❌❌ အာဃာတ အကျိုးဆက်❌❌
----------------------------------
.... အား... အမေရေ... ပူတယ်.... ဗိုက်ထဲက အရမ်းပူတယ်.... ဝေါ့... အော့....
ထွေးခံထဲသို့ သွေးခဲတုံးစများ အန်ချလိုက်ပြန်သည်။
.... တောက်... ဒါ သွေးရိုးသားရို့း မဟုတ် ဘူး အောက်လမ်းပဲ...
ညီမ ဖြစ်သူ မာလာ အဖြစ်ကို ကြည့်၍ အောင်ကို ကြိတ်မနိုင် ခဲမရ ဖြစ်နေသည်။
လှပ ချောမောသည့် သပြေကုန်းရွာ၏ ကွမ်းတောင်ကိုင် ဟု ဆိုရသော ညီမလေး မာလာ မှာ အရင်နှင့် မတူတော့ပဲ ဆန့်ကျင် ကွဲပြားစွာ သွေးဆုတ် ပိန်လှီ ၍ အရိုးပေါ် အရေတင် ဖြစ်နေသည့် ပုံစံကို ကြည့်၍ အောင်ကိုမှာ ဒေါသ အကြီးအကျယ် ထွက်နေမိသည်။
... သား နယ်မှာ အလုပ်သွားနေတုန်း သား ညီမ အခုလို ဖြစ်တာ... အမေတို့ သိတဲ့ ဆေးဆရာ အချို့နဲ့ ကုပြီးပြီ ထူးခြား မလာဘူး... ဘာရောဂါမှလည်း ရှာမတွေ့ဘူး... ကြာတော့ ဆေးဖိုးကုန်ပြီး သက်သာ မလာလို့ လက်လျှော့ထားရတယ်.... သား ညီမကို ကယ်ပါ ဦး သားရယ်...
မိဘတွေက အောင်ကို ကို အားကိုးတကြီး အကူအညီ တောင်းကြသည်။
.... သား မိန်းမယူပြီးကတည်းက အမေတို့မှာ ဒီသမီးလေးပဲ ကျန်တော့တာ... သမီးလေးသာ တစ်ခုခု ဖြစ်သွားရင်တော့...အင့်...ဟီး..
အမေက ငိုပြန်တော့ အောင်ကို စိတ်မကောင်း ပိုဖြစ်ရသည်။
.... မပူနဲ့ အမေတို့... သားနဲ့ အရမ်း ရင်းနှီးတဲ့... အရမ်းတော်တဲ့ ပယောဂ ဆရာကြီး တစ်ယောက်ရှိတယ်... ပင့် ပြီးတော့ ညီမလေး ကို ရအောင် ကုမယ်... သားညီမကို လုပ်တဲ့ သူကိုပါ အသေ လုပ်ပစ်မယ်...
----------------------------------------------------
.... ဆရာကြီးရယ် ကျနော့ ညီမကို ပျောက်အောင် ကုပေးပါ အားကိုးပါတယ်... ကျနော့ ညီမကို လုပ်သူကို လည်း ပြန်ပြီး ဒဏ်ခတ်ပေးပါ ဆရာ...
အောင်ကို ပင့်ဖိတ်မှုနှင့် ညောင်ကိုင်ရွာက ဆရာကြီး ကျော်သိန်း ရောက်လာပြီး မာလာ့ ကို ကုသည်။ ဆရာကြီး ကျော်သိန်းက ညောင်ကိုင်ရွာ နယ်တဝိုက်မှာ နာမည်ကြီး...။
သူနဲ့တွေ့သော ပရောဂ မပျောက်မရှိ..။ အောက်လမ်း ပညာရှင်တွေ အပေါ်ရက်စက်သည့် ဆရာဟုလည်း နာမည် ကြီးသည်။
သူပရောဂ ကုလို့. အတိုက်အခိုက်လုပ်ထားသူက သူသတ်မှတ်ထားသည့် အချိန် အတွင်း တောင်းပန် လျင် တောင်းပန် မတောင်းပန်လျင် ဝေဒနာရှင်၏ လူများကို မေးသည်။
.... ဘယ်လို လုပ်စေချင်သလဲ... ဒဏ်ပေးရုံပဲလား... အသေ လုပ်ချင်လား....
ဟု မေးသည်။ အသေ လုပ်ပေးသာ ပြောလို့ကတော့ အောက်လမ်း တိုက်ထားသူ အတွက် ကတော့ အခေါင်းစပ်ထားဖို့ ပြင်တော့...။တလောင်း သွားပေရော့ပဲ။
ပစ္စည်းတွေ ဘာတွေ အခိုးခံရလျင် သူခိုး ခြေရာ လက်ရာ တစ်ခုခုသာ ကျန်ခဲ့။ ဆရာကြီး ကျော်သိန်းကို တိုင်လိုက်။ ထို သူခိုး ခြေရာ လက်ရာကို တောင်းနှင့် အုပ်ထားပြီး တောင်းပေါ်မှာ ဖယောင်းတိုင် တစ်တိုင်ထွန်းထားသည်။ ဖယောင်းတိုင်မီး မကုန်ခင် ပစ္စည်း လာပြန်အပ်ရင် အပ် မအပ် ထုံးစံ အတိုင်း ပစ္စည်းရှင်ကို ဘယ်လို လုပ် မလဲ မေးသည်။
ပစ္စည်းရှင်က အသေ လို့သာ ပြောလိုက် ။ ဖယောင်းတိုင်မီးကုန်၍ သူခိုးခြေရာ အုပ်ထားသော တောင်းကို ဖယ်လိုက်သည်နှင့် သူခိုးက အနီးအနားမှ ဆိုလျင် မကြာခင် တလောင်းကြွသွားသည်ဆိုသော သတင်းကြားရပေလိမ့်မည်။
အဲ့ဒီလို နာမည်ကြီးသော ဆရာကြီး ကျော်သိန်းပင်။
အခုလည်း မာလာ့ကို ပယောဂ စ, ကုပေပြီ။
မာလာ့ကို အတိုက်လုပ်ထားသူအား မာလာ့ ခန္ဓာကိုယ်တွင် ဝင်ပူးကပ်စေ၍ ဆရာကြီးက မေးမြန်းသည်။
ပယောဂ ပညာရှင် ဝင်လာတော့ မာလာ့ ပုံစံက သိသိသာသာ ပြောင်းလဲ သွားသည်။ မျက်ထောင့်နီကြီးများနှင့် အားလုံးကို မကျေနပ်သလို လိုက်ကြည့်နေသည်။
..... ဟင်း... ဟင်း...ဟင်း.... ဟီး....
တကိုယ်လုံးတုန်ကာ နှာတွေ တစ်ရှူးရှူးနှင့် ဒေါသထွက် နေပုံရသည်။
..... နင် ဘယ်သူလဲ...ဘယ်ကလဲ...
ဆရာကြီး ကျော်သိန်း အမေးကို မဖြေ..။ပမာမခန့် ပြန်ကြည့်နေသည်။
.... ဘာလို့ ... သူများကို လုပ်တာလဲ...
ဆရာကြီး ကျော်သိန်းက ချည်မန်းကြိုးများနှင့် လည်ပင်းစွပ်၊ ရေမန်းများနှင် ပက်မှ မခံနိုင်တော့ ဟန်တူသည်။ အနည်းအကျည်း ပြန်ဖြေသည်။
မာလာက ငွေတိုးချေးစားရာတွင် အပျိုလေး တန်မဲ့ နှုတ်ကြမ်း အာကြမ်းလွန်း သဖြင့် မုန်း၍ ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောပြသည်။
.... ဝေဒနာရှင်ကို လုပ်ထားသူက မင်းတို့ရွာထဲက စုန်းမပဲ... အဲ့တော့ ဘယ်လို ဖြစ်စေချင် သလဲ.... သူဘယ်သူလဲ ဘယ်လိုပုံစံလဲ ဆိုတာ မေးမရဘူး...တော်တော် ခေါင်းမာတဲ့ စုန်းပဲ...
အောင်ကိုက စုန်း၊ အောက်လမ်းဆို အသေ မုန်းသူ။
.... အသေ လုပ်ပေးပါ ဆရာကြီး... သူဘယ်သူလဲ ဆိုတာ သိချင် သေးတယ်...
ပယောဂ ပူးနေသော မာလာက မျက်ထောင့်နီကြီးနှင့် အောင်ကို့ကို လှည့်ကြည့်လာသည်။
အောင်ကို့ကို လက်ညိုး တည့်တည့်ထိုးကာ...
.....နင်... နောင်တ ကောင်းကောင်း ရစေရမယ်...
အောင်ကိုက ဂရုမစိုက်သလို ထီမထင်ဟန် ကြည့်နေလိုက်သည်။
.... အောင်မယ်... စုန်းမကများ... အခုထိ မာန်မလျော့ သေးဘူး...သေဖို့ပဲ နင်ပြင်ထားတော့....
ဆရာကြီး ကျော်သိန်းက ချက်ချင်းပင် လွယ်အိတ်ထဲမှ အသင့်ပါသော ရွံစေးကို ထုတ်၍ လူရုပ်ပုံသဏ္ဍန် အရုပ် သေးသေးလေး တစ်ခု ပြုလုပ်ပြီး ဓားမြှောင်တစ်လက်ထုတ်၍ ဂါထာ မန်းမှုတ်ကာ အရုပ်လေးအား ခါးလည်မှ ဓားဖြင့် ပိုင်းချလိုက်လေသည်။
အရုပ်လေး ခါးလည်မှ ပြတ်ကျ သွားသည်နှင့် ပယောဂ ပူးနေသော မာလာမှာ လည်း ကြမ်းပြင်ပေါ် ဝုန်းခနဲ့ လဲကျသွားလေသည်။
..... ကဲ... ကဲ... ဝေဒနာရှင်ကို... ရေးမန်းတွေ ဘာတွေတိုက်...ပြီး နားခိုင်းလိုက်တော့.... စုန်းမကတော့... ဒီအရုပ်ပေါ်က ထွန်းထားတဲ့ ဖယောင်းတိုင် ကုန်တာနဲ့ အသက်ပျောက်ပြီ.....
----------------------------------------------------
.... သင်းမြတ်ရေ... သင်းမြတ်... မိန်းမရေ...သားရေ....
.... အော်... အစ်ကို ပြန်လာပြီလား... သားကို အခုပဲ အခန်း ထဲမှာ ချော့သိပ်ထားတယ်...
.... ...လေးငါးလ အဝေးမှာ အလုပ်သွားလုပ်ပြီး ပြန်လာတာ မိန်းမနား သားနား ...ကပ်ရမလား မှတ်တယ်... ညီမလေး အတွက် အလုပ်ရှုပ်နေတာနဲ့... မိန်းမကို ဂရုမစိုက်မိ ဖြစ်သွားတယ်... ခွင့်လွတ်နော် မိန်းမ... ဟဲ..ဟဲ...
သနပ်ခါးအဖွေးသားနှင့် တစ်သားမွေး တစ်သွေးလှနေသော မိန်းမဖြစ်သူ သင်းမြတ်ကို အောင်ကိုက လက်ကလေးအား ဆုပ်ကိုင်၍ ချော့မော့သည်။
.... ရပါတယ် အစ်ကိုရယ်... သင်းမြတ်က အစ်ကို့ ကို အစစ အရာအရာ နားလည် ပေးပြီးသား...
သင်းမြတ် စကားကြောင့် အောင်ကို ကျေနပ် သွားသည်။
.... အဲ့ဒါကြောင့်... ငါ့မိန်းမကို ချစ်ရတာ...
ချစ်စနိုးနှင့် သင်းမြတ်ပါးကို ဆွဲလိမ်လိုက်သည်။
.... အခုတော့ မိန်းမနား ကပ်နိုင်ပြီ... ညီမလေးလည်း ဆရာကောင်းနဲ့ တွေ့လို့ သက်သာ သွားပြီ... ညီမလေးကို ယုတ်မာထားတဲ့ စုန်းမလည်း ဆရာကြီးက အသေသတ်မှာ.... မှတ်ကရော....
သင်းမြတ်က အောင်ကို ၏ ဝမ်းသာအားရ ဖြစ်နေသော ပုံစံကို ပြုံး ပြုံးလေး ကြည့်နေပြီး...
.... အစ်ကို ကျေနပ် သွားပြီ မို့လား...
.... အင်းပေါ့ မိန်းမရ... မိန်းမကော ဝမ်းမသာ ဘူးလား....
သင်းမြတ်က ဘာမှ ပြန်မပြော ညိုးငယ်ငယ် မျက်နှာနှင့် အောင်ကို့ ကို ကြည့်နေသည်။
.... သေတဲ့ အထိ လုပ်တာတော့ မကောင်းဘူး ထင်တယ် အစ်ကိုရယ်....
မျက်နှာ အိုစာစာဖြစ်နှင့် သင်းမြတ်ကပြောသည်။
..... မိန်းမကလဲ...သူများကို မကောင်းတဲ့ နည်းနဲ့... ဒုက္ခပေးတဲ့သူ... လောကမှာ မရှိ အေးတာပဲ...
..... ဒါနဲ့ မိန်းမ မျက်နှာလဲ မကောင်းပါလား... ဘာဖြစ်နေတာလဲ... လက်တွေကလည်း အေးစက်လို့...
သင်းမြတ် နဖူးအား စမ်း ကြည့်၊ လက်ကလေးအား ဆုပ်ကိုင်ရင်း အောင်ကို ပူပန်သလို ပြောနေသည်။
.... တစ်ကိုယ်လုံး အေးစက်နေပါလား မိန်းမ... နေမကောင်းဘူးလား... ဆေးခန်း သွားမယ်လေ...
သင်းမြတ်က ဝဲတတ်လာသော မျက်ရည်လေး များကို ပုတ်ခပ် ပုတ်ခပ် လုပ်၍ သိမ်းလိုက်ပြီး
.... ဘာမှ မဖြစ်ပါဘူး အစ်ကိုရယ်... အစ်ကို ထမင်း မစားရသေးဘူး မဟုတ်လား... အစ်ကို ကြိုက်တဲ့ ဟင်းတွေ ချက်ထားတယ်... စားလိုက်ဦး... အစ်ကို့ကို စားစေချင်လို့ စောင့်နေရတာ ပင်ပန်းလိုက်တာ....
သင်းမြတ် မီးဖိုချောင်ထဲ ဝင်သွားက အောင်ကို အတွက် ထမင်း ဟင်းတွေ ခူးခပ်ပေးသည်။
သင်းမြတ် ခူးပေးသော ထမင်းဟင်းကို အောင်ကို အားရ ပါးရ စားနေမိသည်။ ဒီနေ့ စားရသော ထမင်းဟင်းက အရသာ ရှိနေ သလိုပင် စားကောင်းလှသည်။
..... ဒါနဲ့ မိန်းမ.... ဒီအနီး အနား ရွာတွေမှာ... ဘယ်သူ သေလဲ... နားစွင့်ထား... သေတဲ့သူ ရှိလို့ကတော့... အစ်ကို့ ညီမ မာလာ ကို လုပ်တဲ့ စုန်းမ ဆိုတာ...အသေအချာပဲ....
ထမင်းစားရင်းမှ အောင်ကို က သင်းမြတ် ကို ပြေလိုက်သည်။
... အစ်ကို့ ညီမကို... ပြုစားတဲ့ စုန်းမကို အစ်ကို အရမ်း မုန်းတာပဲလား...
.... ပြောတတ်တယ် မိန်းမရယ်... အနားမှာ ရှိရင် အသေ သတ် ပစ်မှာ... ဒီလောက်ယုတ်မာတာ...
..... အော်....
သင်းမြတ် လက်ကလေး တဖက်က အောင်ကို့ ပခုံးကို လာဆုပ်ကိုင်သည်။ သင်းမြတ်လက်တွေ တအား အေးစက်နေပါလား။
.... အစ်ကို...
အောင်ကို ထမင်းစားရင်း သင်းမြတ်ကို မော့ကြည့်လိုက်သည်။
.... သင်းမြတ်ကို ခွင့် လွတ်ပါနော်....
ဟင်... သင်းမြတ် မျက်ဝန်းမှာ မျက်ရည်တွေ နဲ့ပါလား။
.... ဘာကို ခွင့်လွတ်ရမှာလဲ... မိန်းမရယ်... ငါ့မိန်းမကို အစ်ကို ဒီလောက်ချစ်တာ... ဘာဖြစ်ဖြစ် ခွင့် လွတ်တယ်... ဘာလို့ ဆိုတာ သာ ပြော....
သင်းမြတ် ပါးပြင်မှာ မျက်ရည်တွေ အတားအစီး မဲ့စွာ စီးကျလာသည် ကို အောင်ကို တွေ့လိုက်ရသဖြင့် ရင်ထိတ်သွားကာ ကမန်းကတန် လက်ဆေးပြီး သင်းမြတ် မျက်ရည်များကို သုတ်ပေးနေမိသည်။
... ဘာလို့ ငိုနေတာလဲ... မိန်းမရယ်... ဘာဖြစ်လဲ... အစ်ကို့ကို ပြော....
သင်းမြတ် သိပ်ချစ်ရသူတွေကို ခွဲသွားရတော့မှာမို့ ငို မိတာပါ အစ်ကို...တကယ်တော့...မာလာ့ကို ပြုစား လိုက်တဲ့ စုန်းမက သင်းမြတ် ကိုယ်တိုင်ပါပဲ အစ်ကို.... အစ်ကို အဝေးမှာ စီးပွားရှာနေတုန်း မာလာ့ ဆီက ညီမ အတိုးချေး မိတာ... ပြန်မဆပ်နိုင် သေးလို့ ပြောတာကို... လူပုံ အလယ်မှာ ပက်ပက်စက်စက် ဆဲလို့... ရှက်စိတ် နာကျည်းစိတ်နဲ့ မလုပ်သင့်တာ လုပ်လိုက် မိတာပါ...
.... ဟင်....
အောင်ကို အံသြ မင်သက်သွားသည်။
.... ညီမ မရှိတော့ရင်.... သားလေးကို သေချာ ဂရုစိုက်ပါနော် ... အစ်ကို စီးပွားရှာတာ သားလေးအတွက် ရှင်ပြုဖို့ ဆိုပြီး ညီမကို ပြောဖူးတယ်လေ ... သားလေး ရှင်ပြုတဲ့ အခါမှ ညီမကို အမျှဝေပေးပါ....
အောင်ကို ဘာမှ မပြောနိုင်ပဲ ဆွံ့အ စွာ ကြည့်နေမိသည်။
အောင်ကို၏ ဘေးမှာ ထိုင်လျက် ပြောနေသော သင်းမြတ်၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း အဖြူရောင် အငွေ့အဖြစ် ပြောင်းလဲလာပြီး တဖြည်းဖြည်း အရောင်ဖျော့ လာသည်။
... သင်းမြတ်... ဘာတွေလဲ... ဘာတွေလဲကွာ...
အောင်ကို ပျောက်ကွယ် လုလု သင်းမြတ် ခန္ဓာကိုယ်ကို အတင်းဖက်ထားရန် လှမ်းဆွဲ လိုက်သည်။
မဆုပ်ကိုင်မိ။ လေကိုသာ ဖမ်းဆုပ်မိသည်။
အောင်ကို သွေးပျက်မတတ် ထိတ်လန့် တုန်လှုပ်ကာ
.... သင်းမြတ်ရယ်... ဘာတွေလဲ... ဘာတွေဖြစ်နေတာလဲ... သင်းမြတ်.....
ပါးစပ်မှ ဆောက်တည်ရာ မရ အော်နေမိသည်။ သင်းမြတ် ခန္ဓာကိုယ်က အောင်ကို့ ရှေ့မှာ ပင် အငွေ့အဖြစ် တရိပ်ရိပ်ပျောက်ကွယ် သွားလေပြီ...။
အောင်ကို ထမင်းဝိုင်းမှ ထပြေးကာ အိမ်အနှံ့ ကယောင်ခြောက်ခြား သင်းမြတ်ကို လိုက်ရှာ နေမိသည်။
.... သင်းမြတ်.... သင်းမြတ်...
မိမိတို့ လင်မယားအိပ်ခန်းထဲ ဝင်အရှာမှာတော့ အိပ်ပျော်နေသော သားလေးကို ဖက်လျက် ငြိမ်သက်စွာ အသက်ပျောက်နေသည့် ချစ်ရသော သင်းမြတ် ကို အောင်ကို တွေ့လိုက်ရလေတော့သည်။
.... အားးးးးး သင်းမြတ်ရေ.... ဘယ်လို ဖြစ်ရတာလဲ.... အစ်ကို့ကို သေချာ ရှင်းပြပါဦး....
အောင်ကို ယူကျုံးမရစိတ်များနှင့် ဝမ်းနည်း ပက်လက် အော်ဟစ် ငိုယို မိရသည်။
....မိန်းမရယ် သေဆုံးခဲ့တာတောင် ယောက်ျားကို နောက်ဆုံး ထမင်းတနပ် ခူးခပ်ကျွေးသွားသေးတယ်နော်....
အစ်ကို သင်းမြတ်ကို ခွင့်လွတ်ပါတယ်... အစ်ကို့ ကိုလဲ သင်းမြတ် ခွင့် လွတ်ပါ....
..... တကယ်တော့ မင်းကို ဘယ်သူမှ သတ်တာ မဟုတ်ဘူး... အစ်ကို ကိုယ်တိုင် သတ်လိုက်မိတာပါ ကွာ... ဆရာကြီးကို အပြစ်ပေးရုံလောက် လုပ်ဖို့ ပြောလို့ ရရဲ့သားနဲ့...့  အသေလုပ်ခိုင်းမိတာ... အစ်ကို အပြစ်တွေပါ......အီး...ဟီး...ဟီး....
-----------------------------------------------------
အခုတော့ အောင်ကိုမှာ နောင်တ တရားတွေကို ရင်မှာ ပိုက်ပြီး သား တစ်ယောက်နှင့် ဘဝကို ဖြတ်သန်းနေရသည်။ မိန်းမဖြစ်သူ သင်းမြတ်ကို ဘယ်တော့မှ သစ္စာ မဖောက်ဟုသော သစ္စာတရားနှင့် အတူ သား အတွက် ကြိုးစားနေသော ဖခင်ကောင်း တစ်ယောက် အဖြစ် အောင်ကို တည်ငြိမ်နေပါပြီ...။
ဘယ်ကိစ္စမဆို အာဃာတကို ရှေ့တန်းမတင်ပဲ ခွင့်လွတ် သည်းခံစိတ်နဲ့ နားလည်နိုင်အောင် ကြိုးစားနေပါပြီ...
...... သူများကို ပြန်လည်နာကျင် ခံစားစေချင်တဲ့.... အစ်ကို့ရဲ့ အာဃာတတွေက အစ်ကို့ ကို ဒဏ်ခတ် လိုက်တာပါ... သင်းမြတ် ပြောခဲ့ သလိုပဲ အစ်ကို နောင်တတွေ ကောင်းကောင်းရနေပါပြီ....သင်းမြတ်ရယ်....
...... သင်းမြတ် ဆန္ဒ အတိုင်း သားလေး ရှင်ပြု ပြီးလို့ အစ်ကို အမျှ အတန်း ပေးလိုက်ပါတယ်.... အစ်ကို ပြုသမျှ ကောင်းမှု အစုစု အတွက်... သင်းမြတ်ရေ အမျှ... အမျှ... အမျှ.... နောင်ဘဝဆက်တိုင်း အစ်ကိုတို့ မိသားစု ဒီလို အဖြစ်မျိုးမှ ကင်းဝေးပါရစေ.....
--------------------------------------------------
ပြီးပါပြီ။
စာရေးတတ်သောသူ မဟုတ်ပါ။ တခြားအမည်ဖြင့် ရေးခဲ့သော အဟောင်းလေး ပြန်တင်ပေးခြင်းသာ။ အမှားအယွင်းလိုအပ်ချက်များသည် ကျနော့် ၏ ညံ့ဖျင်းမှုသာ
ဝါသနာရှင် စာရေးသူ - မောင်လယ်တော

Comments
Post a Comment