းဖြစ်  လက်ထဲတွင် ပိုက်ပိုက်ကလေးများ
လည်း  စို့စို့ပို့ပို့ ရှိရကား   ဘီယာလေးတမြမြ

မိုးအေးအေးဖြင့်  ဘီယာချိုသွေးကာ  အိမ်သို့ မပြန်လိုကြ

''ညီညီရေ   ငါတို့  ကျောင်းသွားတဲ့ တံတားလေ သိလား''

''အင်း  သိတယ်လေ''

''အဲဒီ တံတားအောက်မှာ ငါးမြှားသူတွေ တွေ့တော့ ကိုကိုလည်း
မြှားချင်တာလေ ကျောင်းသွားချိန်မို့ စိတ်တွေ ထိန်းထားရတယ်''

''အဲ့ဒါဆို  ကြာသလားလို့  သွားကြစို့လေ ''

အတိုင်အဖောက်ညီညီ  ညီအကိုနှစ်ယောက်သား တံတားဆီသို့
ရောက်ခဲ့ကြသည်

တံတားအောက်ခြေတွင် လသာသာ ငါးမြှားမည့် ညီအကို နှစ်ဦးမှာ
ငါးမြှားတန်မပါ  ငါးမြှားချိတ်မပါလာကြ
ခက်ချေပြီ

''ငါ့တူတို့  ဘယ်ကလာကြတာလဲကွဲ့ ''

၎င်းတို့ ကြံရာမရဖြစ်နေစဉ်  ဘယ်က ဘယ်လိုရောက်လာမှန်းမသိ
သော အဖိုးအို၏  အမေးကိုကြားလိုက်ရသည်

''ဟို  ဟိုလေ  ----------  ကပါ ခင်ဗျ''

''အိမ်းး အိမ်းးး ငါးမြှားမလိုထင်ပ''

''ဟုတ်ကဲ့  ငါးတော့မြှားချင်တယ်  ဟို ဟိုလေ''

''အော်  ငါးမြှားတန် မပါဘူးလား  ဒါများကွယ်  ဒီမြောင်းလေးမှာ
ရေလေး  ခြေကျင်းဝတ်လောက်ရှိတာကို  ပက်ထုတ်ပေါ့ကွယ်''

''ဗျာ''

''မဗျာနဲ့  မင်းတို့  ငါးတွေ အများကြီး ရစေရမယ်  ဟောဟိုက
ခွက်ကလေး  တွေ့လား အဲ့ဒါလောက်ဆို အလုပ်ဖြစ်ပါတယ်''

ပြောဆိုအပြီး  တရွေ့ရွေ့ထွက်ခွာသွားသော ထူးဆန်းအဖိုးအိုအား
ညီအကိုနှစ်ယောက် ပါးစပ်အဟောင်းသားဖြင့်ကြည့်ကာ ကျန်ရစ်
သည်

                                      -----------

''ဟားးး  ငါးကြီးတွေ  အများကြီးပဲ  ကောက် ကောက်''

''အေးဟ  ဒီမြောင်းထဲ  ဒီလောက်ငါးတွေပေါတာ ခုမှသိတယ်
ကိုကိုရေ''

''ကိုကိုရေမနေနဲ့  အိတ်ထဲက ဘီယာတစ်ဘူး ထပ်ဖောက်ခဲ့''

''အေးကွ  မိုးကလည်း  တိတ်သာတိတ်သွားတာ လေအေးတယ်''

ညီညီသည်  အိတ်ထဲမှ အအေးဓာတ်မပြယ်သေးသော ဘီယာဘူး
ကိုဖောက်ကာ  ကြိုးစားပန်းစား ငါးကောက်နေသော အကိုဖြစ်သူ
ထံ  ပေးလိုက်သည်

''ဟာ   ကိုကို   ဟိုမှာ  ဘာကြီးတုန်း''

''ဘာမြင်လို့လဲ ညီရ''

''ဟော  ပျောက်သွားပြီ  အလင်းတန်းကြီးဗျ ''

''မီးကျည်လွှတ်တာနေမှာပါကွာ  လာ  ငါးကူကောက်ပေးအုံး''

ဗွက်အလူးလူး  ရွှံ့အလိမ်းလိမ်းဖြင့်  ငါးကောက်နေကြသော
ညီအကို နှစ်ဦးတွင်  ထည့်စရာ ပစ္စည်း ပါမလာခဲ့

''ကိုကို   နင်ငါးတွေ ကောက်ပြီး ဘယ်ထဲလွှင့်ပစ်နေတာလဲ''

ဘီယာအရှိန်လေးဖြင့်  လောဘတကြီးကောက်ယူပြီးသမျှ ငါးများ
ကို  ရေရှိရာသို့ လွှတ်ပေးနေသော အကြီးကောင်အား အမူးပြေစ
ပြုနေသော ညီငယ်မှ မေးလိုက်သည်

''ဟာ   အေး   ဟုတ်သား   ချွတ်  ချွတ်  မင်းပုဆိုး''

''ဟာ  ကိုကိုနော်  ညီအကိုချင်းကြီးကို''

''အာာာ   သောက်တလွဲ ဘာတွေထင်နေတာတုန်းကွ ငါးထည့်ဖို့
ဟေ့  ငါးထည့်ဖို့  ရှင်းပလား''

''အဟီး   ညီ  အတွင်းခံ ဝတ်မလာဘူး''

''တိန်  ''

''ညကြီးပဲကွာ  မင်းနဲ့ငါ နှစ်ယောက်တည်းရှိတာ  ဘယ်သူမှမမြင်ဘူး
ချွတ်  အခု''

''ဟင်  ကိုကို့ ပုဆိုး ချွတ်လည်း ရသားနဲ့ကို''

''ငါက  ဆိုင်ကယ်မောင်းမှာလေ  ရှေ့ကနေထိုင်ရမှာ လမ်းမှာ
မီးရောင်တွေနဲ့  ကြေငြာရမှာလား  မင်းက နောက်ကနေ
ပိပိစိစိထိုင်နေ  မင်မပျက်ဘူး  ဟုတ်ပြီလား  စကားရှည်တာကွာ
ချွတ်စမ်းပါ''

မူးနေပေမယ့်  အမူးပါးအကိုတော်ကြောင့် ညီဖြစ်သူမှာ ရှုံ့မဲ့မဲ့ဖြင့်
ပုဆိုးလေး ချွတ်ပေးလိုက်ရှာသည်

''ဟာ  ဒီမှာ ငါးပဲတွေ့တာပါ  ဟို ငါးရှဥ့်က ''

''ဟိုးးထား   ဟိုးးထား     အဲ့ဒါ ငါးရှဥ့်မဟုတ်ဘူး  အကိုတော်
သားရဲ့ ဖွားဖက်တော်လေးပါဂျာ   ချမ်းသာပေးပါ
အမေရေ
သားတော့ လူပေါင်းမှားပြီဗျ  အီးးးဟီးးးဟီးးးဟီးးး''

ကိုယ့်ပစ္စည်းလေးကိုယ် ကာကွယ်ရင်း ညီဖြစ်သူမှာ အမေတလေ
တော့သည်

''ဟားးးဟားးဟားးးဟားးး   ငါက စတာပါကွ  အဟီးးဟီးး
ငါ့ညီတောင် လူကြီးဖြစ်လာပြီ''

အကိုဖြစ်သူသည်  ဗွက်အိုင်ထဲရှိ  ငါးများကို ပုဆိုးအတွင်းသို့ နိုင်သလောက်ထည့်ကာ  

''လာ  သွားကြရအောင်  မင်းက ငါးကူမကောက်ဘူးနော်
အိမ်ကျ ကင်စားရင် မင်းဝေစုမပါဘူး''

''အကိုရယ်  စဉ်းစားကြည့်ပါအုံး  ပုဆိုးမပါ ဗလာနဲ့ ဗွက်ထဲ
ဆင်းရဲဘူးဗျ   မတော် ငါတွက်ရင် ညီ့ဘဝ ဆုံးရချည်ရဲ့
အမေရေ
မကယ်နိုင်တော့ဘူးလား  အီးးဟီးးဟီးးဟီးး''

''ကိုယ့်ညီလေးကိုယ်  ချစ်လို့စတာကိုကွာ  ငိုမနေနဲ့ အသံပြဲကြီးနဲ့
ရော့   ဒီငါးထုတ်ကိုင်ထား''

''အကို''

ဆိုင်ကယ်ပေါ်တက်ကာ  စက်နှိုးနေသော အကိုဖြစ်သူအား
ခေါ်လိုက်မိသည်

''ဘာဖြစ်ပြန်ပြီတုန်း''

''ဟို  ဟိုလေ  ငါးတွေက အရှင်တွေ''

''အဲ့ဒီတော့''

''အဲ့ဒီအထုတ်က ညီရဲ့ ရှေ့မှာထားရမှာလေ  မတွေးရဲဘူး''

''မင်းကွာ  အသိဥာဏ်ရှိတဲ့ လူဖြစ်ပြီး  ကြည့်ရှောင်ပေါ့ကွ
ကဲ  တက်မှာလား မတက်ဘူးလား ပြော''

''တက်မှာ   အခုလာပြီ  ခနလေး''

''ကြာတယ်ကွာ  ဘာဖြစ်  ---''

----ဟင်------

ကိုကိုမှာ ကြာနေသော ညီဖြစ်သူထံသို့ အကြည့်
သူနှင့် ညီကြားထဲတွင်   ဆံပင်ဖားလျားချထားသော မိန်းကလေး
တစ်ဦးကိုတွေ့လိုက်ရသည်

''မင်းး  မင်းးးးက  ဘယ်သူလဲ  ဘာလာလုပ်တာလဲ''

''ညီ  ညီမက  ဟိုနားက ရွာကပါ    ''

''အော်  ချစ်သူနဲ့ ချိန်းထားလို့လား  အကိုတို့ကအခုပဲ ပြန်တော့
မှာပါ''

''မဟုတ်  မဟုတ်ဘူးရှင့်  
ဒီနေရာက  ညီမ ကစားတဲ့နေရာပါ  အကိုတို့က အခုလို
ဖျက်ဆီးပစ်လိုက်တော့   နေရာမသန့်တော့ဘူးလေ''

''ဟမ်   ညီမက ဒီအရွယ်ကြီးကို  ဘာကစားတာတုန်း''

''ဘာပဲ  ကစား ကစားပေါ့  ရှင်တို့ သိစရာမလိုဘူး''

''ဟမ်''

ပြောရင်းဖြင့်  လေသံမာလာသော မိန်းကလေးအား
သူ  အံ့သြစွာကြည့်မိသည်    သူ ဘာလုပ်မိပါလိမ့်

''ရှင်တို့  ဒီနေရာကို  ပြန်ပြီး ရှင်းပေးမလား  မရှင်းပေးဘူးလား
ဒါပဲပြော''

''ညီ  ညီမရယ်   မနက် ရေလာချိန်ကျရင်  သူ့အလိုလို ပြန်ဖြစ်
သွားမှာပါ   အကိုတို့ကို မရစ်ပါနဲ့ကွယ်   အချိန်လည်း သန်းခေါင်
ရောက်တော့မယ်  အိမ်ပြန်နောက်ကျ  ကျ   ''

''တိတ်စမ်း
အချိန်မရှိတော့တာ  နင်တို့ မဟုတ်ဘူး  ငါဟဲ့  ငါ
ငါ့နေရာကိုမှ  ရွေးပြီး  ဖျက်ဆီးတဲ့ နင်တို့နှစ်ယောက် သေပေတော့''

မိန်းကလေးမှ   ခြေဖနောင့်ပေါက်ပြီးနောက်  ပွစိပွစိရွတ်လိုက်ရာ
သူ ရပ်နေသော မြေကြီးသည်  ပူလောင်လာခဲ့ပြီ

သူ
ဘီယာအမူးလေးပင် လွင့်ပျောက်သွားသည်

''ညီ  ရေ   ညီ   မင်းဘယ်မှာလဲ  ပြေးး  ပြေးး  အမြန်ပြေးး
ဒီမိန်းမက  လူမဟုတ်ဘူး''

''ကိုကိုရေ  ညီက ဒီမှာ    အဲ့ဒီမိန်းမကို  မကြည့်နဲ့  ဒီကိုလာ''

ညီဖြစ်သူမှာ လမ်းမပေါ်တွင် ထောင်ထားသော ဆိုင်ကယ်အနီး
သို့  ဘယ်ချိန်က ရောက်နေသည်မသိ
ဆိုင်ကယ်စက်နှိုးကာ  သူ့အားခေါ်နေသည်

''နင်တို့  ပြေးလို့ လွတ်ရိုးလား  ငါ့ဒေါသကို မြည့်ကြည့်ကြစမ်း
ငမိုက်သားတွေ''

''ဟိတ်  ရပ်လိုက်စမ်း  ''

''ဟင်''

သူတို့ ညီအကို နှစ်ယောက်အား ထိုနေရာတွင် ငါးပက်ခိုင်းသည့်
အဖိုးအို

''ဒီမယ်  ကလေးမ
နင်တို့ရဲ့  ညစ်နွမ်းမှုကို ဆေးကြောဖို့  အချိန်တန်ပြီ  ဒီကလေး
နှစ်ယောက်က ငါ့ခိုင်းစေမှုကြောင့် လုပ်ရတာ  လွှတ်ပေးလိုက်''

''အော်   အဖိုးကြီး  ရှင် ဝင်ပါပြန်ပြီလား   တွေ့ကြသေးတာပေါ့''

''ဟေ့  ကလေးတွေ  ဘာကြည့်နေကြတာလဲ  သွားတော့လေ ''

''ဟုတ်  ဟုတ်ကဲ့အဘ''

ကိုကိုလည်း  အဖိုးအိုအား  အထစ်ထစ်အငေါ့ငေါ့ဖြေရင်း
ညီ စက်နှိုးထားသော ဆိုင်ကယ်ရှိရာသို့  တဟုန်ထိုး ပြေးလေတော့
သည်

နောက်ပိုင်းတွင်တော့   မီးလုံးရောင်စုံများ  လွင့်ပျံလျှက် ကျန်ရစ်
နေသည်ကို တွေ့မြင်လိုက်ရလေသည်

ကောင်းကင်တွင်  ပျံဝဲနေသော ရောင်စုံမီးလုံးများမှာ အမြင်ဆန်း
ပြီး တမျိုးလှနေပေတည့်  ထိုလှပမှုကို မခံစားနိုင်တော့

                                    ------------------

''ရောက်ပြီဗျိုး  ''

အခက်အခဲကြားမှ လွတ်မြောက်လာသူပီပီ အိမ်ရှေ့ရောက်လျှင်
ရောက်ချင်း ညီညီကိုကို နှစ်ဦး  အသံပြဲကြီးဖြင့် အော်လေတော့
သည်

''ဟဲ့  ဟဲ့  ဘယ်အချိန်မို့  အော်နေရတာလဲ  ပတ်ဝန်းကျင်လည်း
အားနာအုံး''

သားနှစ်ယောက်ပြန်အလာကို လည်ရှည်စွာစောင့်နေသူ မိခင်မှာ
လက်ထဲမှ စိတ်ပုတီးမချ  အိမ်ရှေ့အပြေးလာထိန်းရှာသည်

''ဟဲ့  အငယ်ကောင်  အကြီးကောင် ဒါက ဘယ်လိုတွေဖြစ်''

မိခင်ဖြစ်သူ ဒေါ်သီသီမှာ  ပြောလက်စ စကားမဆက်နိုင်တော့ပဲ
အိမ်ထဲဝင်ပြေးလေသည်

''မေမေ ဘာဖြစ်သွားတာလဲ ကိုကို''

''ဟ  ဟ   အဟိ  ခွီးးးးးး''

''ကိုကိုက ဘာရီတာ     ဟာ    သွားပါပြီကွာ တလမ်းလုံး
ဒီတိုင်းကြီး   အီးးးဟီးဟီးးး  သား လူပေါင်းမှားပြီအမေရဲ့''

ညီညီသည်  အောက်တွင် ပုဆိုးမပါ ဗလာဖြင့်  ငါးများထည့်ထား
သည့် ပုဆိုးအား  ရင်ဘတ်တွင် ချည်ထားသည်လေ

''အထဲ မဝင်ကြသေးဘူးလား  ဟဲ့  အစုတ်ပလုတ်တွေ''

ဒေါ်သီသီ၏ မာန်မဲမှုကြောင့်  ညီညီမှာ သူ၏ အရှက်တော်ကို
ငါးထုတ်ပုဆိုးဖြင့်ကွယ်ကာ  အိမ်ထဲသို့ ဝင်လိုက်ရသည်

''ဟို  ဟိုလေ  သား   လူပေါင်းမှာတာပါ မေမေ''

ဘာမျှ မမေးရသေး  ဖြောင့်ချက်ပေးနေသော သားငယ်အားကြည့်
ကာ  ဒေါ်သီသီ  မရီမိအောင်ထိန်းရင်း

''အေး  အဲ့ဒီလူ မကောင်းမှန်းသိ  နောက်မပေါင်းနဲ့
အခု  ရေချိုးချေ   နှစ်ကောင်လုံး  ကြားလား''

ကိုကိုမှာ သူ့အပြစ်နှင့်သူမို့  ဘာမျှမပြောနိုင်ပါ  ရေချိုးခန်းအတွင်း
သို့ ညီညီနှင့်အတူ ဝင်ရောက်ကာ

''ညီ  ငါးတွေရော ဘယ်လိုလုပ်ကြမလဲ''

''ရော့  အဲ့ဒီငါးတွေ  ကိုကို့ဘာသာ ဘယ်လိုလုပ်လုပ်  အင့်''

ညီညီပစ်ပေးလိုက်သော ပုဆိုးထုတ်ကို  ဖမ်းယူကာ ဖြည်လိုက်
သည်

''ဟာ   ''

''ညီ    ငါးတွေ  ငါးတွေရော''

''အဲ့ဒီထဲမှာ  ရှိမှာပေါ့   ဟင်   ဘယ်ရောက်ကုန်''

ရွှံ့ညွန်ခဲများဖြင့် ပြည့်နေသော ပုဆိုးထုတ်ကို ကြည့်ကာ
ညီအကိုနှစ်ဦးမှာ   အံ့အားသင့်လျှက်

                                  ------- ပြီးပါပြီ--------

ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက် ပြောပြသော
သူ၏ ညီငယ်နှင့် တကယ့်အဖြစ်မှန်အား စိတ်ကူးဖြင့်ပေါင်းစပ်ကာ
တင်ပြလိုက်ပါသည်

Zar Zar Win
ရာရာ

Comments