..
.. "ငရဲပြည် သို့ ရောက်ခဲ့တဲ့ ည"..
""""""""""""""""""""""""""""
"တူတော်မောင် သူရိယ"
ဖုန်းထဲက Messenger စာဝင်လာတဲ့အသံကြောင့်
လုပ်လက်စအလုပ်ကို ခနထားပြီး ဖုန်းကိုကောက်ယူကြည့်လိုက်မိတယ် ...
အသက်အားဖြင့် ၃၀ ခန့်လောက်ရှိမယ်ထင်သည်။ အသားခပ်ညိုညို မရှည်မပု ခန့်ချေားကြီး ဟုဆိုရပေမည်။ ထိုလူကိုတော့ ကျနော်မသိ ။ သိုပေမဲ့လဲ သူကကိုယ့်ကိုသိလို့လာမိတ်ဆက်တာဖြစ်နိုင်သည်။
...
ဟုတ်ကဲ့ မင်္ဂလာပါ ဗျ...
"တူတော်မောင်စာရေးတယ်မလားကွ ပရလောက အကြောင်း
တွေပေါ့"
ဟုတ် ကျနော် ရေးဖြစ်ပါတယ်ဗျ...
"ဦးလေးနာမည်က ဦးညို"
(ဟိတ် နာမည်က ဦးညို ဆိုပါလား အသားကခပ်ညိုညို နဲ့ဆိုတော့ နာမည်နဲ့လူတွဲးမိတယ်ဟ)
ဟုတ် ကျနော်ဘာများကူညီပေးရမလဲ ဗျ...
" ဦးလေးကိုယ်တွေ့ ဖြစ်ရပ်မှန် လေးပြောပြခြင်လို့် ပါ"
ဟုတ်ကဲ့ ဆက်ပြောပါဗျ...
"စာရေးပြီးတော့ ပြန်တင်ပေးပါ "
ဟုတ်ကဲ့ ကျနော်အကောင်းဆုံးရေးပေးပမယ်ဗျ...
ထိုနောက်.....
"ထနှောင်ပင် ရွာ"
စံပြဈေး နေ့ ဖြစ်၍ လူတွေတိုးမပေါအောင်စည်ကားနေလေသည်။ အဖိတ်ဈေးနေ့မို့ထင်သည်။ လူတွေကြားထဲမှာလဲ ဈေးခြင်းတောင်းလက်မှာဆွဲးကာ ဈေးဝယ်နေသည့်ဦးညိုပုအပါအဝင်ပင်ဖြစ်သည်။
ဈေးဝယ် ထမင်းဟင်းချက် မိန်းမတွေရဲ့တာဝန်ဟုအများကသတ်မှတ်ထားသော်လည်း ။ မိန်းမမရှိ ၊ နေမကောင်းဖြစ်နေတဲ့မိခင်ကိုသာ လုပ်ကျွေးနေရော ဦးညိုပုအတွက် ထိုအလုပ်က အပန်းမကြီးတော့ ....
"အဟွတ် ...အဟွတ်.."
ဒေါမြရဲ့ ချောင်းဆိုးသံကြောင့် အိမ်ဘေးက မပု အပြေးအလွှား ရောက်လာသည်။
"အမေမြ နေရထိုင်ရ မသက်သာဘူးလား ဒါနဲ့ ကိုညိုပုရော"
သားလေးဈေးသွားတယ်ကွယ် အမေမြစားခြင်တာတွေချက်ကျွေးဖို့ ဈေးသွားဝယ်တာတဲ့ ...သက်တော့သက်သာနေပါပြီ
ချောင်းဆိုတာ က မပြောက်တော့ အမေမြ နေလို့မကောင်းဘူး..
"ကိုညိုပြန်လာမှဆေးဆရာကြီးအိမ်ဆေးသွားယူခိုင်းလိုက်မယ်နောအမေမြ အခုတော့သက်သာသလို နေနော် "
ဒေါပု ကအိမ်နီးနားခြင်းဆိုပေမဲ့ ဂရုစိုက်ရှာသည်။
ခနအကြာ....
....
ဈေးခြင်းတောင်းလက်မှာဆွဲးကာ ဦးညိုတယောက် ပြန်လာခဲ့သည်။မိခင်တယောက်ထဲအိမ်မှာရှိနေတာကြောင့် စိတ်မချဖြစ်ကာ လိုအပ်တာတွေကိုအမြန်ဝယ်ပြီး အိမ်ကိုအမြန်သုတ်ချေတင်လာခဲ့သည်။
အိမ်ရောက်တော့...
အိမ်ပေါမှာ ဒေါပုကိုမြင်လိုက်ရသဖြင့်
သူပို၍စိတ်ပူသွားသည်။
"အမေဘာဖြစ်လို့လဲ ဒေါပု"
အမေမြချောင်းဆိုးသံကြားလို့ ငါလာကြည့်ပေးတာ ဒါနဲ့ဆေးဆရာအိမ်ကချောင်းဆိုပြောက်ဆေး ကောင်းတယ်လို့ကြားတယ် သွားဝယ်လာခဲ့ပါလား...
"ဒါဖြင့်အခုဘဲသွားဝယ်လိုက်မယ်"
သားရယ်...ပင်ပန်းပါတယ် အမေ ဘာမှမဖြစ်ပါဘူး. အဟွတ်..
အဟွတ်.. ချောင်းဆိုတာကပျောက်သွားမှာပါညနေမှသွားဝယ်လဲ
ရပါတယ်....
"သားမပင်ပန်းပါဘူးအမေရဲ့ သားအမေအတွက်ပြုစုနေရရင်ဘဲကျေနပ်ပါတယ် ဒေါပုနဲ့ခနနေခဲ့အုံးနော်အမေ ဆေးဝယ်ကပြန်လာမှအမေစားခြင်တာ သားချက်ကျွေးမယ်နော်"
ကဲပါ အမေမြကိုတော့လစိတ်ချလက်ချနဲ့ထားခဲ့ အမေမြလဲသက်သာနေပါပြီဟ ...
ဦးညို ဆေးဆရာအိမ်က ဆေးဝယ်ပြီး ပြန်အလာ ...
....
ဟင် ဟိုရှေ့က လူနှစ်ယောက် ဘယ်သူတွေလဲဟ
ရုပ်ရှင်အဖွဲ့ကများလား လက်ထဲမှာလဲ အကောက်အကွေး ဓားလှံတချောင်းကိုယ်စီနဲ့ ရုပ်တွေကလဲကြောက်စရာ
ငါကရောဘယ်ကိုရောက်နေတာလဲ လူသွားလူလာဒီလောက်များတဲ့ လမ်းကနေ ငါက ဘာလို့လူသူမရှိတ်ဲနေရာရောက်နေတာလဲ ....
ဦးညို စဉ်းစားနေတုန်ပင်...
"လာလိုက်ခဲ့"
ဟာ ကျနော်ကဘာလို့လိုက်ရမှာလဲ ခင်ဗျားတို့် ကရော ဘယ်သူတွေလဲ ကျုပ်ကဘယ်ရောက်နေတာလဲ...
ဦးညိုရဲ့ မေးခွန်းကို ထိုလူနှစ်ယောက်ထံမှ အဖြေထွက်မလာ...
ရန်သူတယောက်ပမာ ကြည့်နေလေသည်။
"လာလိုက်ခဲ့ကွာ ကြာတယ် "
ပြောပြောဆိုဆို ဦးညိုရဲ့ ပခုံးနှစ်ဖက် ကိုထိုလူနှစ်ယောက်
ကောက်မယူကာ ဦးညိုမရောက်ဖူးသောနေရာသို့ခေါဆောင်လာခဲ့သည်။
လမ်းတလျှောက်လုံး လူတယောက်မှ မတွေ့
သစ်ပင်ပန်းပင် တိရစ္ဆာန် တွေလဲမတွေ့ ....
ဦညိုစိတ်ထဲ အသိတခုဝင်လာသည်။ အမေ ...ဟင် ငါအမေ
ငါကိုမျှော်နေရှာတော့မယ် ..ငါကရော ဘယ်ရောက်နေတာလဲ..
ူ"အမေမြ ...အမေမြ ..."
ဟဲ့ဖိုးခွေးဘာကိစ္စ ရှိလို့လဲအမေမြအိပ်နေတယ်....
ဒီလိုဒေါပု ဟို ..ဟိုလေ ကိုညို...
"ပြောစမ်းပါဟယ် ကိုညို ဘာဖြစ်လို့လဲ "
ကိုညို ... လမ်းထိပ်မှာ ကားတိုက်မိပြီးဆုံးလို့...
"ဟင် ...ဟာ... ဖြစ်မှဖြစ်ရလေဟာ"
ဖိုးခွေးဘာပြောတယ် ..ငါ့သားလေးကားတိုက်လို့သေပြီဟုတ်လား မဖြစ်နိုင်ဘူး ငါသားကဆေးသွားဝယ်တာလေ...
"စိတ်ကိုထိန်းပါအမေမြရယ် အမေမြကကျန်းမာရေးလဲသိပ်ကောင်းသေးတာမဟုတ်ဘူး "
ခနအကြာ...
လူနာတင်ယဉ်တစဉ်း ဒေါမြ အိမ်ရှေ့ ထိုးရပ်လိုက်သည် ။ ဦးညိုရဲ့ မိခင် ရှိလား ...ကျနော်တို့် ကဆေးရုံကပါ..
ဒေါမြမျက်ရည်တွေကြားက အသံလာရာကို လှမ်းကြည့်လိုက်သည်။
အဒေါဘာဘဲကွယ် ...ဘာကိစ္စ များရှိလို့လဲ ...
" ပြောရမှာတော့ စိတ်မကောင်းပါဘူးအဒေါရယ် အဒေါရဲ့သားဦးညို ကားတိုက်မူ့တခုကြောင့် သေဆုံးသွားခဲ့ပြီး မနက်ဖြန် မနက် အလောင်းကောင်ခွဲးစိတ်ဖို့အတွက် လက်မှတ်လာထိုးခိုင်း တာပါဗျ"
"အမလေး အမေ့သား လူလိမ္မာ လေးဖြစ်မှဖြစ်ရလေသားရယ် "
ဒေါမြတယောက် သားအတွက်ယူကြုံးမရဖြစ်ကာ မရူးတပိုင်းပမာအော်ငိုနေရှာသည်။...
...
ငါသားကိုမတွေ့ရမချင်းငါလက်မှတ်မထိုးပေးနိုင်ဘူး
ဒေါမြရဲ့ စကားကြောင့်အကုန်အခက်တွေ့ကုန်သည်။သူပြောတာလဲမှန်နေသည်။
"ဒါဖြင့် ရင်လဲ အလောင်းစောင့်တယောက်ထည့်ပေးလိုက်ဗျာ..
မနက်ကြမှ အမေမြလာကြည့်ပေါ့.. အကောင်းဆုံးဖြစ်အောင်ဆက်လုပ်ကြတာပေါ့"
ဒီတကြိမ်တော့ဒေါမြ ဘာစကားမှပြန်မပြော ခေါင်းသာငြိမ်ပြ၍ ငိုကြွေးနေရှာသည်။
အလောင်းကောင်စောင့်အဖြစ် အိမ်းဘေး လူနှစ်ယောက်လိုက်သွားကြသည်။
....
ခင်ဗျားတို့ကျနော်ကိုဘယ်ခေါလာတာလဲဗျ အိမ်မှာအမေစိတ်ပူနေလိုက်မယ်ဗျ အမေဆေးသောက်ဖို့ ဆေးမပေးရသေးဘူးဗျ
ပြန်ပေးပါဗျာ...
ထိုလူနှစ်ယောက်ထဲကတယောက်က ဦးညိုပြောနေတာတွေကိုစိတ်မရှည်တော့ဟန်ဖြင့်ကြည့်ပြီး....
"တိတ်တိတ်နေ စမ်းကွာ ဟိုရောက်ရင်သိလိုက်မယ်"
...
... သိပ်မကြာလိုက်ပါ ထိုလူ တွေ က လူတယောက်ထိုင်နေတဲ့ ရှေ့သို ခေါဆောင်သွားသည်။ အစောကလူနှစ်ယောက်ထက် ပိုပြီးအဆပေါင်းများစွာ ကြောက်စရညကောင်းသော လူကြီး တယောက် အခန့်သားထိုင်နေသည် ။ သူရှေ့မှာတော့စာအုပ်အထူကြီး ရှိနေသည်။
"ဒါနဲ့မင်းနာမည်"
...
ထိုလူကြီးကစတင်မေးလာသည်။
ကျနော်နာမည် ဦးညိုပါ ....
နာမည်ကြားသွားတော့ ထိုလူကြီး ရှေ့မှာရှိသောစာအုပ်ကို အမြန်လှန်ကြည့်လိုက်သည်။
"ဟာ မင်းသေနေ့မစေ့သေးဘူး ၊ ဟကောင်တွေမင်းတို့လူမှားပြီး
ခေါလာကြပြီ။ ငါခေါခိုင်းတာ သူတို့်ရပ်ကွက်ထဲက ၊အမူးသမား
လူပြည်အတွက်အကျိုးမပြုဘဲ ၊မကောင်းတာမှန်သမျှလုပ်တဲ့
အေးမောင်ကိုခေါခိုင်းတာကွ သွားသွားဒီကောင့်ကိုမြန်မြန်ပြန်ပို့လိုက်ကြ."
"ခနနေအုံး ပြန်မပို့ခင် ငရဲဆိုတာတကယ်ရှိကြောင်းသိအောင် လိုက်ပြလိုက်အုံး"
ဟင်...ငရဲပြည် ဆိုပါလား ..ဟာမဖြစ်ဘူး ငါသေပြီးရောက်လာတာပေါ့ မဖြစ်ဘူး ငါမရှိရင်အမေတယောက်ထဲ ဟာ..
အမြန်ပြန်ပို့ပေးကြပါဗျာ ....အမေမျှော်နေလောက်ပြီဗျ....
"အေးပြန်ရမှာပါစိတ်ချ မပြန်ခင်မကောင်းတာလုပ်ရင်ဘယ်လိုခံစားရမလဲလိုက်ကြည့်"
အမှန်တော့ဦးညို လိုက်မကြည့်ခြင်တာအမှန်ပေ မိခင်ဆီကိုသာပြန်ဖို့ စိတ်က အလွန် ဆန္ဒ စောနေသည်။
....
ထိုလူကြီးနှစ်ယောက်လက်ညိုးညွန်ပြရသို့ လှမ်းကြည့်လိုက်သည်။
..ဟို ..နဲနဲနောနောလူအုပ်ကြီးမအိပ် ဆူပူအိုးထဲမှာ မြုတ်လိုက်ပြန်ပေါလာလိုက်နဲ့ ... ဒယ်အိုးဘေးမှာ ကပ်နေသော်လည်းငရဲသားတွေကအပေါကနေ အချွန်တွေနဲ့ပြန်ထိုးချနေသည်။
ဟူး ...ကိုညို ကြောက်စိတ်တွေတအားဖြစ်လာသည်။
မကြည့်ခြင်တော့ဘူးဗျာ ...
"ကဲ အဲဒါလူပြည်မှာမကောင်းလုပ်တဲ့သူတွေ သူများပစ္စည်းခိုးတဲ့လူတွေအဲလိုလူတွေခံရတဲ့နေရာဘဲ ၊ နောက်တနေရာလိုက်ပြမယ် "
"နေရာပေါင်းများစွာကို လိုက်ပြနေသည်။ မြင်ရတွေ့ရသမျှ စိတ်ချမ်းမြေဖွယ်ရာတခုမှမရှိ..."
ဦးညို သဘောက်ပေါက်သွားခဲ့သည် ။ငရဲဆိုတာ နာကျင်ခြင်းမျိုးစုံခံရတဲ့ နေရာပါလားဆိုတာ..
...
ကဲမင်းပြန်ခြင်လှတဲ့အိမ်လိုက်ပို့ပေးမယ်..
&...&...&
ဟိုမှာမင်းအမေငိုနေပြီး မင်းအမြန်ပြန်တော့...
"ကျုပ်ကဘယ်လိုပြန်ရမလဲ "
ဟုတ်သားဘဲကွ မင်းအလောင်းကောင်လဲမတွေ့ပါလား
အမြန်ရှာစမ်း...
ကျန်တဲ့လူတယောက်က...
ဟော သူအလောင်းကဆေးရုံမှာ တော်သေးတာပေါ့ကွာ
အချိန်မီလို့မဟုတ်ရင်မင်းဘတော့ငေလူဘဲ ငညိုရေ...
ကျနော် အလောင်းဘေးတွေ ထွန်းခိုင်နဲ့အတူ ကြည်စိုးတို့နှစ်ယောက်ထိုင်စောင့်နေကြသည်။
."ကဲ မြန်မြန်ဝင်ပေတော့ ငညို"
ပြောပြောဆိုဆို ကျနော် ကိုဆောင့်တွန်းချလိုက်သောကြောင်း
ကျနော် ခန္ဓာ ကိုယ်ပေါ ပြုတ်ကြခဲ့ သည်။
ဟူး..ကျနော်ကိုလာမခေါနဲ့ နောက်တခေါက်မလိုက်တော့
မလိုက်တော့ဘူး...
ကျနော်အသံ ဘယ်လောက်ကျယ်သွားလဲမသိ ... ဘေးနားက
ထွန်းခိုင်တို့နှစ်ယောက်သရဲ သရဲ ကိုညိုသရဲဆိုပြီး အော် ပြီးထွက်ပြေးသွားကြသည်။ ကားတိုက်ထားတဲ့ဒဏ်ရာတွေနဲ့မို့ ထလိုမရ
အလောင်းကောင် တွေနဲ့အတူ တည နှပါးသွားအိပ်ခဲ့ရသည်။
မနက်လင်းတော့ ရဲတွေနဲ့အတူ အမေရော ဆရာဝန်တွေရောလာမှ ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်တော့ အမေ ဝမ်းသာအားရဖြင့် ကျနော်ကိုဖက်ပြီးငိုပြန်သည်။
...
ကျနော်တို့ရပ်ကွက်ထဲက အေးမောင်... အရက်မူးလို့ ရန်ဖြစ်တာ ဓားထိုးမူဖြင့် သေ သွားခဲ့သည်။ အေးမောင်သေဆုံးပြီးတဲ့နောက် ငရဲမှာခံရမှာကို ကျနော်တွေးပြီး ကြောက်စိတ်တွေဖြစ်ကာ
ထိုနေ့ညမှစ၍ ဆေးရုံ ကဆင်းပြီးတဲ့နောက် မကောင်းမူကိုရှောင်ကာ ကုသိုလ် ရမဲ့အလုပ်နဲ့ဘဲအမေ့ကိုရှာကျွေးလာတာ အခုချိန်ထိပါဘဲ...
..
ဦးညိုပြောပြသော ကိုယ်တွေ့ဇာတ်လမ်းလေးထိုနေရာတွင်ပြီးဆုံးသွားလေပြီ ...
...
မကောင်းမူဟုသမျှ စိတ်ကွယ်ရာမရှိ ကိုပြုသည့်ကံပဲ့တင်သံ
တနေ့ကိုယ်ပြန်ခံစားရမည်။ မကောင်းမူတခုလုပ်မယ်လို့တွေးမိတိုင်း ငရဲရှိတယ်ဆိုတာ တွေးမိကြပါစေ...
တောင်ကြီးသားလေး "သူရိယ"
စာမစစ်အားလို့ ဒီတိုင်းဘဲတင်လိုက်တာပါအမှားပါရင်တောင်းပန်အပ်ပါတယ်ဗျ...

Comments
Post a Comment