''အလောင်းအစား''
**************
စ/ဆုံး
''မင်း သေချာရဲ့လား''
''သေချာတာပေါ့ကွာ စိန်လိုက်လေ ဒါမျိုးတော့သွေးမနည်းဘူး''
''ဟုတ်မှလည်း လုပ်ပါကွာ တော်ကြာ ကျော်မကောင်း ကြားမ
ကောင်းတွေဖြစ်နေမယ်''
''ဟေ့ကောင် ငါက တောသားပါကွ သန်းခေါင် သန်းလွှဲ
ဖားရှာ ငါးရှာ ကွင်းစုံ လှည့်ခဲ့တဲ့ကောင်ပါ
ထွီ
မင်းတို့ မြို့သချိ င်္ုင်းလောက်တော့ စာမဖွဲ့ဘူးကွ ''
''အေးပါ မင်းစကားနဲ့ မင်းနော်
ခါတိုင်းလို ငါတို့မပါဘူး မင်းတစ်ယောက်တည်းသွားရမှာ''
''ချကွာ ကြာတယ် ဘယ်လောက်ပါလဲ ပါသလောက်ချ
ငါရှုံးရင် ဟောဒီမှာတွေ့လား ရွာကပို့လိုက်တဲ့ငွေ အခုမှသွားထုတ်
လာတာ''
''ဘုန်း''
စိတ်မြန် လက်မြန် ဗိုလ်တောသား တက္ကသိုလ်ကျောင်းသားမှာ
ကျောင်းတက်စားရိတ်အတွက် မိဘများပေးလိုက်သည့်ငွေကို
လဘ္ကက်ရည်ဆိုင်ရှိ စားပွဲပေါ်သို့ ချကာ စိန်ခေါ်လေပြီ
ကျန် ကျောင်းသားများမှာလည်း ငြင်းရင်း ခုံရင်း စကားနိုင်လုရင်းမှ
အတည်ဖြစ်သွားသော စိန်ခေါ်ပွဲအား စိတ်မသက်မသာဖြင့်
ပါလာသောငွေများကို ထုတ်ကာ လောင်းကြေးထပ်လိုက်ကြလေ
တော့သည်
၎င်းတို့ စိတ်ပူသည်မှာ ငွေထက် ဖိုးထွေး၏ အသက်
ဟုတ်သည်
''ဆင်ဖြူခံ'' သချိ င်္ုင်း(ယ္ခု ဆင်ဖြူခံကွင်း)
ဆိုသည်မှာ သာမာန်ဖြတ်လျှင် အခြောက်အလှန့်ကင်း
သလောက် အလောင်းအစားဖြင့် သွားလျှင် ----
လူကြီးသူမများစကား ဘယ်အရာမှ အလောင်းအစားဖြင့်
မလုပ်ကောင်းဟု
သို့သော်
စကားကျွံခဲ့ချေပြီ
''ဟေ့ကောင် ဘယ်လိုလုပ်ကြမလဲ ဒီကောင် တကယ်သွားမှာကွ''
''ခွီးတဲ့မှ မင်းတို့ ငြင်းခုံကြတာလေ စပြီးမှတော့ ဘယ်တတ်နိုင်မလဲ''
''အေးပါကွာ ညကျ သူ့အရိပ်အခြေကိုကြည့်ပြီး နောက်ကလိုက်ကြ
တာပေါ့ အခြေနေမဟန်ရင် ငါတို့ရှိကြောင်းပြောရအောင်လေ''
''ဒါလည်းကောင်းတာပဲ သူမသိစေနဲ့နော် သူသိရင်မလွယ်ကျော''
''ညီစေနော်''
''OK''
--------------
''ငါ့များ ငကြောက်မှတ်နေသလားမသိဘူး ရွာက သရဲချောက်
ကြမ်းတဲ့နေရာမှာတောင် အလည်လူကိုဆွဲတယ်ဆိုလို့
အမြဲ အလည်ကပဲ နေခဲ့တဲ့အကောင်ပါ တွေ့ကြပြီပေါ့ကွာ မြို့သရဲ မြင်ဖူးတယ်ရှိအောင် သေချာကို ကြည့်အုံးမှာ''
မောင်ထွေးမှာ မကျေနိုင်မချမ်းနိုင်ဖြင့် ပုဆိုးအား ခပ်တိုတို ခပ်
တင်းတင်းပြင်ဝတ်ကာ သန်းခေါင်ယံအချိန်တွင် ဆင်ဖြူခံသချိ င်္ုင်း
သို့ ထွက်လာခဲ့သည်
မောင်ထွေးတို့ သူငယ်ချင်းတစ်စုမှာ မိန်းတက္ကသိုလ်အနီးတွင်သာ
အဆောင်ငှားနေခြင်း ဖြစ်ရကား ဆင်ဖြူခံသချိ င်္ုင်းနှင့် မဝေး
တက္ကသိုလ်မှ ထိုနေရာသို့အသွား မှောင်မည်း၍ ခြုံအလွန်ထူလှသော လူသွားလမ်းဟူ၍ မပီပြင်သည့် လမ်းမြှောင်
လေးကို ဦးဆုံးတွေ့ရသည်
အလောင်းအစားတွင် သတ်မှတ်ချက်မပါသော်လည်း
ဒုတ်မီးယူရမည်ကို ရှက်သောကြောင့် တမင်ထားခဲ့သည်လေ
ဘေးဘီမှ ခြုံနွယ်တို့ လေတိုးသံသည် တရှဲရှဲ သူ၏ ခြေသံသည်
လည်း တိတ်ဆိတ်မှောင်မည်းလှသော သန်းခေါ်ယံအချိန်တွင်
နောက်ပါးမှ လူတစ်ယောက် ထပ်ကြပ်မကွာ လိုက်နေသည့်အသံ
နှယ်
အတန်ငယ် လမ်းလျှောက်ပြီးနောက် အလောင်းအစားထားရာ
သချိ င်္ုင်းသို့ ရောက်ခဲ့ပြီ
လ၏ အလင်းရောင်မဲ့သော်လည်း ည၏ သဘာဝအလင်းကြောင့်
လူသားများ ကိုယ်စီ ကိုယ်စီ အိပ်စက်ရာမှ ကိုယ်ပိုင်မှတ်တိုင်
လေးများကို အစီအရီ တွေ့နေရသည်
''လူသေကများ ငါ့ကို ဘာထလုပ်နိုင်မှာကျနေတာပဲ
ဟားးး ဟားးး ဟားးးး ငါ ဒီကိုရောက်တယ်ဆိုတာ သူတို့ယုံဖို့
တစ်ခုခုတော့ ယူခဲ့အုံးမှ''
ဖိုးထွေးမှာ သူ့အတွေးနှင့်သူ သချိ င်္ုင်းအစပ်ရှိ မြေပုံတစ်ခုအနီးသို့
သွားကာ လူသေ၏ ပစ္စည်းဟု အငြင်းပွားစရာမရှိနိုင်သော
ပစ္စည်း တစ်ခုခုကို တွေ့လိုတွေ့ငြား ရှာဖွေလိုက်သည်
ဟော
တွေ့ပါပြီ
ခွေးများတူးဖော်ထားသည်ထင့်
လူသေ၏ အသားမကျတကျ လက်တဖက် မှာ မြေပုံတစ်ခုပေါ်သို့
ရောက်နေသည်
အခြားမြေပုံများအား ကျော်ခွ၍ ထိုအရာအနီးသို့ ရောက်အောင်
သွားလိုက်သည်
''ဟားးးဟားးးဟားးးး ရပြီကွ
ငါ
ဒီအချိန် ဒီနေရာမှာ ရှိနေတာ သက်သေပြဖို့ ရပြီကွ''
ဝမ်းသာအားရဖြင့် ထိုလက်ကို ကောက်ယူပြီး ပြန်အထ
-----ဟာာာ----
သူ၏ ပုဆိုးအား တစ်စုံတစ်ခုမှ ဆွဲထားသလိုလို
သူ
အားစိုက်ပြီး ရုန်းကြည့်သည် မရ
ထပ်မံ၍ ရုန်းကန်သည် မရ
သူ
ချွေးများ တဒီးဒီးကျသည်အထိ ကြောက်ရွံ့လာသည်
သူ
ထိုသို့ တခါဖူးမျှ အဆွဲမခံရဘူးချေ
တိတ်ဆိတ်သော အကာလညနှင့် တစ်ယောက်တည်း သချို င်္င်း
အတွင်းဝယ် လူသေ၏ လက်တစ်ဖက်ပိုက်ကာ
သရဲဆွဲခြင်း ခံထားရသည်ဟူသောအသိ
သူ
အော်ဟစ်ရန်ပင် မေ့လျော့ကာ သရဲဆွဲထားသော ပုဆိုးအား
ပြန်လည် ဆွဲယူလေသည်
တစ်ယောက်တည်း ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်တွင်
သူ့ထံသို့ အလင်းတန်းကြီးတစ်ခု ထိုးစိုက်လာပြီးနောက်
''ဟားးးးးဟားးးးဟားးးးဟားးးးဟားးးးးဟားးး''
''ဟီးးးးဟီးးးးးးဟီးးးးးးဟီးးးးဟီးးးးးး''
''ခစ်ခစ်ခစ် ခွိခွိခွိ အဟစ် ဟစ် ဟတ် ဟားးးးးးး''
သချိ င်္ုင်းတစ်ခုလုံးအား လွှမ်းခြုံမတတ် ထွက်ပေါ်လာသောရီသံ
ကြောင့် ကြောက်စိတ်အားကြီးသည်ထက်ကြီးကာ
''အမလေးဗျ ကြောက်ပါပြီ နောက်ကို အလောင်းအစား
မလုပ်တော့ပါဘူး လွှတ် လွှတ်ပေးပါ နောက်ကို မလာတော့
ပါဘူး''
အကြောက်လွန်ကာ လူသေ၏လက်ကို မလွှတ်တမ်းဖက်လျှက်
သွေးရူး သွေးတန်းအော်ဟစ်နေသော်လည်း
ရီသံကြီးမှာ ပျောက်မသွားခဲ့
---------------
''ဟာ ဟေ့ကောင်တွေ ဟိုမှာကြည့်စမ်း မောင်ထွေး မြေပုံပေါ်က
ဘာကြီး ယူနေတာလဲကွ''
''ဟာ အေးကွ သချိ င်္ုင်းပိုင် ပစ္စည်းမယူရဘူးလေကွာ လာ
သွားပြောမယ်''
''မပြောနဲ့ ငါတို့လိုက်လာတာသူသိရင် ဒေါကန်လိမ့်မယ်''
မောင်ထွေးအား စိတ်မချနိုင်စွာ နောက်မှ လိုက်လာသည့် သူငယ်
ချင်းတစ်စု
မောင်ထွေးအား မြင်နိုင်သည့်နေရာတစ်ခုတွင် စောင့်ကြည့်နေကြ
သည်
''ဟေ့ ဟိုကောင်ဘာဖြစ်တယ်မသိ ကုန်းကုန်းကွကွနဲ့ ''
''မှန်းးးး သေချာကြည့်စမ်း ဒုတ်မီးထိုးရမလား''
''မထိုးနဲ့ သူသိသွားလိမ့်မယ်''
ညအလင်းဖြင့် စူးစိုက်ကြည့်မိသောအခါ မြေပုံတွင် မှတ်တိုင်
အဖြစ် စိုက်ထူထားသည့် အပေါင်းသဏ္ဍာန်တွင် မောင်ထွေး၏
ပုဆိုးစငြိဝင်နေခြင်းပင်
''ဟေ့ကောင် မင်းမြင်တာ ဟုတ်လို့လား ''
''သေချာချင်ရင် ဒုတ်မီးနဲ့ ထိုးကြည့်ကွာ''
ကျန်သူများမှာ အမြင်အာရုံ သိပ်မကောင်းရကား မီးအားစူးသော
သုံးတောင့်ထိုး ဒုတ်မီးကို ဖွင့်ကာ မောင်ထွေးရှိရာသို့ ထိုးကြည့်
လိုက်လေရာ
''ဟားးးးး ဟားးးး ဟားးးး ဟားးးး ဟားးးးး''
''ဟီးးးးး ဟီးးးးးး ဟီးးးးးးးဟီးးးးးဟီးးးးး''
''ခစ်ခစ်ခစ် ခွိခွိ အဟစ် ဟစ် ဟတ် ဟားးးးး''
သူငယ်ချင်း တစ်စု အူတက်မတတ် ရီမောလိုက်သော အသံသည် သချိ င်္ုင်းတစ်ခုလုံးအား လွှမ်းခြုံလျှက်
''ဟေ့ကောင်တွေ ရီမနေကြနဲ့ လာ ဟိုကောင် ငါတို့ရှိမှန်း
သိသွားပြီ ထွက်တွေ့ကြရအောင်''
''အေး အေးးး အဟက် ဟက် ဟက် ရီရတယ်ကွာ ပုဆိုး
အပြဲ ဝတ်လာပြီး မှတ်တိုင်မှာ ကွက်တိ ကွင်းစွပ်ရတယ်လို့
အဟီးးးးးဟီးးးးဟီးးးးး''
၎င်းတို့ လိုက်ပါလာသည်ကို ဖိုးထွေးသိသွားသောကြောင့်သာ
ဖိုးထွေးရှိရာသို့ သွားရမည်ဖြစ်သော်လည်း မျက်နှာပိုးမသတ်နိုင်
ကြ
''ခန ခနလေးပါ သူ့နားမရောက်ခင် နှစ်ကျပ်ဖိုးလောက်
ရီပါရစေ ခွိခွိခွိခွိ ''
အရီသန်သော ငအေးကြောင့် စိတ်အချဉ်ပေါက်ကာ
''ရီပါ ရီပါ မင့်ဟာမင်း နှစ်ကျပ်ဖိုးမကလို့ အစိတ်ဖိုးလောက်
ရီရီ ငါတို့ကတော့ မစောင့်နိုင်ဘူး တယောက်ထဲ နေခဲ့''
''အယ် အယ့် အဲ့လိုတော့မလုပ်ပါနဲ့ကွာ ငါ ငါ မျက်နှာပိုးသတ်ပါ့မယ်''
ပြောရင်း ဆိုရင်း စရင်း နောက်ရင်းဖြင့်ပင် ဖိုးထွေးရှိရာ မြေပုံ
အနီးသို့ ရောက်ချေပြီ
''ဟင် ဖိုးထွေးရော ဘယ်ရောက်သွား''
''အခုနက တွေ့လိုက်တယ်နော ဒီနားလေးတင်''
''အေးကွ ငါတို့ကို စိတ်ဆိုးပြီး ပုန်းနေလားမသိ ဖိုးထွေးရေ''
''နင့်မေ ဂျီးတော် သချိ င်္ုင်းထဲလာပြီး နာမည်ခေါ်နေ
မွေးမေလေ့ ပလုတ်တုတ်''
''ဘာဖြစ်တာလဲကွ''
''ခြေထောက် အောက်မှာ တစ်ခုခုနင်းမိပြီ''
''ဒုတ်မီးရော ဒုတ်မီးထိုးစမ်း''
''ဟာ''
''ဟင်''
လူသေ၏ လက်တစ်ဖက်ကိုပိုက်ကာ မှတ်တိုင်တွင် ပုဆိုး
စွပ်လျက်သားဖြင့် မြေပုံပေါ်လဲကျနေသည့် ဖိုးထွေး
မြေပုံပေါ်တွင်လည်း ကျင်ငယ်ရည်တို့ ရွှဲရွှဲစိုလျှက်
''ဟေ့ ဟေ့ကောင် ဖိုးထွေး ဘယ်လိုဖြစ်တာလဲ
ဖိုးထွေး
မျက်လုံးဖွင့်စမ်း ငါ့ကို စကားပြော ဟေ့ ဟေ့ကောင် ''
ဖိုးထွေးအားကောက်ချီကာ စကားများ တရစပ် ပြောနေပါသော်လည်း
ဖိုးထွေးမှာ တုတ်တုတ်မျှ မလှုပ်
''ဟာ ဟေ့ကောင်တွေ သွားပြီထင်ပါရဲ့ကွာ ဖိုးထွေး
သူငယ်ချင်း ထပါအုံးကွာ အီးဟီးးးးဟီးးးဟီးးးးး''
''ငါပြောပါတယ်ကွာ အလောင်းအစားက မလုပ်ကောင်းဘူးလို့''
''ဒီလိုဖြစ်မယ်မှန်းမှမသိတာကွာ သူအကြောက်လွန်တာ
ပုဆိုးပြဲနဲ့ ဒီမှတ်တိုင်နဲ့ငြိတာပါကွ အီးးးဟီးးးဟီးးးဟီးးးးး''
''ဘာပဲပြောပြော သူသေပြီလေ အဲ့ဒါ မင်းကြောင့် မင်းသူနဲ့
ပြိုင်ပြီး ငြင်းခဲ့လို့ဖြစ်ရတာ''
''ထားလိုက်တော့ အခုပြဿနာ အခုရှင်းမယ် ဟေ့ကောင်တွေ
ငါကတော့ ဖိုးထွေးကို ဒီမှာမထားခဲ့နိုင်ဘူး ပြန်သည်မယ် နောက်ပြဿနာ နောက်ရှင်း''
''အေး ငါလည်း အဲ့ဒီလိုပဲ ''
''အေး ငါလည်း ထမ်းမယ်''
ကိုတေကြီး၏ စကားကို ထောက်ခံမဲ အပြည့်ဖြင့် သန်းလွှဲချိန်တွင် သချို င်္င်းအတွင်းမှ ဖိုးထွေး၏ အလောင်းကို တလှည့်စီထမ်း၍
အဆောင်သို့ ဦးတည် ကာ ပြန်ခဲ့ကြသည်
''ဟေ့ ဟေ့ကောင်တွေ ခနရပ် ''
ကိုတေကြီး၏ စကားကြောင့် အားလုံးတုန့်ကနဲ ရပ်လိုက်ကြသည်
''ရပြီ ဆက်သွားမယ်''
''ဘာလို့လဲ ကိုကြီးတေ''
''ခြေသံတွေ များနေလို့''
''ဟမ် ''
ကိုတေ၏ အဖြေကြောင့် ဖိုးထွေးအားထမ်းလာသည့် ငအေးမှာ
ဖိုးထွေး၏ ခန္ဓာကိုယ်အား လွှတ်ချမိမတတ်
''ကဲ အဆောင်ထဲတော့ မသွင်းတော့ဘူး ဒီရှေ့မှာပဲ အလောင်း
ပြင်ကြမယ်''
အဆောင်နေ ကျောင်းသားများဖြစ်သော်လည်း ရပ်တွင်းရှိလူများ
နှင့် ရင်းနှီးကျွမ်းဝင်သောကြောင့် ဖိုးထွေး၏ နာရေးမှာ ခနတွင်း
ချင်းပင် ပြင်ဆင်နိုင်ခဲ့သည်
မပြီးနိုင်သေးသည်က
''ခေါ ---- ခလူးးးး ခူးးးးးးး''
တညလုံး ပင်ပန်းထားသော အရှိန်ကြောင့် ကိုတေတို့ သူငယ်ချင်း
တစ်စုမှာ ဖိုးထွေး ခြေရင်း၌ ဖလက်ပြနေလေသည်
သူတို့အနီးတွင်လည်း ရပ်ကွက်ထဲမှ ကာလသားများသည်
ဖဲချပ်လေးများကို အပျင်းပြေ စီတန်းနေကြသည် (ဖဲရိုက်တယ်
မပြောချင်လို့)
ထိုစဉ်
''ကျွိ--- ကျွီ----- အီ-----အီ-------''
''ဟေ့ကောင် မင်း အီးပေါက်တာလား အီးစော်နံတယ်''
''ငါမပေါက်ဘူးကွ မင်းပေါက်တာ မသေခင်ပုပ်နေ ဘယ်လို
အနံ့ကြီးမှန်း မသိ အိ အိ ----''
စကားပြောနေရင်းမှ သူ၏ နောက်ကျောပေးရာအရပ်သို့ လက်ညှိုး
ထိုးကာ တအိအိ ဖြစ်သွားသော ဖဲရိုက်ဖော်ကိုကြည့်ကာ
သူလည်း လှည့်ကြည့်လိုက်မိသည်
''ဟ ဟာာာာ သရဲ သရဲ ဖိုးထွေး ဖုတ်ဝင်နေပြီ
ပြေးဟေ့ ပြေးးးးဟ''
''ဟမ် ဖိုးထွေးတဲ့ ထ ထ ဟေ့ကောင်တွေ ဖိုးထွေးထဲ
ဘာဝင်တယ်ဆိုလား ဟ''
ခြေရင်းတွင် အိပ်မောကျနေသော ကိုတေကြီးတို့တစ်စုလည်း
ဝရုန်းသုန်းကား ထပြေးကြသော ဖဲရိုက်သူများကြောင့် နိုးလာပြီး
အလောင်းစင်ကို ကြည့်လိုက်မိသည်
''ဟာ ဖိုးထွေး ဘယ်ရောက်သွားပါလိမ့် ဒီလူတွေ အခြား
အကြောင်းပြပြီး ၃၄ သိန်းတန် ဖြုတ်သွားကြလားမသိဘူး
ရှာစမ်း ရှာစမ်း'' ( အ့တုန်းက ၃၄ သိန်းတန်က သိသေးဘူးနော်
စိတ်ကူးလေးထည့်ကြည့်တာ)
''ငှယ် မင့်ဖိုးထွေးက မင့်နောက်မှာဟ မတ်တပ်ကြီး''
''ဟမ် သူက ဘယ်လိုလုပ်ပြီး လမ်းလျှောက်တာတုန်း''
''မေးကြည့်လေ သူ့ကို''
မျက်လုံးမဖွင့်ပဲ မတ်တပ်ကြီးဖြစ်နေသော ဖိုးထွေးအား
''ဟဲ့ ဖိုးထွေး နင်မသေဘူးမို့လား မတ်တပ်ကြီး အိပ်မနေနဲ့
မသာ မျက်လုံးဖွင့်''
ကိုတေကြီး၏ စကားကြောင့် ဖိုးထွေး၏ ခန္ဓာကိုယ်မှာ တချက်
တွန့်သွားကာ
''ဘယ်က ဖိုးထွေးလဲ ငါ့နာမည် ဝင်းထိန်ကွ ဝင်းထိန်''
''ဟမ်''
''ဟုတ်တယ် ဟိုသူတောင်းစား ငါ့လက် ယူသွားလို့ ပြန်လိုက်
ယူတာ ''
''ဟမ် ''
ဟုတ်ပေသားပဲ
ဖိုးထွေး၏ လက်ထဲမှ လူသေလက်ကြီးမှာ ဖြုတ်မရသောကြောင့်
ဤနေရာအထိ ဖက်လျှက်အနေအထားဖြင့် သယ်ယူလာခဲ့သည်လေ
''ဟုတ် ဟုတ်ကဲ့ပါ နောင်ကြီးလက်ကို သူကိုယ်တိုင် မနက်ဖြန်
ကျ လာပို့ပါလိမ့်မယ် ကျေ ကျေနပ်ပါဗျာ မနှောက်ယှက်ပါနဲ့တော့''
ကိုတေကြီး အလျှောက်ကောင်း၍လားတော့မသိ ဖိုးထွေး၏
သက်မဲ့ခန္ဓာကြီးမှာ ထားရာနေရာသို့ ပြန်လည်လျှောက်သွားကာ
ဘိုင်းကနဲ လဲကျသွားလေတော့သည်
--------ပြီးပါပြီ-------
Zar Zar Win
ရာရာ

Comments
Post a Comment