" ညမထွက်ရ "
ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် )
အပိုင်း (၃)
>_<_>_<
ကိစ္စတစ်ခုအား အဖြေရှာရန်ကြိုးစားနေချိန် ……
ညနေခင်း ၀န်းကျင် ၏
အလှတရားအား လက်တလော မခံစားနိုင်သေးသည့်
သူများမှာ ရွာထဲရှိ အိမ်တစ်အိမ်ရှေ့မှ
ကွပ်ပစ်ဝိုင်းတစ်ခုတွင် ရေနွေးကြမ်းသောက်နေသူနှစ်ဦးပင် ။
“ ဘကြီး ချစ် ….
ကျုပ်တို့ ရွာမှာ အခုဖြစ်ပျက်နေတဲ့ ကိစ္စတွေက
ကျုပ် အဘ(အဖေ) ပြောခဲ့တဲ့ ရွာသမိုင်းအကြောင်း
အိပ်ယာဝင်ပုံပြင်တွေနဲ့များ ဆက်နွယ်နေသလား…. ”
ရွာကိစ္စအား အမျိုးမျိုး အဖြေရှာနေသည့်
ရွာသူကြီး ဦးရန်ပိုင် ကိုယ်တိုင် ရှင်းရခတ်သည့်ပြဿနာကြုံတိုင်း
ဖခင်မှာခဲ့သည့်အတိုင်း ကွယ်လွန်သူအဖိုးဖြစ်သူ ၏
မိတ်ဆွေရင်းဖြစ်ခဲ့သူ ရွာမှ အသက်အရွယ် အကြီးဆုံး
လူကြီးသူမဖြစ်ပြီး ဗဟုသုတကြွယ်ဝသူ
ဘကြီး ချစ်ဖွယ် အား… မေးမြန်ခဲ့သည် ။
သတ်ကြီးစကားသတ်ငယ်ကြားဟူသည့်
ဆိုရိုးအတိုင်းပင်… ။
ဘကြီးချစ်ဖွယ်မှာ အရပ်ပုပု ခန္ဓာကိုယ် သေးသေးဖြင့်
ကလေးငယ်တစ်ဦးသဖွယ် မျက်နာရွင်သူဖြစ်ပြီး ၊
နာမည်နှင့်လည်း လိုက်ဖက်ပေသည် ။
“ နေစမ်းပါဦး ငါ့မြေးရ …
မင့် ပြောတဲ့ ရွာသမိုင်းဆိုတာ
မင်းသိသလောက် အရင်ပြောကြည့်စမ်းပါ ၊
ဒါမှ မင်းသိနေတာ မှားလား မှန်လား
တကယ်လား ၊ဆိုတာ အဘသိသလောက်
ပြင်ပေး ပြောပေးလို့်ရမှာပေါ့ … ”
“ ဟုတ်ကဲ့ ဘကြီး …
ကျုပ်သိသလောက်က
ကျုပ်အဖေက ပြောဖူးတယ်
ဒီရွာရဲ့ အရင်နာမည်က ကောက်သစ်ရွာတဲ့
နောက်ပိုင်း စစ်ပွဲဖြစ်တော့
ဂျပန်တွေ တပ်ပြန်ခေါက်ရင်း
ကျုပ်တို့ရွာက ဖြတ်ပြေးကြတုန်း
ဗြိတိလျှ စစ်ကြောင်းနဲ့တွေ့ပြီး
ဆုန်လာကြတဲ့ ဂျပန်တပ်သားတွေ
သေကုန်ကြတယ်ပြောတယ် …
နောက်ပိုင်း သေသွားတဲ့ ဂျပန်တွေနဲ့
စစ်အတွင်က ရွာလုံးကျွတ်သေသွားတဲ့
အနားက ရွာသားတွေ မကျွတ်ပဲ
ရွာပတ်ဝန်းကျင်မှာ ကျက်ကုန်းလိုလို ရှိနေပြီး ၊
ညဘက် ဒီရွာက လူ အပြင်ထွက်တာနဲ့
လှည့်စားပြီး ခေါ်သွားရော.. ၊
ရွာကလူတွေ ညဘက်ထွက်တိုင်း
တော်တော်များများ ပျောက်သွားပြီးရင်
ရွာပြန်မရောက်တာနဲ့ ပြန်ရှာမတွေ့တာချည်းပဲ ၊
တွေ့ရင်လည်း ရူးနေတာတို့ ၊
တောကောင် စားသောက်ထားသလို
အရိုးတစ်ခြား အသားတစ်ခြား လောက်ပဲ
ပြန်တွေ့ရတယ် ၊ဒါကြောင့်
အနားပတ်ဝန်းကျင်က ရွာတွေက
ကျုပ်တို့ရွာကို ညမထွက်ရရွာလို့
ခေါ်ကြရင်း အမည်ပြောင်းသွားတာ လို့
အဘကတော့ ပြောဖူးတယ် ”
ရွာသူကြီး ဦးရန်ပိုင်
စကားအဆုံးတွင် …
ဘသက်ရှည်ကြီး ဦးချစ်ဖွယ်က
ရေနွေးတစ်ငုံမျှသောက်လိုက်ရင်း
မပြောမဆိုနှင့် အိမ်ထဲဝင်သွားလေပြီး ၊
ခေတ္တအကြာတွင် ရှေးဟောင်းပန်းကနုတ်များဖြင့်
ထုစစ်ထားသည့် သေတ္တာအို အငယ်လေးတစ်ခုအား
ယူလာပြီး ဖွင့်လိုက်ရာ အတွင်းတွင်
ကတ္တီဘာသားအစ အနီရောင်ဖြင့်
သေချာထုတ်ပိုးထားသည့် ရှေး ပုရပိုက်စာများ
အစီအရီထွက်လာပြီး နောက် သေတ္တာတွင်းမှ
ရှေးဟောင်း ရွှေလက်ကောက်နှင့် နားထောင်းအချို့လည်း
ထွက်လာသည်ကို မြင်ရသည် ။
ဘကြီး ချစ်ဖွယ်က ထိုပစ္စည်းများအား
ရွာသူကြီး ဦးရန်ပိုင် ထံ ကမ်းပေးရင်း
“ ဒါတွေက ရှေးပစ္စည်းတွေဆိုတာ
မင်းလည်းသိမှာပေါ့…
အိမ်း.. မင်းသိချင်တာ ဘာလည်းငါသိတယ်ငါ့မြေး
မင်းတကယ်သိချင်နေတာက
ဒီပစ္စည်းတွေက အဘဆီ ဘယ်လိုရောက်နေတာလဲ
အဘလို အဖိုးကြီးက ဘယ်ကရလာတာလဲ သိချင်နေတာမို့လား…
ငါပြောပြမယ် …
ခုနက မင်းပြောခဲ့တဲ့ ရွာသမိုင်းက
ဘယ်လိုဆိုရမလဲ တစ်စိတ်တဒေသတော့ မှန်ပေမယ့်
မပြည့်စုံသေးဘူးကွယ့် မှားတဲ့နေရာတွေ ၊
လိုအပ်တဲ့ နေရာတွေလည်း ရှိနေတယ် ၊
အဖြစ်မှန်က ဒီလိုကွယ့် ……….
မင့် အဘပြောသလို စစ်အတွင်းကပေါ့ကွာ …
တို့တိုင်းပြည်ကြီးတစ်ခုလုံး
ဟိုဟိုဒီဒီ လူသေအလောင်းတွေအပြည့်နဲ့
နေရာအနှံ့ အနိဌာရုံ မီးဟုန်းဟုန်းတောက်နေတဲ့အချိန်
ဂျပန်စစ်တပ်ကြီးကို မဟာမိတ်တွေက
လေယာဉ်တွေနဲ့ ဗုံးကျဲလိုက်
လူအင်အား စစ်ပစ္စည်း အင်အားအပြည့်နဲ့
ခြေမှုန်းလိုက် လုပ်နေတော့
ဂျပန်တွေ တို့မြေပေါ်က
ခွေးပြေးဝက်ပြေး ပြေးနေကြရတဲ့အချိန်မှာပေါ့ကွာ …
တစ်နေ့
ဘယ်ကဘယ်လို တပ်ခေါက်လာမှန်းမသိတဲ့
ဂျပန်စစ်တပ် က စစ်သားတစ်ချို့..
အင်း…ငါ့အထင် စစ်သား အယောင် နှစ်ဆယ်လောက်
ရှိမယ် … သူတို့တွေက တပ်ဆုတ်ရင်းနဲ့
တို့ရွာဆီရောက်လာကြတယ် ၊
တို့ရွာဆိုလို့ပြောရဦးမယ် ….
အဘက ဒီ ညမထွက်ရ ရွာသားအစစ်မဟုတ်ဘူး ၊
အခုပြောနေတာက အဘနေခဲ့တဲ့ရွာ …
ဒီရွာကနေဆို မိုင်ပေါင်းများစွာဝေးတာပေါ့ ၊
ထားပါတော့
ဒါတွေနောက်ပြောရင်းပါလာလိမ့်မယ်…
စကားပြန်ဆက်ရအောင် ….
အဲ့ဒီ ဂျပန်တပ်နဲ့အတူပါလာတာက
တို့နဲ့ အနီးအနားရွာတွေက
အားကောင်းမောင်းသန် ယောကျာ်းသားတွေချည်းပဲ
သူတို့တွေအားလုံးက ကိုယ်စီကိုယ်စီ
သေတ္တာကြီးတွေကို အဖွဲလိုက် လေးငါးယောက်စုပြီး
ထမ်းပိုးလာကြတာကွ ၊ သေတ္တာကြီးတွေ က
အလုံး နှစ်ဆယ်လောက်ရှိမယ် ၊ အထဲမှာ
ဘာတွေပါလည်းတော့မသိဘူး ၊ အဲ့အချိန်က
ငါတို့အားလုံးထင်ခဲ့တာတော့ စစ်ပစ္စည်းတွေပဲပေါ့ …
တို့ရွာရောက်တော့
ဂျပန်တွေ ထုံးစံအတိုင်း
သေနတ်ကြီးတွေနဲ့ ချိန်ပြီး တို့တွေကို
ကျွန်တွေလို အသေအကြေ ခိုင်းလည်းခိုင်း
နှိပ်လည်း နှိပ်စက်ပါလေရော ၊
ရွာက မိန်းကလေးတွေကိုလည်း အနိုင်ကျင့်ကျတယ် ၊
သူတို့စိတ်မထင်တဲ့သူတွေဆို
တစ်ခါတည်း ပစ်သတ်ပစ်တာ ..
ဂျပန်စစ်ဗိုလ်ကလည်း တော်တော်
ရက်စက်တဲ့လူ …
ကြားထဲကဟာတွေကထားပါတော့
လိုရင်းဆက်ရရင် အဘက
အဲ့အချိန်က လူငယ်ပေါ့
ငယ်ငယ်ရွယ်ရွယ်နဲ့ သန်သန်စွမ်းစွမ်းရှိတဲ့အချိန်လို့ဆိုရမယ်
ဒါကြောင့် ဂျပန်တွေက အဘကို
သေတ္တာကြီးတွေ ထမ်းတဲ့ အဖွဲ့ထဲမှာ လုပ်ကိုင်ဖို့
အတင်းခေါ်သွားခဲ့ကြတယ် ၊
ရွာဦးစေတီတော်ကိုလည်း
သူတို့တွေ ဖြိုပစ်ပြီး အထဲက
ရှေးဟောင်းမှတ်တမ်းတွေ ပေစာတွေ ၊
ပုရပိုက်တွေ ၊ ဌာပနာတွေကိုလည်း အကုန်
တစ်ခါတည်းယူသွားကြတယ် ၊
နောက်ပြီး ဒီဂျပန်တွေက
တပ်ဆုတ်တာတောင် အကြံကြီးတယ်
သူတို့ တပ်ခေါက်လာသမျှ လမ်းတစ်လျောက်က
ရွာတွေထဲဝင်ပြီး အဲ့ရွာတွေက
မိန်းမပျိုလေးတွေဆို အတင်းဖျက်ဆီးပစ်ပြီးမှ
သတ်ပစ်ကြတယ် ၊ ရွာက အဖိုးတန်ပစ္စည်းတွေဆို
အကုန်သိမ်းကြုံးသယ်သွားကြတာ ၊
တစ်ချို့ ရွာလုံးကျွတ်အသတ်ခံရတဲ့ ရွာတွေတောင်ရှိတယ်
ပြီးရင်လည်း အဲ့ရွာတွေက
ကာလသားတွေကို အဘတို့လို
သေတ္တာကြီးတွေကို ထမ်းခိုင်းပြီး သူတို့နောက်လိုက်ခိုင်းတယ် ၊
အဲ့ဒီလို လုပ်ပြီး ခရီးသွားနေရင်း အထမ်းသမားတွေထဲက
ငှက်ဖျားမိတဲ့သူတို့ ၊ ဖျားနာတဲ့သူတွေ ၊
ထွက်ပြေးတဲ့သူတွေ ၊
ခြေလက် ထိခိုက်ပြီး ပစ္စည်းမသယ်နိုင်တဲ့သူတွေဆို
နေရာတင် သေနတ်နဲ့ ပစ်သတ်ပစ်ခဲ့ပါလေရော..
တစ်ရွာဝင်တစ်ရွာထွက်နဲ့ ဒီလိုလုပ်လာတာ
ဂျပန်ဗိုလ်စိတ်ကူးက အရင်သူစုထားတဲ့
ရတနာပစ္စည်းတွေအပြင် တပ်ခေါက်လာတဲ့
လမ်းတစ်လျောက် မတရားသဖြင့် ရလာခဲ့တဲ့
ရွှေငွေနဲ့ ရှေးဟောင်းပစ္စည်းတွေကို
သူတို့တိုင်းပြည်အရောက် ပြန်သယ်သွားဖို့တဲ့ ….
ဒီအကြောင်းတွေကို
အဘနဲ့အတူ သေတ္တာကြီးကို
ထမ်းပိုးရတဲ့ လူပြောပြလို့အဘသိလိုက်ရတော့
အဲ့တော့ အဘလည်း တစ်ခုစဉ်းစားမိတယ်
သူတို့တွေ ငါ့ကို ခိုင်းလို့ဝသွားရင်
သေနတ်နဲ့ ပစ်သတ်မှာသေချာတယ် …
ဒီတော့ သူတို့တွေပစ်သတ်လို့
သေမှာထက် … ကိုယ့်ဘာကိုယ်
အခွင့်အရေးရတာနဲ့ ထွက်ပြေးရမယ်…
လို့ ဆုံးဖြတ်ထားတာ …
ဟုတ်တယ်လေ.. သေမယ့်အတူတူ
အနည်းဆုံးတော့ အသက်ရှင်လိုရှင်ငြား
ကြိုးစားရမယ်လေ … ၊
ဒီစိတ်ကူးကိုလည်း အဘ ဘယ်သူ့ကိုမှ အသိမပေးခဲ့ဘူး ၊
သတင်းပေါက်သွားရင် ဘာမှမဟုတ်ပဲ
အသတ်ခံရနိုင်တယ်လေ … ၊
ဒီလိုနဲ့ သူတို့အဖွဲ့နဲ့ အဘ ပါသွားလိုက်တာ
ရက်တော်တော်ကြာတယ် ……..
နားလိုက် ခရီးဆက်လိုက် ၊ တွေ့တဲ့ရွာ ၀င်မွှေသွားလိုက်နဲ့ပေါ့ ၊
နက်လှပါတယ်ဆိုတဲ့ တောအသွယ်သွယ်
တောင်အထပ်ထပ် ၊ မြစ်ချောင်းတွေကို
ခတ်ခတ်ခဲခဲ ဖြတ်သွားကြရတယ် ၊
တစ်နေ့ကျတော့ ဂျပန်တွေကြည့်ရတာ
ဂနာမငြိမ်ဖြစ်နေကြတယ် ၊ အဘတို့လည်း
နောက်မှရိတ်စားမိကြတာ .. သူတို့တွေ
သတင်းရထားတာက …..
အဘတို့နိုင်ငံထဲက ဂျပန်တွေရဲ့
နယ်စပ် ခံစစ်နေရာတွေကို
မဟာမိတ်တပ်တွေက
ရေကြောင်းကနေ သိမ်းသွားကြလို့တဲ့ ၊
ဂျပန်စစ်ဗိုလ်ဆို အဲ့နေ့က တစ်နေကုန်
အတော်လေး ဒေါပွနေတာ …
နောက်ပြီး သူတို့ချင်း ဂျပန်လိုပြောပြီး
အဘတို့အားလုံးကို အမြန်သွားခိုင်းတယ်…
အနောက်က ရန်သူတွေက မြန်မြန်
လိုက်လာနိုင်မယ့်သဘောမျိုးရှိတာ
သူသိနေတယ်လေ … ၊
အဘတို့လည်း
ပင်ပန်းနေကြပေမယ့် အသတ်ခံရမှာလည်းကြောက်တော့
သူတို့ပြောသမျှ ချက်ချက်လိုက်နာရတယ် ၊
ခြေလှမ်းတွေကို အားတင်းရင်း ခပ်မြန်မြန်သွားကြရတယ်
ရက်တော်တော်လေး ခရီးဆက်လာကြပြီး
တစ်နေရာ ရောက်တော့ ဂျပန်တွေကရပ်ပြီး
ဒီနေရာမှာ သုံးလေးရက်နေမယ်ဆိုပြီး
ပြောလာတယ် … ဒီစကားတွေကလည်း
အဘတို့တွေ ဂျပန်စကားတက်လို့မဟုတ်ဘူး ၊
သူတို့အဖွဲ့က မြန်မာစကားနည်းနည်းပါးပါးတက်တဲ့
ဂျပန်စစ်သားတစ်ယောက်ပါလာလို့ သိရတာ …
စခန်းချတဲ့နေရာကလည်း
နေရာကောင်းကြီး ၊ တကယ့်နာမည်ကြီးနေရာ..
ပြောရရင် အဘတို့ စခန်းချတဲ့နေရာက
အခု ညမထွက်ရ ရွာရဲ့ မြောက်ဘက်တည့်တည့်မှာရှိတဲ့
တောနက်ကြီးထဲက တစ်နေရာမှာပဲ ….
မင်းတို့တွေကတော့ သိမယ်မထင်တော့ဘူး
ဘာလို့လဲဆိုတော့ အဲ့နေရာက လူအရောက်နည်းလာပြီး
တောနက်ကြီးလိုဖြစ်နေလောက်ပြီ အခုဆို …
ခုနက အဘနာမည်ကြီးနေရာလို့
ပြောခဲ့တယ်မဟုတ်လား….
အေး…. အဲ့လို ဘာလို့ပြောလဲဆိုတာ
နောက်သိလာလိမ့်မယ်
အခုတော့ ဒီတိုင်းဆက်နားထောင်
အဲ့နေရာကြီးက တစ်ချိန်တုန်းက
အတော်လေး စည်ကားတဲ့ ရွာကြီးတစ်ရွာတဲ့
နောက်စစ်ဖြစ်တော့ ရွာမှာ အသတ်ခံရတာနဲ့
ဗုံးဒဏ်မိတာနဲ့ လူတွေအကုန်လုံးနီးပါးသေသွားကြပြီး
ကြက်ကုန်းကြီးလိုဖြစ်နေတာ …
အခြောက်အလန့်ကလည်း ကြမ်းသလားမမေးနဲ့
အဲ့နေရာကို နွားကျောင်းသမားတွေလည်းမသွားရဲကြဘူး
သွားရင်လည်း နွားအမြဲ ပျောက်တယ် ၊
နွားမပျောက်ရင် နွားကျောင်းသမားပျောက်တယ် ၊
ဒါထုံးစံပဲ မယုံဘူးဆိုပြီးသွားစမ်းတဲ့သူတွေဆို
ရူးကြောင်ကြောင်ဖြစ်တဲ့သူနဲ့
ပျောက်သွားတဲ့ အဖြစ်တွေပဲ ဖြစ်ခဲ့ရတယ် ၊
မနက်ဘက်တောင် သုံးလေးယောက်သွားရတဲ့နေရာ
မြေကြမ်းကြီးမှာ အခုကြည့်
အဘတို့မှာ
ဂျပန် ငပုတွေကြောက်ရလို့
ညအချိန်ကြီး ဒီနေရာရောက်နေရတယ် ….
အိပ်ရတော့လည်း
အဘတို့တွေကို
တစ်ယောက်ဆီ လက်ချင်းတွဲပြီး
ကြိုးချည်ထားပြီး စက်ဝိုင်းပုံစံနဲ့
သေတ္တာကြီးတွေကို ၀ိုင်းထားတဲ့ပုံစံမျိုးအနေအထားနဲ့
အိပ်ခိုင်းတယ် ၊ ပြီးတော့မှ ဂျပန်တွေက
အဘတို့အိပ်နေတဲ့နေရာ အပြင်ဘက်က
ထောင့်အသီးသီး နေရာကောင်းတွေမှာ
သုံးလေးယောက်ဆီခွဲပြီး စုအိပ်ကြတယ်
ညကင်း အလှည့်ကြစောင့်နေတဲ့ သူတွေလည်းရှိတယ် ၊
ညဆိုပေမယ့် မီးပုံလုံးဝ မဖိုရဘူး
ရန်သူတွေသိသွားမှာစိုးလို့တဲ့
ခြင်ကိုက် ဖြုတ်ကိုက်လည်း ခံကြတာပဲ
အဘတို့လည်း ရေကြမ်းမြေကြမ်းနေရာကြီးမို့
အပေါ့အပါးလည်းမသွားရဲ ၊
ကြောက်ကလည်းကြောက် ၊
ဝေဒနာကိုလည်း မညည်းရဲကြဘူး
သူတို့က အသံလုံးဝမထွက်ဖို့ မှာထားတယ်လေ …. ၊
ပြီးတော့ အဘလည်း တစ်နေကုန်ပင်ပန်းလာတာနဲ့
အိပ်ပျော်သွားတယ် မကြာပါဘူး
အဘအိပ်နေတုန်း အသံတွေကြားရတော့
အဘလည်း လန့်နိုးလာရော …
အဘနည်းတူအကုန်လုံးနီးပါ နိုးနေကြတယ်
အဘတို့အားလုံးလည်း ကြောက်လန့်နေကြတယ် ၊
ဘာဖြစ်တာလဲပေါ့ … ဂျပန်တွေကတော့
တောထဲက တစ်နေရာကို သေနတ်တွေနဲ့
ထိုးချိန်ထားကြတယ် ….
မဟာမိတ်တပ်တွေများ ၀င်လာသလားပေါ့
ဂျပန်တွေ သေနတ်နဲကချိန်ထားတဲ့အရပ်ကနေ
လူသံတွေလည်းအတိုင်းသားကြားနေရတယ် ၊
ဆူညံနေတာပဲ ….
အဘတို့အတွက်တော့ ဒါသွေးရိုးသားရိုးမဟုတ်မှန်း
ရိပ်စားမိတော့ ဘုရားပဲတနေမိတယ် ၊
မကြာပါဘူး …
အဘတို့ထင်တဲ့အတိုင်းပဲ
အသံတွေကြားနေရတဲ့ဘက်ကနေ လူငါးယောက်
မီးတုတ်တွေနဲ့ပြေးလာကြတယ်
ယောကျာ်းလေး နှစ်ယောက်နဲ့
မိန်းကလေး သုံးယောက် …
ဂျပန်တွေကလည်း တကယ်ကြီး
ပစ်တော့မယ့်ပုံနဲ့ သေနတ်တွေနဲကချိန်ထားကြတုန်း ၊
ဂျပန်စစ်ဗိုလ်က လက်ကာပြရင်းတားလိုက်ပြီး
လာတဲ့သူတွေကို မေးခိုင်းတော့
သူတို့က “ ကျုပ်တို့က
ဒီဘက်နား ‘ လယ်တစ်လုံးဂူ ’ ရွာကပါ…
ဒီနားကို မာစတာကြီးတို့စစ်တပ်ရောက်နေတယ်
သတင်းကြားလို့ ကျုပ်တို့ရွာမှာ လာတည်းကြဖို့အတွက်
လာဖိတ်တာပါ ရွာမှာလည်း ပျော်ပွဲရွှင်ပွဲလုပ်နေတော့
မာစတာကြီးတို့ အပန်းဖြေနိုင်တာပေါ့ ”
သူတို့စကားနားထောင်ပြီး
မြန်မာလိုနည်းနည်း နားလည်တဲ့ ဂျပန်စစ်သားက
စစ်ဗိုလ်ကို ဘာသာပြန်ပြတော့ စစ်ဗိုလ်က
သူရဲ့စစ်သားနှစ်ယောက်ကို
တကယ်ဟုတ်မဟုတ် အဲ့လူတွေနဲ့လိုက်ခိုင်းလိုက်တာနဲ့
စစ်သားနှစ်ယောက်လည်း ဟိုလူငါးယောက်နဲ့
လိုက်သွားကြရော… ။
အဘ မသင်္ကာတာက အဲ့ငါးယောက်က
လူမဟုတ်လောက်ဘူးဆိုတာပဲ ၊
သူတို့ရဲ့
အ၀တ်အစားတွေကတော့ သာမာန်တွေပါပဲ
ထူးဆန်းတာက သူတို့မျက်နာတွေ …
ဘယ်လိုဆိုရမလဲ .. တစ်မျိုးကြီးတွေပဲ
စကားပြောပုံတွေက အသက်မပါသလို ၊
သေချာတာကအပေါ်ယံကလူတစ်ယောက်
မျက်နာထားဆိုပေမယ့် အဘတို့တော့
သူတို့တွေကို လူတစ်ယောက်မဟုတ်မှန်း
မသိစိတ်ထဲကအလိုလို ခံစားနေရတယ် ၊
မိန်းကလေးတွေကလည်း ချောတယ်ဆိုတာထက်ပိုတယ်
ပြောစရာစကားမရှိလောက်အောင်လှပနေရော… ၊
စဉ်းစားကြည့်လေလ တွေးကြည့်လေလေ
သေချာလေပဲ ၊ သူတို့ပြောတဲ့စကားတွေအရရောပေါ့ …
စဉ်းစားကြည့်လေ စစ်ဘေးကြောင့်
ဒီလောက်ဒုက္ခရောက်နေကြတာကို
ဘယ်ရွာက ပျော်ပွဲရွှင်ပွဲလုပ်နိုင်ပါ့မလဲ ၊
အဘစိတ်ထဲမှာ သိနေကြပေမယ့်
ဘယ်သူ့ကိုမှ ဘာမှဝင်မပြောကြ မတားခဲ့ဘူး…
ကိုယ်ထင်တာ မှားနေရင် အသတ်ခံရမှာလေ
နောက်ပြီး ….
ဂျပန်တွေလက်ကလည်း လွတ်ချင်နေကြတာကို .. ၊
အချိန်တော်တော်လေးကြာတော့
လွှတ်လိုက်တဲ့ ဂျပန်စစ်သားနှစ်ယောက်
အဲ့လူ ငါးယောက်နဲ့အတူ ပြန်ရောက်လာပြီး
အံ့သြတကြီးဖြစ်နေတဲ့ မျက်နာတွေနဲ့
ဂျပန်စစ်ဗိုလ်ကို ဂျပန်လိုတွေရှင်းပြနေကြတယ်
သူတို့နဲ့အတူ နွားလှည်းကြီးတွေလည်း
တသီးတတန်းကြီး ပါလာတယ်
အဘတို့ ပစ္စည်းတွေတင်ဖို့ဆိုပဲ ..
ဂျပန်စစ်ဗိုလ်လည်း မျက်နာတွေဝင်းပလာပြီး
သူတို့တွေနဲ့လိုက်သွားပြီး စခန်းချဖို့
ရွာထဲကို စခန်းချဖို့ အမိန့်ပေးလိုက်တော့
တို့အားလုံး လာခေါ်တဲ့ လှည်းတွေနဲ့ ပါသွားကြပါရော… ။
~~~~~~~~~~~~~~~~~~~~~~~~~~
အဘတို့ရောက်နေတဲ့နေရာက
တောနက်ကြီးထဲက စစ်ဘေးသင့် ရွာငယ်လေးတစ်ခုလား
နတ်ပြည်လား မသည်းကွဲဘူးဖြစ်နေတယ်…. ၊
ရွာထဲက အိမ်တွေကလည်း
ကြီးကျယ်ခန်းနားလိုက်တာ အိမ်ကြီးအိမ်ကိုင်းတွေချည်းပဲ
ရွာလမ်းတစ်လျောက်လည်း မီးတုတ်တိုင်ကြီးတွေ
အစီအရီထွန်းထားကြတယ် ၊ ရွာထဲမှာလည်း
ပွဲတော်ကြီးတစ်ခု လူတွေက
ဝတ်ကောင်းစားလှတွေဝတ်ထားကြပြီးတော့
ဟိုဟိုဒီဒီ ပြေးလွှားရင်း ပျော်ပါးနေကြတယ် … ၊
တို့ရွာများ ဂျပန်တွေ ရွာထဲဝင်လာပြီဆို
ဒူးတုန်အောင်ကြောက်တဲ့သူတွေနဲ့
ခွေးပြေးဝက်ပြေးပြေးကြတဲ့သူတွေနဲ့
သူတို့ရွာကျပြန်တော့ …
ရွာနားကတော့ထဲအိပ်နေတဲ့ ဂျပန်တွေကို
တကူးတက လှည်းနဲ့တောင် လာပင်သကွ မောင်ရေ …
ဒီလိုခေတ်ကာလကြီးမှာ …
အဲ့လ်ုမျိုးရွာ အဘဖြင့် မမြင်ဖူးမသိဖူးတာ အမှန်ပဲ ..
ထူးဆန်းတာတွေကတော့ တစ်ခုပြီးတစ်ခုပဲ…
အဘတို့တင်မဟုတ်ဘူး…
ဂျပန်တွေလည်း ခါတိုင်းလို့ ပစ်လားခတ်လားနဲ့
ဝူးဝူးဝါးဝါး မလုပ်ပဲ
ပါးစပ်အဟောင်းသားတွေနဲ့
ကြောင်နေကြတယ်…
သူတို့လည်း ဒါမျိုးမကြုံဖူးဘူးလေ ၊
မကြာပါဘူး တို့လှည်းတွေနဲ့ ဂျပန်စစ်ဗိုလ်ဆီ
အသက်ကြီးပိုင်းပုံစံ လူတစ်ယောက် ၊ သူ့ဘေးက
တပည့်တပန်း သက်တော်စောင့်ပုံစံ လူထွားကြီး
နှစ်ယောက်နဲ့အတူ ရောက်လာပြီး
အရိုအသေပေးတယ် ၊ လူကြီးရဲ့ ပုံက
သူ့ပုံစံက ဂတုံး ဆံပင်ပေါက်ပုံစံနဲ့ လူပုံက
သေးနုပ်နေတာ လူစဉ်မမှီတဲ့သူလိုပဲ … ၊
နောက်မှသိတာ အဲ့ပုဂ္ဂိုလ်က ရွာလူကြီးတဲ့ဗျာ..
တစ်ခြားရွာလူကြီးတွေဆို နှုတ်ခမ်းမွှေးကားကား
ယောင်ထုံးကြီးတွေနဲ့ …
ဒါလည်းထူးဆန်းနေပြန်ရော ….
အဲ့ရွာလူကြီးက
အဘတို့တစ်ဖွဲ့လုံးကို သူတို့နဲ့လိုက်ဖို့
ခေါ်သွားတယ် ….
တိုကလည်းသူ့အနောက်လိုက်သွားခဲ့တယ် …
ရွာက ဘယ်လောက်ကျယ်မှန်းမသိဘူး
သူခေါ်သွားတဲ့ဆီတောင် အတော်လေးသွားရတယ်
အိမ်ခြေတွေကလည်းများလိုက်တာ
လူတွေဆိုတာလည်း ည လို့သာပြောတယ်…
မနက်မိုးလင်းတာကျနေတာပဲ
အလုပ်လုပ်နေတဲ့သူနဲ့ ကခုန်နေတဲ့သူတွေနဲ့
အို…. ထူးဆန်းတာတွေတော့
ထပ် နေတာပဲ …
ရွာလူကြီးဆိုတဲ့သူ ခေါ်သွားတဲ့နေရာရောက်သွားရော….
သူ့အိမ်လို့ထင်ရတာပဲ …
နန်းတော်ကြားလားပဲ … ရှေးဟောင်းပြသဒ်တွေ ၊
သစ်လုံးအကြီးကြီးတွေ နဲ့ ခန်းနားတဲ့
အိမ်ကြီးတစ်ခု … အခြွေအရံတွေကလည်းများလိုက်တာဆိုတာ…
မကြာခင်ပဲ
မိန်းမချောလေးတွေ အများကြီးထွက်လာရော …
အဲ့ဒီ မိန်းမလှလေးတွေက
ဂျပန်တွေ နဲ့ အဘတို့ဆီကိုပါရောက်လာပြီး
ခေတ်အမြင်နဲ့ပြောရရင် ရင်ခုန်မြန်အောင်လုပ်နေကြတယ် ၊
မိန်းကလေးတွေဆီက ရတဲ့ အမွှေးနံ့တွေကလည်း
မွှေးကြိုင်နေတာပဲ ဘယ်လိုအမည်တပ်ရမှန်းမသိဘူး ၊
အကုန်လုံးကလည်း အချောအလှလေးတွေ
ထိရက်ကိုင်ရက်စရာတောင်မရှိဘူး ၊
အပြစ်ရှာစရာကိုမရှိတဲ့ နတ်သမီးလေးတွေအလားပဲ …
ဂျပန်စစ်ဗိုလ်ကတော့
အရင်လို ဓါးပြတိုက် လူသတ်ဖို့နေနေသာသာ
ပါးစပ်ကြီးဖြီးပြီး အရူးတစ်ယောက်လို
မိန်းမောနေလိုက်တာ ၊
ပြီးတော့ သူသတိဝင်လာတဲ့ပုံနဲ့
အကျယ်ကြီး အမိန့်ပေးသလိုထအော်တော့
သူ့စစ်သားတွေလည်းချက်ချင်း သေနတ်တွေနဲ့
သတိအနေအထားပြင်ထားကြတယ်
အဘတို့လည်း လန့်ဖြန့်သွားတယ် …
သူပြောတာက ..
ပါလာတဲ့သေတ္တာ ပစ္စည်းတွေကို
ဒီရွာမှာတည်းနေတုန်း လုံလုံခြုံခြုံထားလို့ရတဲ့
နေရာကိုမေးနေတဲ့ပုံမျိုး ဒီပစ္စည်းတွေထားပြီးရင်
သူတို့အဖွဲ့ ဒီရွာမှာ ရက်ပိုင်းစခန်းချမယ့်အကြောင်းနဲ့
အစစအရာရာ အဆင်ပြေအောင် စီစဉ်ပေးဖို့နဲ့
ဒီရွာမှာရှိတဲ့ အိမ်တိုင်းက တန်ဖိုးကြီးပစ္စည်းတွေနဲ့
မိန်းမလှ မိန်းမငယ်တွေအကုန် မနက်ဖြန်နောက်ဆုံးထားပြီး
သူ့ဆီလာပို့ပေးဖို့ … သူပြောတဲ့အတိုင်းမလုပ်ရင်
တစ်ရွာလုံးသတ်ပြီးမီးရှို့ပစ်မယ့်အကြောင်း…
ပြောတယ် … ဒါကို
မြန်မာစာနည်းနည်းတက်တဲ့ ဂျပန်စစ်သားက
သူကြီးကို ဘာသာပြန်ပြတော့
သူကြီးကလည်း အပြုံးမပျက်ပဲ
မာစတာကြီးအလိုဖြည့်ပေးပါ့မယ်
ရွာကိုတော့ ဒုက္ခမပေးပါနဲ့ ၊ ဒီညတော့
မိန်းမချောလေးတွေနဲ့ အပန်းဖြေပါဆိုပြီး
ပြန်ပြောလိုက်တယ် …
ဒါကိုလည်း ဂျပန်စစ်သားလေးက မာစတာကြီးကိုပြန်ပြောပြတော့
မာစတာကြီးလည်း သဘောတွေကျပြီး
သူ့ကိုကာကွယ်နေကျ စစ်သားနှစ်ယောက်လောက်
ခေါ်သွားပြီး မိန်းမလှတွေ တစ်ပိုက်ကြီးနဲ့
အိမ်ကြီးထဲက သူကြီး လမ်းညွန်တဲ့ တစ်နေရာဆီ
ထွက်သွားပါလေရော … ၊
ကျန်ခဲ့တဲ့ ဂျပန်စစ်သားတွေနဲ့
သေတ္တာကြီးတွေအပြင် အဘတို့ကိုလည်း
ရွာလူကြီးရဲ့ လူတစ်ယောက်က သူ့နောက်လို့ဖို့ပြောပြီး
ခေါ်သွားခဲ့တယ် …
(ဆက်ရန် -> အပိုင်း ၃ B သို့)
ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် )
အပိုင်း (၃)
>_<_>_<
ကိစ္စတစ်ခုအား အဖြေရှာရန်ကြိုးစားနေချိန် ……
ညနေခင်း ၀န်းကျင် ၏
အလှတရားအား လက်တလော မခံစားနိုင်သေးသည့်
သူများမှာ ရွာထဲရှိ အိမ်တစ်အိမ်ရှေ့မှ
ကွပ်ပစ်ဝိုင်းတစ်ခုတွင် ရေနွေးကြမ်းသောက်နေသူနှစ်ဦးပင် ။
“ ဘကြီး ချစ် ….
ကျုပ်တို့ ရွာမှာ အခုဖြစ်ပျက်နေတဲ့ ကိစ္စတွေက
ကျုပ် အဘ(အဖေ) ပြောခဲ့တဲ့ ရွာသမိုင်းအကြောင်း
အိပ်ယာဝင်ပုံပြင်တွေနဲ့များ ဆက်နွယ်နေသလား…. ”
ရွာကိစ္စအား အမျိုးမျိုး အဖြေရှာနေသည့်
ရွာသူကြီး ဦးရန်ပိုင် ကိုယ်တိုင် ရှင်းရခတ်သည့်ပြဿနာကြုံတိုင်း
ဖခင်မှာခဲ့သည့်အတိုင်း ကွယ်လွန်သူအဖိုးဖြစ်သူ ၏
မိတ်ဆွေရင်းဖြစ်ခဲ့သူ ရွာမှ အသက်အရွယ် အကြီးဆုံး
လူကြီးသူမဖြစ်ပြီး ဗဟုသုတကြွယ်ဝသူ
ဘကြီး ချစ်ဖွယ် အား… မေးမြန်ခဲ့သည် ။
သတ်ကြီးစကားသတ်ငယ်ကြားဟူသည့်
ဆိုရိုးအတိုင်းပင်… ။
ဘကြီးချစ်ဖွယ်မှာ အရပ်ပုပု ခန္ဓာကိုယ် သေးသေးဖြင့်
ကလေးငယ်တစ်ဦးသဖွယ် မျက်နာရွင်သူဖြစ်ပြီး ၊
နာမည်နှင့်လည်း လိုက်ဖက်ပေသည် ။
“ နေစမ်းပါဦး ငါ့မြေးရ …
မင့် ပြောတဲ့ ရွာသမိုင်းဆိုတာ
မင်းသိသလောက် အရင်ပြောကြည့်စမ်းပါ ၊
ဒါမှ မင်းသိနေတာ မှားလား မှန်လား
တကယ်လား ၊ဆိုတာ အဘသိသလောက်
ပြင်ပေး ပြောပေးလို့်ရမှာပေါ့ … ”
“ ဟုတ်ကဲ့ ဘကြီး …
ကျုပ်သိသလောက်က
ကျုပ်အဖေက ပြောဖူးတယ်
ဒီရွာရဲ့ အရင်နာမည်က ကောက်သစ်ရွာတဲ့
နောက်ပိုင်း စစ်ပွဲဖြစ်တော့
ဂျပန်တွေ တပ်ပြန်ခေါက်ရင်း
ကျုပ်တို့ရွာက ဖြတ်ပြေးကြတုန်း
ဗြိတိလျှ စစ်ကြောင်းနဲ့တွေ့ပြီး
ဆုန်လာကြတဲ့ ဂျပန်တပ်သားတွေ
သေကုန်ကြတယ်ပြောတယ် …
နောက်ပိုင်း သေသွားတဲ့ ဂျပန်တွေနဲ့
စစ်အတွင်က ရွာလုံးကျွတ်သေသွားတဲ့
အနားက ရွာသားတွေ မကျွတ်ပဲ
ရွာပတ်ဝန်းကျင်မှာ ကျက်ကုန်းလိုလို ရှိနေပြီး ၊
ညဘက် ဒီရွာက လူ အပြင်ထွက်တာနဲ့
လှည့်စားပြီး ခေါ်သွားရော.. ၊
ရွာကလူတွေ ညဘက်ထွက်တိုင်း
တော်တော်များများ ပျောက်သွားပြီးရင်
ရွာပြန်မရောက်တာနဲ့ ပြန်ရှာမတွေ့တာချည်းပဲ ၊
တွေ့ရင်လည်း ရူးနေတာတို့ ၊
တောကောင် စားသောက်ထားသလို
အရိုးတစ်ခြား အသားတစ်ခြား လောက်ပဲ
ပြန်တွေ့ရတယ် ၊ဒါကြောင့်
အနားပတ်ဝန်းကျင်က ရွာတွေက
ကျုပ်တို့ရွာကို ညမထွက်ရရွာလို့
ခေါ်ကြရင်း အမည်ပြောင်းသွားတာ လို့
အဘကတော့ ပြောဖူးတယ် ”
ရွာသူကြီး ဦးရန်ပိုင်
စကားအဆုံးတွင် …
ဘသက်ရှည်ကြီး ဦးချစ်ဖွယ်က
ရေနွေးတစ်ငုံမျှသောက်လိုက်ရင်း
မပြောမဆိုနှင့် အိမ်ထဲဝင်သွားလေပြီး ၊
ခေတ္တအကြာတွင် ရှေးဟောင်းပန်းကနုတ်များဖြင့်
ထုစစ်ထားသည့် သေတ္တာအို အငယ်လေးတစ်ခုအား
ယူလာပြီး ဖွင့်လိုက်ရာ အတွင်းတွင်
ကတ္တီဘာသားအစ အနီရောင်ဖြင့်
သေချာထုတ်ပိုးထားသည့် ရှေး ပုရပိုက်စာများ
အစီအရီထွက်လာပြီး နောက် သေတ္တာတွင်းမှ
ရှေးဟောင်း ရွှေလက်ကောက်နှင့် နားထောင်းအချို့လည်း
ထွက်လာသည်ကို မြင်ရသည် ။
ဘကြီး ချစ်ဖွယ်က ထိုပစ္စည်းများအား
ရွာသူကြီး ဦးရန်ပိုင် ထံ ကမ်းပေးရင်း
“ ဒါတွေက ရှေးပစ္စည်းတွေဆိုတာ
မင်းလည်းသိမှာပေါ့…
အိမ်း.. မင်းသိချင်တာ ဘာလည်းငါသိတယ်ငါ့မြေး
မင်းတကယ်သိချင်နေတာက
ဒီပစ္စည်းတွေက အဘဆီ ဘယ်လိုရောက်နေတာလဲ
အဘလို အဖိုးကြီးက ဘယ်ကရလာတာလဲ သိချင်နေတာမို့လား…
ငါပြောပြမယ် …
ခုနက မင်းပြောခဲ့တဲ့ ရွာသမိုင်းက
ဘယ်လိုဆိုရမလဲ တစ်စိတ်တဒေသတော့ မှန်ပေမယ့်
မပြည့်စုံသေးဘူးကွယ့် မှားတဲ့နေရာတွေ ၊
လိုအပ်တဲ့ နေရာတွေလည်း ရှိနေတယ် ၊
အဖြစ်မှန်က ဒီလိုကွယ့် ……….
မင့် အဘပြောသလို စစ်အတွင်းကပေါ့ကွာ …
တို့တိုင်းပြည်ကြီးတစ်ခုလုံး
ဟိုဟိုဒီဒီ လူသေအလောင်းတွေအပြည့်နဲ့
နေရာအနှံ့ အနိဌာရုံ မီးဟုန်းဟုန်းတောက်နေတဲ့အချိန်
ဂျပန်စစ်တပ်ကြီးကို မဟာမိတ်တွေက
လေယာဉ်တွေနဲ့ ဗုံးကျဲလိုက်
လူအင်အား စစ်ပစ္စည်း အင်အားအပြည့်နဲ့
ခြေမှုန်းလိုက် လုပ်နေတော့
ဂျပန်တွေ တို့မြေပေါ်က
ခွေးပြေးဝက်ပြေး ပြေးနေကြရတဲ့အချိန်မှာပေါ့ကွာ …
တစ်နေ့
ဘယ်ကဘယ်လို တပ်ခေါက်လာမှန်းမသိတဲ့
ဂျပန်စစ်တပ် က စစ်သားတစ်ချို့..
အင်း…ငါ့အထင် စစ်သား အယောင် နှစ်ဆယ်လောက်
ရှိမယ် … သူတို့တွေက တပ်ဆုတ်ရင်းနဲ့
တို့ရွာဆီရောက်လာကြတယ် ၊
တို့ရွာဆိုလို့ပြောရဦးမယ် ….
အဘက ဒီ ညမထွက်ရ ရွာသားအစစ်မဟုတ်ဘူး ၊
အခုပြောနေတာက အဘနေခဲ့တဲ့ရွာ …
ဒီရွာကနေဆို မိုင်ပေါင်းများစွာဝေးတာပေါ့ ၊
ထားပါတော့
ဒါတွေနောက်ပြောရင်းပါလာလိမ့်မယ်…
စကားပြန်ဆက်ရအောင် ….
အဲ့ဒီ ဂျပန်တပ်နဲ့အတူပါလာတာက
တို့နဲ့ အနီးအနားရွာတွေက
အားကောင်းမောင်းသန် ယောကျာ်းသားတွေချည်းပဲ
သူတို့တွေအားလုံးက ကိုယ်စီကိုယ်စီ
သေတ္တာကြီးတွေကို အဖွဲလိုက် လေးငါးယောက်စုပြီး
ထမ်းပိုးလာကြတာကွ ၊ သေတ္တာကြီးတွေ က
အလုံး နှစ်ဆယ်လောက်ရှိမယ် ၊ အထဲမှာ
ဘာတွေပါလည်းတော့မသိဘူး ၊ အဲ့အချိန်က
ငါတို့အားလုံးထင်ခဲ့တာတော့ စစ်ပစ္စည်းတွေပဲပေါ့ …
တို့ရွာရောက်တော့
ဂျပန်တွေ ထုံးစံအတိုင်း
သေနတ်ကြီးတွေနဲ့ ချိန်ပြီး တို့တွေကို
ကျွန်တွေလို အသေအကြေ ခိုင်းလည်းခိုင်း
နှိပ်လည်း နှိပ်စက်ပါလေရော ၊
ရွာက မိန်းကလေးတွေကိုလည်း အနိုင်ကျင့်ကျတယ် ၊
သူတို့စိတ်မထင်တဲ့သူတွေဆို
တစ်ခါတည်း ပစ်သတ်ပစ်တာ ..
ဂျပန်စစ်ဗိုလ်ကလည်း တော်တော်
ရက်စက်တဲ့လူ …
ကြားထဲကဟာတွေကထားပါတော့
လိုရင်းဆက်ရရင် အဘက
အဲ့အချိန်က လူငယ်ပေါ့
ငယ်ငယ်ရွယ်ရွယ်နဲ့ သန်သန်စွမ်းစွမ်းရှိတဲ့အချိန်လို့ဆိုရမယ်
ဒါကြောင့် ဂျပန်တွေက အဘကို
သေတ္တာကြီးတွေ ထမ်းတဲ့ အဖွဲ့ထဲမှာ လုပ်ကိုင်ဖို့
အတင်းခေါ်သွားခဲ့ကြတယ် ၊
ရွာဦးစေတီတော်ကိုလည်း
သူတို့တွေ ဖြိုပစ်ပြီး အထဲက
ရှေးဟောင်းမှတ်တမ်းတွေ ပေစာတွေ ၊
ပုရပိုက်တွေ ၊ ဌာပနာတွေကိုလည်း အကုန်
တစ်ခါတည်းယူသွားကြတယ် ၊
နောက်ပြီး ဒီဂျပန်တွေက
တပ်ဆုတ်တာတောင် အကြံကြီးတယ်
သူတို့ တပ်ခေါက်လာသမျှ လမ်းတစ်လျောက်က
ရွာတွေထဲဝင်ပြီး အဲ့ရွာတွေက
မိန်းမပျိုလေးတွေဆို အတင်းဖျက်ဆီးပစ်ပြီးမှ
သတ်ပစ်ကြတယ် ၊ ရွာက အဖိုးတန်ပစ္စည်းတွေဆို
အကုန်သိမ်းကြုံးသယ်သွားကြတာ ၊
တစ်ချို့ ရွာလုံးကျွတ်အသတ်ခံရတဲ့ ရွာတွေတောင်ရှိတယ်
ပြီးရင်လည်း အဲ့ရွာတွေက
ကာလသားတွေကို အဘတို့လို
သေတ္တာကြီးတွေကို ထမ်းခိုင်းပြီး သူတို့နောက်လိုက်ခိုင်းတယ် ၊
အဲ့ဒီလို လုပ်ပြီး ခရီးသွားနေရင်း အထမ်းသမားတွေထဲက
ငှက်ဖျားမိတဲ့သူတို့ ၊ ဖျားနာတဲ့သူတွေ ၊
ထွက်ပြေးတဲ့သူတွေ ၊
ခြေလက် ထိခိုက်ပြီး ပစ္စည်းမသယ်နိုင်တဲ့သူတွေဆို
နေရာတင် သေနတ်နဲ့ ပစ်သတ်ပစ်ခဲ့ပါလေရော..
တစ်ရွာဝင်တစ်ရွာထွက်နဲ့ ဒီလိုလုပ်လာတာ
ဂျပန်ဗိုလ်စိတ်ကူးက အရင်သူစုထားတဲ့
ရတနာပစ္စည်းတွေအပြင် တပ်ခေါက်လာတဲ့
လမ်းတစ်လျောက် မတရားသဖြင့် ရလာခဲ့တဲ့
ရွှေငွေနဲ့ ရှေးဟောင်းပစ္စည်းတွေကို
သူတို့တိုင်းပြည်အရောက် ပြန်သယ်သွားဖို့တဲ့ ….
ဒီအကြောင်းတွေကို
အဘနဲ့အတူ သေတ္တာကြီးကို
ထမ်းပိုးရတဲ့ လူပြောပြလို့အဘသိလိုက်ရတော့
အဲ့တော့ အဘလည်း တစ်ခုစဉ်းစားမိတယ်
သူတို့တွေ ငါ့ကို ခိုင်းလို့ဝသွားရင်
သေနတ်နဲ့ ပစ်သတ်မှာသေချာတယ် …
ဒီတော့ သူတို့တွေပစ်သတ်လို့
သေမှာထက် … ကိုယ့်ဘာကိုယ်
အခွင့်အရေးရတာနဲ့ ထွက်ပြေးရမယ်…
လို့ ဆုံးဖြတ်ထားတာ …
ဟုတ်တယ်လေ.. သေမယ့်အတူတူ
အနည်းဆုံးတော့ အသက်ရှင်လိုရှင်ငြား
ကြိုးစားရမယ်လေ … ၊
ဒီစိတ်ကူးကိုလည်း အဘ ဘယ်သူ့ကိုမှ အသိမပေးခဲ့ဘူး ၊
သတင်းပေါက်သွားရင် ဘာမှမဟုတ်ပဲ
အသတ်ခံရနိုင်တယ်လေ … ၊
ဒီလိုနဲ့ သူတို့အဖွဲ့နဲ့ အဘ ပါသွားလိုက်တာ
ရက်တော်တော်ကြာတယ် ……..
နားလိုက် ခရီးဆက်လိုက် ၊ တွေ့တဲ့ရွာ ၀င်မွှေသွားလိုက်နဲ့ပေါ့ ၊
နက်လှပါတယ်ဆိုတဲ့ တောအသွယ်သွယ်
တောင်အထပ်ထပ် ၊ မြစ်ချောင်းတွေကို
ခတ်ခတ်ခဲခဲ ဖြတ်သွားကြရတယ် ၊
တစ်နေ့ကျတော့ ဂျပန်တွေကြည့်ရတာ
ဂနာမငြိမ်ဖြစ်နေကြတယ် ၊ အဘတို့လည်း
နောက်မှရိတ်စားမိကြတာ .. သူတို့တွေ
သတင်းရထားတာက …..
အဘတို့နိုင်ငံထဲက ဂျပန်တွေရဲ့
နယ်စပ် ခံစစ်နေရာတွေကို
မဟာမိတ်တပ်တွေက
ရေကြောင်းကနေ သိမ်းသွားကြလို့တဲ့ ၊
ဂျပန်စစ်ဗိုလ်ဆို အဲ့နေ့က တစ်နေကုန်
အတော်လေး ဒေါပွနေတာ …
နောက်ပြီး သူတို့ချင်း ဂျပန်လိုပြောပြီး
အဘတို့အားလုံးကို အမြန်သွားခိုင်းတယ်…
အနောက်က ရန်သူတွေက မြန်မြန်
လိုက်လာနိုင်မယ့်သဘောမျိုးရှိတာ
သူသိနေတယ်လေ … ၊
အဘတို့လည်း
ပင်ပန်းနေကြပေမယ့် အသတ်ခံရမှာလည်းကြောက်တော့
သူတို့ပြောသမျှ ချက်ချက်လိုက်နာရတယ် ၊
ခြေလှမ်းတွေကို အားတင်းရင်း ခပ်မြန်မြန်သွားကြရတယ်
ရက်တော်တော်လေး ခရီးဆက်လာကြပြီး
တစ်နေရာ ရောက်တော့ ဂျပန်တွေကရပ်ပြီး
ဒီနေရာမှာ သုံးလေးရက်နေမယ်ဆိုပြီး
ပြောလာတယ် … ဒီစကားတွေကလည်း
အဘတို့တွေ ဂျပန်စကားတက်လို့မဟုတ်ဘူး ၊
သူတို့အဖွဲ့က မြန်မာစကားနည်းနည်းပါးပါးတက်တဲ့
ဂျပန်စစ်သားတစ်ယောက်ပါလာလို့ သိရတာ …
စခန်းချတဲ့နေရာကလည်း
နေရာကောင်းကြီး ၊ တကယ့်နာမည်ကြီးနေရာ..
ပြောရရင် အဘတို့ စခန်းချတဲ့နေရာက
အခု ညမထွက်ရ ရွာရဲ့ မြောက်ဘက်တည့်တည့်မှာရှိတဲ့
တောနက်ကြီးထဲက တစ်နေရာမှာပဲ ….
မင်းတို့တွေကတော့ သိမယ်မထင်တော့ဘူး
ဘာလို့လဲဆိုတော့ အဲ့နေရာက လူအရောက်နည်းလာပြီး
တောနက်ကြီးလိုဖြစ်နေလောက်ပြီ အခုဆို …
ခုနက အဘနာမည်ကြီးနေရာလို့
ပြောခဲ့တယ်မဟုတ်လား….
အေး…. အဲ့လို ဘာလို့ပြောလဲဆိုတာ
နောက်သိလာလိမ့်မယ်
အခုတော့ ဒီတိုင်းဆက်နားထောင်
အဲ့နေရာကြီးက တစ်ချိန်တုန်းက
အတော်လေး စည်ကားတဲ့ ရွာကြီးတစ်ရွာတဲ့
နောက်စစ်ဖြစ်တော့ ရွာမှာ အသတ်ခံရတာနဲ့
ဗုံးဒဏ်မိတာနဲ့ လူတွေအကုန်လုံးနီးပါးသေသွားကြပြီး
ကြက်ကုန်းကြီးလိုဖြစ်နေတာ …
အခြောက်အလန့်ကလည်း ကြမ်းသလားမမေးနဲ့
အဲ့နေရာကို နွားကျောင်းသမားတွေလည်းမသွားရဲကြဘူး
သွားရင်လည်း နွားအမြဲ ပျောက်တယ် ၊
နွားမပျောက်ရင် နွားကျောင်းသမားပျောက်တယ် ၊
ဒါထုံးစံပဲ မယုံဘူးဆိုပြီးသွားစမ်းတဲ့သူတွေဆို
ရူးကြောင်ကြောင်ဖြစ်တဲ့သူနဲ့
ပျောက်သွားတဲ့ အဖြစ်တွေပဲ ဖြစ်ခဲ့ရတယ် ၊
မနက်ဘက်တောင် သုံးလေးယောက်သွားရတဲ့နေရာ
မြေကြမ်းကြီးမှာ အခုကြည့်
အဘတို့မှာ
ဂျပန် ငပုတွေကြောက်ရလို့
ညအချိန်ကြီး ဒီနေရာရောက်နေရတယ် ….
အိပ်ရတော့လည်း
အဘတို့တွေကို
တစ်ယောက်ဆီ လက်ချင်းတွဲပြီး
ကြိုးချည်ထားပြီး စက်ဝိုင်းပုံစံနဲ့
သေတ္တာကြီးတွေကို ၀ိုင်းထားတဲ့ပုံစံမျိုးအနေအထားနဲ့
အိပ်ခိုင်းတယ် ၊ ပြီးတော့မှ ဂျပန်တွေက
အဘတို့အိပ်နေတဲ့နေရာ အပြင်ဘက်က
ထောင့်အသီးသီး နေရာကောင်းတွေမှာ
သုံးလေးယောက်ဆီခွဲပြီး စုအိပ်ကြတယ်
ညကင်း အလှည့်ကြစောင့်နေတဲ့ သူတွေလည်းရှိတယ် ၊
ညဆိုပေမယ့် မီးပုံလုံးဝ မဖိုရဘူး
ရန်သူတွေသိသွားမှာစိုးလို့တဲ့
ခြင်ကိုက် ဖြုတ်ကိုက်လည်း ခံကြတာပဲ
အဘတို့လည်း ရေကြမ်းမြေကြမ်းနေရာကြီးမို့
အပေါ့အပါးလည်းမသွားရဲ ၊
ကြောက်ကလည်းကြောက် ၊
ဝေဒနာကိုလည်း မညည်းရဲကြဘူး
သူတို့က အသံလုံးဝမထွက်ဖို့ မှာထားတယ်လေ …. ၊
ပြီးတော့ အဘလည်း တစ်နေကုန်ပင်ပန်းလာတာနဲ့
အိပ်ပျော်သွားတယ် မကြာပါဘူး
အဘအိပ်နေတုန်း အသံတွေကြားရတော့
အဘလည်း လန့်နိုးလာရော …
အဘနည်းတူအကုန်လုံးနီးပါ နိုးနေကြတယ်
အဘတို့အားလုံးလည်း ကြောက်လန့်နေကြတယ် ၊
ဘာဖြစ်တာလဲပေါ့ … ဂျပန်တွေကတော့
တောထဲက တစ်နေရာကို သေနတ်တွေနဲ့
ထိုးချိန်ထားကြတယ် ….
မဟာမိတ်တပ်တွေများ ၀င်လာသလားပေါ့
ဂျပန်တွေ သေနတ်နဲကချိန်ထားတဲ့အရပ်ကနေ
လူသံတွေလည်းအတိုင်းသားကြားနေရတယ် ၊
ဆူညံနေတာပဲ ….
အဘတို့အတွက်တော့ ဒါသွေးရိုးသားရိုးမဟုတ်မှန်း
ရိပ်စားမိတော့ ဘုရားပဲတနေမိတယ် ၊
မကြာပါဘူး …
အဘတို့ထင်တဲ့အတိုင်းပဲ
အသံတွေကြားနေရတဲ့ဘက်ကနေ လူငါးယောက်
မီးတုတ်တွေနဲ့ပြေးလာကြတယ်
ယောကျာ်းလေး နှစ်ယောက်နဲ့
မိန်းကလေး သုံးယောက် …
ဂျပန်တွေကလည်း တကယ်ကြီး
ပစ်တော့မယ့်ပုံနဲ့ သေနတ်တွေနဲကချိန်ထားကြတုန်း ၊
ဂျပန်စစ်ဗိုလ်က လက်ကာပြရင်းတားလိုက်ပြီး
လာတဲ့သူတွေကို မေးခိုင်းတော့
သူတို့က “ ကျုပ်တို့က
ဒီဘက်နား ‘ လယ်တစ်လုံးဂူ ’ ရွာကပါ…
ဒီနားကို မာစတာကြီးတို့စစ်တပ်ရောက်နေတယ်
သတင်းကြားလို့ ကျုပ်တို့ရွာမှာ လာတည်းကြဖို့အတွက်
လာဖိတ်တာပါ ရွာမှာလည်း ပျော်ပွဲရွှင်ပွဲလုပ်နေတော့
မာစတာကြီးတို့ အပန်းဖြေနိုင်တာပေါ့ ”
သူတို့စကားနားထောင်ပြီး
မြန်မာလိုနည်းနည်း နားလည်တဲ့ ဂျပန်စစ်သားက
စစ်ဗိုလ်ကို ဘာသာပြန်ပြတော့ စစ်ဗိုလ်က
သူရဲ့စစ်သားနှစ်ယောက်ကို
တကယ်ဟုတ်မဟုတ် အဲ့လူတွေနဲ့လိုက်ခိုင်းလိုက်တာနဲ့
စစ်သားနှစ်ယောက်လည်း ဟိုလူငါးယောက်နဲ့
လိုက်သွားကြရော… ။
အဘ မသင်္ကာတာက အဲ့ငါးယောက်က
လူမဟုတ်လောက်ဘူးဆိုတာပဲ ၊
သူတို့ရဲ့
အ၀တ်အစားတွေကတော့ သာမာန်တွေပါပဲ
ထူးဆန်းတာက သူတို့မျက်နာတွေ …
ဘယ်လိုဆိုရမလဲ .. တစ်မျိုးကြီးတွေပဲ
စကားပြောပုံတွေက အသက်မပါသလို ၊
သေချာတာကအပေါ်ယံကလူတစ်ယောက်
မျက်နာထားဆိုပေမယ့် အဘတို့တော့
သူတို့တွေကို လူတစ်ယောက်မဟုတ်မှန်း
မသိစိတ်ထဲကအလိုလို ခံစားနေရတယ် ၊
မိန်းကလေးတွေကလည်း ချောတယ်ဆိုတာထက်ပိုတယ်
ပြောစရာစကားမရှိလောက်အောင်လှပနေရော… ၊
စဉ်းစားကြည့်လေလ တွေးကြည့်လေလေ
သေချာလေပဲ ၊ သူတို့ပြောတဲ့စကားတွေအရရောပေါ့ …
စဉ်းစားကြည့်လေ စစ်ဘေးကြောင့်
ဒီလောက်ဒုက္ခရောက်နေကြတာကို
ဘယ်ရွာက ပျော်ပွဲရွှင်ပွဲလုပ်နိုင်ပါ့မလဲ ၊
အဘစိတ်ထဲမှာ သိနေကြပေမယ့်
ဘယ်သူ့ကိုမှ ဘာမှဝင်မပြောကြ မတားခဲ့ဘူး…
ကိုယ်ထင်တာ မှားနေရင် အသတ်ခံရမှာလေ
နောက်ပြီး ….
ဂျပန်တွေလက်ကလည်း လွတ်ချင်နေကြတာကို .. ၊
အချိန်တော်တော်လေးကြာတော့
လွှတ်လိုက်တဲ့ ဂျပန်စစ်သားနှစ်ယောက်
အဲ့လူ ငါးယောက်နဲ့အတူ ပြန်ရောက်လာပြီး
အံ့သြတကြီးဖြစ်နေတဲ့ မျက်နာတွေနဲ့
ဂျပန်စစ်ဗိုလ်ကို ဂျပန်လိုတွေရှင်းပြနေကြတယ်
သူတို့နဲ့အတူ နွားလှည်းကြီးတွေလည်း
တသီးတတန်းကြီး ပါလာတယ်
အဘတို့ ပစ္စည်းတွေတင်ဖို့ဆိုပဲ ..
ဂျပန်စစ်ဗိုလ်လည်း မျက်နာတွေဝင်းပလာပြီး
သူတို့တွေနဲ့လိုက်သွားပြီး စခန်းချဖို့
ရွာထဲကို စခန်းချဖို့ အမိန့်ပေးလိုက်တော့
တို့အားလုံး လာခေါ်တဲ့ လှည်းတွေနဲ့ ပါသွားကြပါရော… ။
~~~~~~~~~~~~~~~~~~~~~~~~~~
အဘတို့ရောက်နေတဲ့နေရာက
တောနက်ကြီးထဲက စစ်ဘေးသင့် ရွာငယ်လေးတစ်ခုလား
နတ်ပြည်လား မသည်းကွဲဘူးဖြစ်နေတယ်…. ၊
ရွာထဲက အိမ်တွေကလည်း
ကြီးကျယ်ခန်းနားလိုက်တာ အိမ်ကြီးအိမ်ကိုင်းတွေချည်းပဲ
ရွာလမ်းတစ်လျောက်လည်း မီးတုတ်တိုင်ကြီးတွေ
အစီအရီထွန်းထားကြတယ် ၊ ရွာထဲမှာလည်း
ပွဲတော်ကြီးတစ်ခု လူတွေက
ဝတ်ကောင်းစားလှတွေဝတ်ထားကြပြီးတော့
ဟိုဟိုဒီဒီ ပြေးလွှားရင်း ပျော်ပါးနေကြတယ် … ၊
တို့ရွာများ ဂျပန်တွေ ရွာထဲဝင်လာပြီဆို
ဒူးတုန်အောင်ကြောက်တဲ့သူတွေနဲ့
ခွေးပြေးဝက်ပြေးပြေးကြတဲ့သူတွေနဲ့
သူတို့ရွာကျပြန်တော့ …
ရွာနားကတော့ထဲအိပ်နေတဲ့ ဂျပန်တွေကို
တကူးတက လှည်းနဲ့တောင် လာပင်သကွ မောင်ရေ …
ဒီလိုခေတ်ကာလကြီးမှာ …
အဲ့လ်ုမျိုးရွာ အဘဖြင့် မမြင်ဖူးမသိဖူးတာ အမှန်ပဲ ..
ထူးဆန်းတာတွေကတော့ တစ်ခုပြီးတစ်ခုပဲ…
အဘတို့တင်မဟုတ်ဘူး…
ဂျပန်တွေလည်း ခါတိုင်းလို့ ပစ်လားခတ်လားနဲ့
ဝူးဝူးဝါးဝါး မလုပ်ပဲ
ပါးစပ်အဟောင်းသားတွေနဲ့
ကြောင်နေကြတယ်…
သူတို့လည်း ဒါမျိုးမကြုံဖူးဘူးလေ ၊
မကြာပါဘူး တို့လှည်းတွေနဲ့ ဂျပန်စစ်ဗိုလ်ဆီ
အသက်ကြီးပိုင်းပုံစံ လူတစ်ယောက် ၊ သူ့ဘေးက
တပည့်တပန်း သက်တော်စောင့်ပုံစံ လူထွားကြီး
နှစ်ယောက်နဲ့အတူ ရောက်လာပြီး
အရိုအသေပေးတယ် ၊ လူကြီးရဲ့ ပုံက
သူ့ပုံစံက ဂတုံး ဆံပင်ပေါက်ပုံစံနဲ့ လူပုံက
သေးနုပ်နေတာ လူစဉ်မမှီတဲ့သူလိုပဲ … ၊
နောက်မှသိတာ အဲ့ပုဂ္ဂိုလ်က ရွာလူကြီးတဲ့ဗျာ..
တစ်ခြားရွာလူကြီးတွေဆို နှုတ်ခမ်းမွှေးကားကား
ယောင်ထုံးကြီးတွေနဲ့ …
ဒါလည်းထူးဆန်းနေပြန်ရော ….
အဲ့ရွာလူကြီးက
အဘတို့တစ်ဖွဲ့လုံးကို သူတို့နဲ့လိုက်ဖို့
ခေါ်သွားတယ် ….
တိုကလည်းသူ့အနောက်လိုက်သွားခဲ့တယ် …
ရွာက ဘယ်လောက်ကျယ်မှန်းမသိဘူး
သူခေါ်သွားတဲ့ဆီတောင် အတော်လေးသွားရတယ်
အိမ်ခြေတွေကလည်းများလိုက်တာ
လူတွေဆိုတာလည်း ည လို့သာပြောတယ်…
မနက်မိုးလင်းတာကျနေတာပဲ
အလုပ်လုပ်နေတဲ့သူနဲ့ ကခုန်နေတဲ့သူတွေနဲ့
အို…. ထူးဆန်းတာတွေတော့
ထပ် နေတာပဲ …
ရွာလူကြီးဆိုတဲ့သူ ခေါ်သွားတဲ့နေရာရောက်သွားရော….
သူ့အိမ်လို့ထင်ရတာပဲ …
နန်းတော်ကြားလားပဲ … ရှေးဟောင်းပြသဒ်တွေ ၊
သစ်လုံးအကြီးကြီးတွေ နဲ့ ခန်းနားတဲ့
အိမ်ကြီးတစ်ခု … အခြွေအရံတွေကလည်းများလိုက်တာဆိုတာ…
မကြာခင်ပဲ
မိန်းမချောလေးတွေ အများကြီးထွက်လာရော …
အဲ့ဒီ မိန်းမလှလေးတွေက
ဂျပန်တွေ နဲ့ အဘတို့ဆီကိုပါရောက်လာပြီး
ခေတ်အမြင်နဲ့ပြောရရင် ရင်ခုန်မြန်အောင်လုပ်နေကြတယ် ၊
မိန်းကလေးတွေဆီက ရတဲ့ အမွှေးနံ့တွေကလည်း
မွှေးကြိုင်နေတာပဲ ဘယ်လိုအမည်တပ်ရမှန်းမသိဘူး ၊
အကုန်လုံးကလည်း အချောအလှလေးတွေ
ထိရက်ကိုင်ရက်စရာတောင်မရှိဘူး ၊
အပြစ်ရှာစရာကိုမရှိတဲ့ နတ်သမီးလေးတွေအလားပဲ …
ဂျပန်စစ်ဗိုလ်ကတော့
အရင်လို ဓါးပြတိုက် လူသတ်ဖို့နေနေသာသာ
ပါးစပ်ကြီးဖြီးပြီး အရူးတစ်ယောက်လို
မိန်းမောနေလိုက်တာ ၊
ပြီးတော့ သူသတိဝင်လာတဲ့ပုံနဲ့
အကျယ်ကြီး အမိန့်ပေးသလိုထအော်တော့
သူ့စစ်သားတွေလည်းချက်ချင်း သေနတ်တွေနဲ့
သတိအနေအထားပြင်ထားကြတယ်
အဘတို့လည်း လန့်ဖြန့်သွားတယ် …
သူပြောတာက ..
ပါလာတဲ့သေတ္တာ ပစ္စည်းတွေကို
ဒီရွာမှာတည်းနေတုန်း လုံလုံခြုံခြုံထားလို့ရတဲ့
နေရာကိုမေးနေတဲ့ပုံမျိုး ဒီပစ္စည်းတွေထားပြီးရင်
သူတို့အဖွဲ့ ဒီရွာမှာ ရက်ပိုင်းစခန်းချမယ့်အကြောင်းနဲ့
အစစအရာရာ အဆင်ပြေအောင် စီစဉ်ပေးဖို့နဲ့
ဒီရွာမှာရှိတဲ့ အိမ်တိုင်းက တန်ဖိုးကြီးပစ္စည်းတွေနဲ့
မိန်းမလှ မိန်းမငယ်တွေအကုန် မနက်ဖြန်နောက်ဆုံးထားပြီး
သူ့ဆီလာပို့ပေးဖို့ … သူပြောတဲ့အတိုင်းမလုပ်ရင်
တစ်ရွာလုံးသတ်ပြီးမီးရှို့ပစ်မယ့်အကြောင်း…
ပြောတယ် … ဒါကို
မြန်မာစာနည်းနည်းတက်တဲ့ ဂျပန်စစ်သားက
သူကြီးကို ဘာသာပြန်ပြတော့
သူကြီးကလည်း အပြုံးမပျက်ပဲ
မာစတာကြီးအလိုဖြည့်ပေးပါ့မယ်
ရွာကိုတော့ ဒုက္ခမပေးပါနဲ့ ၊ ဒီညတော့
မိန်းမချောလေးတွေနဲ့ အပန်းဖြေပါဆိုပြီး
ပြန်ပြောလိုက်တယ် …
ဒါကိုလည်း ဂျပန်စစ်သားလေးက မာစတာကြီးကိုပြန်ပြောပြတော့
မာစတာကြီးလည်း သဘောတွေကျပြီး
သူ့ကိုကာကွယ်နေကျ စစ်သားနှစ်ယောက်လောက်
ခေါ်သွားပြီး မိန်းမလှတွေ တစ်ပိုက်ကြီးနဲ့
အိမ်ကြီးထဲက သူကြီး လမ်းညွန်တဲ့ တစ်နေရာဆီ
ထွက်သွားပါလေရော … ၊
ကျန်ခဲ့တဲ့ ဂျပန်စစ်သားတွေနဲ့
သေတ္တာကြီးတွေအပြင် အဘတို့ကိုလည်း
ရွာလူကြီးရဲ့ လူတစ်ယောက်က သူ့နောက်လို့ဖို့ပြောပြီး
ခေါ်သွားခဲ့တယ် …
(ဆက်ရန် -> အပိုင်း ၃ B သို့)

Comments
Post a Comment