" ညမထွက်ရ "
(အပိုင်း ၁)
ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ”
သတိပေးချက် -
ဤစာကို စာရေးသူကိုယ်တိုင်
စီးနင်း ရေးသားထားသဖြင့်
နှလုံးရောဂါရှိသူများနှင့်
ကြောက်တတ်သူများ လုံးဝလုံးဝမဖတ်ပါနှင့် ၊
စာဖတ်နေသူမှာ ညအချိန် ဖတ်မည်ဆိုပါက
တစ်ကိုယ်တည်း မဖတ်ဖို့ ၊ အထူးသဖြင့်
သန်းခေါင်အချိန် မဖတ်ဖို့
မေတ္တာ ရပ်ခံပါတယ် ။
**********************************
(အပိုင်း ၁)
>_<_>_<
ည မှာ...
ပုလဲရောင်သဖွယ် လရောင်အား
အနက်နုရောင် ပိတ်ကားထူထူကြီးဖြင့် လွှမ်းခြုံထားသည့်နယ်....။
ဝိုးတဝါး ရွာအဝင်လမ်းမှ
လူနှစ်ဦး သဏ္ဍာန် သည် သိမ်မွေ့စွာ ရွေ့လျားလာနေပြီး
ရွာအဝင်ဝခြံစည်းရိုးနှင့် ကင်းတဲအား
ရှောင်ရန်အတွက် တစ်ဖက်ရှိ ဝါးကပ်ကာထားသော ရွာခြံစည်းရိုးမှ
ကျော်ကာ အပြင်သို့ ခိုးထွက်နေကြသည် ။
- ည မ ထွက် ရ -
ဟူသည့် ဆိုင်းဘုတ် အမှတ်အသား ကြီးသည်
ရွာအဝင်အဝတွင်ရှိနေပြီး လူအများကို
ရွာမှ ညဘက် အပြင်သို့မထွက်ရန်
တားဆီးရန်ကြိုးစားဖို့ကြိုးစားနေသယောင်ပင် ။
ညအချိန်ကြီး
ရွာပြင်ရောက်နေသည့်
ထိုလူနှစ်ဦးမှာ....
အမှောင်ထု၏ သားကောင်များ လော..... ။
" တာတီး... ငါကြောက်တယ်.... "
ရွာထိပ်မှ ရွာပြင်ထွက်လာသည့် လူ နှစ်ဦးအနက်မှ
တစ်ဦးသည် အေးစက်မှောင်မဲ ပြီး
လေထဲမှ အသံတစ်ချို့ကြောင့် ခြောက်ခြားနေကာ
ဘေးမှ လူအား
လေသံဖြင့် ပြောလိုက်ရာ...
" ထွန်းကြီး...မင်းကလည်းကွာ...
ကလေးမဟုတ်သူငယ်မဟုတ်... "
တာတီး ဆိုသူ၏ တုန့်ပြန်စကားကြောင့်
ထွန်းကြီးမှ.......
" မင်းကလည်းကွာ...
ငါလည်းလူပဲကွ... ဘယ်လောက်မိုက်မိုက်
ဘယ်လောက်သတ္တိကောင်းကောင်း
သရဲတော့ကြောက်တယ်ကွ... "
တာတီးက ချက်ချင်း ပါးစပ်နားလက်ကပ်ပြလိုက်ရင်း...
" ရှူး....တိတ်တိတ်နေစမ်းပါကွာ
မင်းလုပ်တာ ကင်းသမားတွေနိုးကုန်ဦးမယ်
လာလာ အချိန်မဖြုန်းနဲ့ မြန်မြန်သွားမြန်မြန်ပြန်ကြရအောင်
ရွာပြင်...ကြာကြာနေလို့ကောင်းတာမဟုတ်ဘူး "
ထွန်းကြီးလည်း ကိုယ့်ပါးစပ်ကိုယ်
လက်ဖဝါးနဲ့ဖိပိတ်လိုက်ပြီး
ပတ်ဝန်းကျင် ဘေးဘီကို ဟိုကြည့်ဒီကြည့် လုပ်နေရင်း
ကြောက်ကြောက်နှင့်သာ တာတီးနောက်လိုက်ခဲ့သည်။
ရွာနှင့်ခပ်လှမ်းလှမ်းအရောက် ထွန်းကြီးက
အကြောက်ပြေ စကားပြန်စလိုက်သည် ။
" တာတီး... မင်းကိုငါယုံလို့သာလိုက်လာတာ...
ငါတစ်ယောက်တည်းသာဆို.. ညဘက် ရွာပြင်မပြောနဲ့
ရွာဝတောင်မလာရဲဘူး... ဒါနဲ့ မင်းကို ပြောပြတဲ့
ဘိုးတော်က မလိမ်တော့မလိမ်လောက်ပါဘူးနော်... "
ထွန်းကြီး စကားကြောင့်
တာတီး အနည်းငယ် ဒေါသထွက်သွားကာ...
" ဟေ့ကောင်ရ..
မင်းလျှာရှည်တယ်ကွာ...
မင်းမလိုက်ချင်ပြန်တော့....
နောက်မှ ငါ့နောက်မလိုက်မိလို့ ငိုနေရမယ်...
မင်းတစ်ဘဝလုံး အဲ့ရွာမှ ည ကြ ရင် တဲစုတ်ကလေးနဲ့အိပ်
မနက်မိုးလင်းရင် ဖင်ထဲ ရွှံ့ဝင်အောင် ယာထဲသွားပြီး
နွားနဲ့ပဲ ရုန်းနေတော့ဟေ့...."
အခြေအနေကို ရိပ်စားမိသည့် ထွန်းကြီးလည်း
စကားပြန်ထိန်းလိုက်သည်...
" အေးပါ... ငါလည်း ချမ်းချမ်းသာသာနဲ့
ဘဝမှာ တစ်ခါလောက်နေဖူးချင်လို့
မင်း ရသေ့ကြီး ပြောတဲ့နေရာကို
အရဲစွန့်ပြီး .... ရင်းကြည့်တာပေါ့ကွာ... "
ပြောပြောဆိုဆိုနှင့် နှစ်ယောက်သား
အမှောင်ထုထဲမှာ စမ်းတဝါးဝါး
သွားနေကြရင်း.. ရွာကို တစ်ချက်ပြန်မျှော်ကြည့်မိလိုက်သည် ။
ရွာနှင့်ဝေးနေပြီဖြစ်၍
အသင့်ဆောင်လာသည့်
ရေနံဆီ မီးအိမ်ကို မီးညှိလိုက်ရာ
အလင်းရောင်အတော်အတန် ရသွားသည် ။
အချိန် နာရီဝက်ခန့် လမ်းလျှောက်ကြပြီးနောက်တွင်
တာတီးမှ လှည်းလမ်း၏ ညာဘက်ရှိ
လမ်းမရှိသော တောအုပ်ထဲ ဆင်းသွားရာ...
အနောက်မှ ထွန်းကြီးလည်း လိုက်သွားလေသည် ။
တော၏ ရနံ့မှာ...
သစ်ရွက်ခြောက်များ သစ်ဆွေးများ ရေစိုထားသဖြင့်
ထွက်နေသည့် ပုတ်အဲ့အဲ့ရနုံ့မျိုး ။
အပင်ကြီးအပင်ငယ်များမှာလည်း
လေမတိုက်ပဲ ငြိမ်သက်လို့နေပုံမှာ..
သားကောင်ခြောင်းနေသည့် မုဆိုးများနယ် ။
ရန်ဖန်ရန်ခါ သူတို့နှစ်ဦး အနီးမှ
လှစ်ခနဲ လှစ်ခနဲ ဖြတ်ပြေးသွားသည့်
အရိပ်မဲများ ကိုလည်း နှစ်ဦးသား ခံစားသိမြင်နေရသည် ။
" တ..တ..တာ..တာတီး
ငါမင်းကိုမယုံလို့မဟုတ်ဘူး ဒါပေမယ့်
ငါမေးစရာရှိတယ်
မင်း ရသေ့ကြီး ပြောတဲ့နေရာကို
မင်းသိတာသေချာတယ်နော်..
အနားမှာလည်း ဘာတွေလည်းမသိဘူး
ဖြတ်ပြေးနေတာမြင်တယ်
ငါ အစက ယုန်တွေ တောကောင်တွေထင်နေတာ
မဟုတ်ဘူး..အရိပ်တွေက တိုတို ရှည်ရှည်ပုံတွေ...
ငါတို့ အန္တရာယ် ရှိနေပြီလို့ ငါမသိစိတ်က
ခံစားနေရတယ် ကွာ... ပြန်ကြရအောင် "
မီးအိမ်တစ်ဖက် ဓားရှည်တစ်ဖက်ကိုင်ကာ
လမ်းတစ်လျှောက်အပင်များခြုံနွယ်များကို
ခုတ်ရှင်းရင်း အနီးအဝေးမှ ဟိုဒီ
ဖြတ်ပြေးသွားသည့် အရိပ်မဲများကို သတိထားမိနေသည့်
ထွန်းကြီးက အလွန် ခြောက်ခြားနေသည့် ဟန်ဖြင့်
မေးလိုက်ရာ..တာတီးက
" မကြောက်ပါနဲ့ ထွန်းကြီးရာ...
ငါလည်းရိပ်မိပါတယ်.. တို့ဒီအထိတောင်
လာခဲ့ပြီးမှ ပြန်လှည့်ရင်နှမြောစရာကြီးကွာ...
နေရာကလည်း ငါမရောက်ဖူးပေမယ့်
သေချာသိပါတယ် ရောက်တော့မှာပါ
ဘရသေ့က ငါ့ကိုပေးချင်လွန်းလို့.....
ဆိုပြီး သေချာပြောထားတာကွ ၊
အဲ့နေရာမှာလည်း သူစောင့်နေမယ်ပြောတယ်...
ငါတို့သူနဲ့တွေ့ရင် စိတ်အေးလက်အေး ဖြစ်ပါပြီ ငါ့ကောင်ရာ...
နည်းနည်အားတင်းထား တို့သွက်သွက်လေးသွားရအောင်...
ပတ်ဝန်းကျင်ကို မကြည့်နဲ့ ကိုယ့်လမ်းပဲ ကိုယ်ကြည့်
ဘယ်အရာမဆို..
တန်ဖိုးအရ.... နည်းနည်း ပါးပါးတော့
အနှောက်အယှက်ရှိမှာပဲ... "
ကိုယ်တိုင်လည်း ကြောက်နေပြီဖြစ်သော်လည်း
မိမိ ကြောက်ပြလျှင် ထွန်းကြီးတစ်ယောက်
ပို၍ သွေးပျက်သွားမည်စိုး၍
တာတီး အံကြိတ်ကာ ယခက်ထက် ခပ်မြန်မြန်လေး
ခြေလှမ်းခဲ့သည် ။
ပတ်ဝန်းကျင် မှ
ငိုသံလေလော....
ခပ်တိုးတိုး ရယ်မောသံများလေလော....
အချင်းချင်းတီးတိုး စကားပြောနေကြသည့် အသံများလော.....
သို့မဟုတ်
လေတိုးသံများလော..
အဓိပ္ပာယ် အမျိုးမျိုး ဖော်ဆောင်နေသည့် အသံများ... ။
လေလှိုင်းထဲ တသွင်သွင် စီးဝင်နေသည် ။
အသံက တဖြည်းဖြည်း နီးလာသလို...
ကြည်လင်ပျက်သားပြီး ပိုကျယ်ကျယ်ကြားလာရလေပြီ....
ကလေးငိုသံ... မဟုတ်သေးဘူး...
မိန်းမတစ်ယောက်နဲ့ ကလေးပေါက်စလေး ငိုရှိုက်နေသံ...
ရှိုက်သံနောက်မှ ညည်းနေသံပါ ကြားလိုက်ရသည် ။
" အီး....ဟီး....ဟင်း...ဟင်း...ဟင်း.... "
တောနက်ကြီးထဲ ထိုအချိန်မျိုးတွင်
ကြားလိုက်ရသည့်အသံကြောင့်
တာတီးနှင့် ထွန်းကြီးတို့အား ခေါင်းနပန်းကြီးသွားစေသည် ။
တဖြည်းဖြည်း မှန်အိမ်အလင်းရှေ့တွင်
အသံရှင် ကိုမြင်လာရသည် ။
အသံရှင်မှာ
ဆံပင်ဖျားလျားနှင့် မျက်နာခေါင်းငုံ့ထားပြီး.....
စုတ်ပြတ်နေသည့်အဝတ်အစားများဝတ်ထားကာ
ရင်ခွင်ပိုက် ကလေးငယ်ပုံစံမျိုးအား
သူမရင်ဘက်နှင့်ကပ်ထားလျှက်
ချည်ထားကာ တာတီးတို့လာရာလမ်းရှေ့တွင်
ငိုညည်းနေခြင်းဖြစ်သည် ။
ထွန်းကြီးမှာ တစ်ခုခုကို ရိပ်စားမိပြီး
ဓါးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း
တာတီးအနား အသားချင်းထိအောင်ကပ်နေမိသည် ။
တာတီးက ကိုယ်တိုင် သွေးပျက် နေပြီဖြစ်သော်လည်း ၊
ထိုအမျိုးသမီးနားမရောက်မှီကတည်းက
ထွန်းကြီးကို အသံရှင်သည်..မည်သည့်အရာ ၊
မည်သည့်ပုံစံ ဖြစ်နေဖြစ်နေ မမြင်ချင် မကြားချင်
မသိချင်ယောင်ဆောင်ပြီး သွားလမ်းအတိုင်း
ဆက်သွားရန်နှင့် ကြောက်ရွံ့သည့် အမူအယာ
လုံးဝလုံးဝမပြစေပဲ ၊ ဟန်ဆောင်ကာ
ရှေ့ဆက်ရန် မှာထားလေသည် ။
နှစ်ဦးသား စကားလုံးဝဆက်မပြောတော့ပဲ
အမျိုးသမီး၏ ရှေ့မှ အမြန်ဖြတ်ကာ မပြေးရုံတမယ်
သွားကြသည် ၊ အနားမှဖြတ်သွားရာတွင်
ကလေးချီထားသည့်အမျိုးသမီး ထံမှ
ဆိုးရွားသည့် လူသေကောင်ပုတ်နံ့ကြီးကိုလည်း
ရလိုက်ကြသည် ၊ အမျိုးသမီးကမူ ငိုည ည်းနေရင်း
အနောက်တွင်ကျန်ရစ်ခဲ့လေသည် ၊
ထို အမျိုးသမီးနှင့် ခြေလှမ်းဆယ်လှမ်းမျှအကွာအရောက်တွင်
ကြားနေရသည့် ကြက်သီးထဖွယ် ငိုညည်းသံ ကြီးမှာ
ရုတ်ချည်း တိတ်ဆိတ်သွားကာ တစ်ပြိုက်နက်
တောနက်ကြီးတစ်ခုလုံး လေတိုးသံ သစ်ရွက်များ ထိပွတ်သံများ သည်လည်း
အပ်ကျသံပင်မကြားရအောင် နှုတ်ဆိတ်သွားလေသည် ၊
ချက်ချင်း ပြောင်းလဲသွားသည့်အနေအထားကြောင့်
တာတီးမှာ အရှေ့ကိုသာ မဲ၍ သွားနေသော်လည်း
ထွန်းကြီးက ဇောချွေးများ ပြန်နေရင်းမှ...
တစ်ကိုယ်လုံး အေးစက်သွားသလိုခံစားမိကာ
မရဲတရဲဖြင့် အနောက်သို့ လည်ပြန်ကြည့်လိုက်မိသည် ၊
သူမြင်လိုက်ရသည်မှာ.....
ကျန်နေခဲ့ပြီး ဖြစ်သည့်
ကလေးချီထားသော အမျိုးသမီးသည်
ငုံနေ့သည့်မျက်နာကိုမော့ရင်း
ကလေးရောအမေပါ သူတို့ဘက် လှည့်နေသည် ။
အမျိုးသမီး မျက်နာမှာ...
မျက်တွင်းဟောက်ပက်ဖြင့် လျှာကြီး လက်တစ်ထွာခန့်
တွဲလောင်းကျကာ မျက်နာအနှုံ့ လောက်ကောင်များ
အဖွေးသားနှင့် အရိုးကျနေသည့်လက်တစ်ဖက်မှာ
ရင်ဘက်ထဲမှ အစွယ်အဖွေးသား ဖြစ်နေပြီး
နှာခေါင်းပေါက်လုံးဝမပါပဲ မျက်လုံးတစ်လုံးတည်းသာ
ရှိသည့် လသားအရွယ် ကလေးကို
ချီထားလျှက် ကျန်လက်တစ်ဖက်ဖြင့်
သူတို့နှစ်ဦး အား လက်ယက် လှမ်းခေါ်နေသည် ။
ဘဝတွင်တစ်ခါမှ မမြင်ဖူးသည့်
အဆိုးရွားဆုံး ၊ ကြောက်စရာ အကောင်းဆုံး
မြင်ကွင်းကြောင့် ထွန်းကြီးတစ်ယောက်
ခေါင်းကြီး ကြီးသည့်နယ် ဖြစ်သွားပြီး
ခေတ္တအသက်ရှူရပ်သွားသလို ခံစားလိုက်ရကာ
မျက်လုံးများ အဆမတန်ပြူးမိရင်း
ငယ်သံပါအောင် အော်လိုက်မိသည် ။
" အား... ! .....အား....!!!!!!!!! "
ထွန်းကြီးအော်သံကြောင့်
တာတီး တုန်တက်သွားပြီး
အနောက်လှည့်ကြည့်လိုက်ရာ
ကလေးချီထားသည့် သရဲမအား
ထွန်းကြီးမြင်သည့်အတိုင်းမြင်လိုက်ရပြီး
တာတီးလည်း သွေးပျက်နေသည့်ကြားမှ
သတိဖြင့် ထိန်းလျှက် အကြောက်လွန်နေသည့်
ထွန်းကြီးအားအသိဝင်စေရန်
နားရင်း နှစ်ချက်ခန့် ရိုက် ၍ခေါ်နေစဉ်.....
အနောက်မှ သရဲမကြီးသည် ကလေးပိုက်လျှက်
သူတို့ဆီသို့ဦးတည်ကာ
ရုတ်တရက် ပြေးလိုက်လာလေသည် ။
ထိုအချိန်....
ထွန်းကြီးလည်း အသိဝင်လာပြီး
အော်နေသည်ကိုရပ်ကာ....
နှစ်ဦးသား ရှေ့သို့ ခြေကုန်သုတ် ပြေးလေတော့သည် ။
ရှေ့မှ တောတိုးရင်းပြေးနေသူ
တာတီးမှ အသက်လုပြေးနေရင်း...
ထွန်းကြီးကိုဆဲဆိုကာ....
" ငါ#@*&ထွန်းကြီး...
သွားမကြည့်နဲ့လို့မှာထားတဲ့ကြားက.... "
" ဟောဟဲ...ဟောဟဲ..အား..!!!!"
မောနေသည့်ကြားမှ....
" မင်း#@^ က ငါတို့ကိုမိသွားလို့ကတော့
ဂုတိချိုးသတ်ခံရမှာ... ပြေး....ထွန်းကြီး
နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဟ...
ဘရသေ့ဆီရောက်အောင်သာပြေး...
မရောက်ပဲငါတို့သေလို့်မရသေးဘူး...
ဘ...ရ...သေ့....ရေ....ကယ်...ပါ...ဦး....ဗျာ.....
အား...!! "
တာတီး၏ မျှော်လင့်ချက်ပြည့်ခဲ့လေပြီ...
ကျောက်ဂူကြီးတစ်ဂူကို အဝေးမှ လှမ်းမြင်လိုက်ရပြီမဟုတ်လား ။
" ထွန်းကြီးရေ...
ဒီဘက်ဟ... ပြေးထား.....
ဟိုကျောက်ဂူမှာ... ဘရသေ့ ငါ့ကိုချိန်းထားတာ....
ပြေး...အဲ့ကိုပြေး.... "
အနည်းငယ် ဝဖိုင့်သည့်
ထွန်းကြီးသည် စကားပင်ပြန်မပြောနိုင်
လေကို ပါးစပ်ဖြင့် မရမက ရှုနေရင်း
အသက်လုပြေးနေရရှာသည် ။
နောက်ဆုံးတွင်
သူတိုနှစ်ဦးသား
ကျောက်ဂူကြီးအနား
ရောက်လာကြသဖြင့် အားတက်သွားကြကာ
နောက်ဆုံး အားကုန်သုံးရင်း အမြန်ဆုံးပြေးခဲ့ကြသည် ။
သို့နှင့် ထို ကျောက်ဂူရှေ့သို့ ရောက်လာခဲ့ကြသည် ၊
အနောက်မှ လိုက်လာသည့် သရဲမသားအမိသည်လည်း
ပျောက်ချင်းမလှ ပျောက်သွားလေပြီ ၊
ထိုအခါမှ နှစ်ဦးသား အမောဆို့ကာ
မြေပြင်တွင် ပစ်လဲကျသွားသည် ။
သူတို့၏ရှေ့တွင် သူတို့နှစ်ဦး ဘက်အား
ကျောပေးကာ....
ကျောက်ဂူကြီး၏ မျက်နာစာဘက်အား
မျက်နာမူလျှက် တရားထိုင်သည့်နယ်
ခြေထောက်ချိတ်ထိုင်နေပြီး
အလွန်ဟောင်းနွမ်းဆွေးမြေ့နေသည့်
ယောဂီဝတ်စုံ သဖွယ် ၊ သင်္ကန်းသဖွယ်
မသဲကွဲနိုင်သည့် ကိုယ်ခြုံတစ်ခုအား
ဝတ်ဆင်ထားသည့် ရသေ့ကြီးတစ်ယောက်အား
မြင်လိုက်ကြရသည် ။
ထိုအခြင်းအရာကြောင့်
တာတီးလည်း မောနေသည့်ကြားမှ
လက်အုပ်ချီကာ...
" ဘ..ဘ..ရသေ့...
ကျွန်တော်...တာ..တာတီးပါ..
ဘရသေ့ပြောတဲ့အတိုင်းအချိန်အတိအကျ
အဖော်တစ်ယောက်နဲ့အတူ
ဒီကို လာခဲ့တုန်း တောထဲက
သရဲမကြီး... ကျွန်..ကျွန်တော်တို့
အနောက်က ပြေးလိုက်လာလို့.အသက်လုပြေးလာရတာပါ...
ဘ..ရသေ့..."
တာတီးစကားအား တစ်ဖက်မှ
ရသေ့ကြီးသည် လှည့်မကြည့်ပဲ..
ခေါင်းသာငြှိမ့်ပြနေသည်ကို
ရေနံဆီ မီးအိမ်၏
ဝိုးတဝါး အလင်းအောက် မြင်လိုက်ရသည် ။
စကားပြန်မပြောသဖြင့်
ထွန်းကြီးမှ တာတီးအား...
ဘယ်လိုလဲဟု မျက်နာအမူအရာဖြင့် မျက်ခုံးပင့်ပြလိုက်ရာ...
မိမိတို့ အသက်လုပြေးလာရသည်ကို
ဂရုမစိုက်သည့် ရသေ့ကြီးကြောင့်
မောနေလျှက်ပင် တာတီးလည်း
အနည်းငယ် စိတ်ထင့်သွားကာ မကျေမနပ်ဖြင့်
နောက်တစ်ခွန်းဆက်ပြောပြန်သည်....
" ဘရသေ့ ကြီး... ၊ ကျွန်တော်တို့ကို
ဂျပန်တပ်မတော်က
ရတနာတွေ သိမ်းထားခဲ့တဲ့နေရာအရောက်လာဖို့မှာပြီး
စကားလည်းပြန်မပြောပါလား....
ကျွန်တော်တို့ အသက်စွန့်ပြီးလာရတာကို
သနားပြီး စကားလေးပြန်ပြောသင့်တယ်မဟုတ်လား
ဘရသေ့ "
ရသေ့ကြီးဒီတစ်ကြိမ်
ခေါင်းခါလေပြီ....။
" ဟင်.. ! တာတီး... မင်းဟာက
သွေးရိုးသားရိုးရော ဟုတ်သေးရဲ့လား.. "
" ဟုတ်..ဟုတ်ပါတယ်ကွ..
မင်းကလည်း...
မနေ့က ညနေစောင်း....ငါ ဟိုဘက်ရွာကပြန်လာတော့
လမ်းရိုးအတိုင်းမလာချင်တာနဲ့ နေဝင်ချိန်အလင်းရောင်အမှီ
တောလမ်းကအဖြတ်..
လမ်းမှာ ဘရသေ့နဲ့ တွေ့ပြီး ဘရသေ့ကိုယ်တိုင် ညကြရင်
ဒီကျောက်ဂူဘက်လာပါဆိုပြီး လမ်းညွန်ပေး တဲ့အကြောင်း
မင်းကိုငါပြောထားပြီးသားလေကွာ...
မင်းကတစ်မျိုး... အမောဆို့ နေတာ မပြေသေးဘူး...ဟူး... "
မယုံသင်္ကာသဖြင့် လေသံပြုကာ
မေးလိုက်သူ ထွန်းကြီး အမေးကို
တာတီး ဖြေသာဖြေလိုက်ရသည်
သူကိုယ်တိုင်လည်း စိတ်ထင့်နေသည်မှာအမှန်ပင် ။
ငြိမ်နေသည့် ရသေ့ကြီးအား
တာတီး ထပ်မေးပြန်သည် ....
" ဘရသေ့...
ကျွန်တော်တို့ကို အရူးလုပ်နေတာလား...
ကျွန်တော်တို့ရွာကလူတွေမသိအောင်
မိုးမလင်းခင်အမှီပြန်ရမယ်...
ဘရသေ့တစ်ခုခုပြောပါ... "
ရသေ့ကြီးမှ အသံသြသြကြီးဖြင့်
အားရပါးရ ရယ်လိုက်ခြင်းဖြစ်သည် ၊
ကျောက်ဂူကြီးဘက် မျက်နာမူထားသောကြောင့်
လှိုင်ခေါင်းထဲမှ လှိုင်သံပင်ပါနေသည့်ရယ်သံ......
" ဟားဟား ဟားဟား ဟားဟား "
ထိုရယ်သံကြီးကြောင့်
အမောမပြေသေးပဲ မြေမှာ
ပစ်လဲနေကြသည့် တာတီးနှင့် ထွန်းကြီး
ယောကျာ်း သားများပင် ဖြစ်လင့်ကစား
ကြက်သီးမွေးညှင်းထလောက်သည့်
အသံသြသြကြီးနှင့် ရယ်လိုက်သည့် အသံကြောင့်
တစ်ဦးနှင့်တစ်ဦး အသားချင်းထိနေအောင်
နီးနီးကပ်ကပ် နေမိလိုက်သည် ။
ထိုစဉ်.......
" ဟားဟား...ငမိုက်သားတွေ....
လောဘရမ္မက်ကြီးတဲ့ ကောင်တွေ
ငါမင်းတို့အကြောင်းသိလို့
မင်းတို့တွေ မက်လောက်တဲ့ ပစ္စည်းတွေနဲ့ မြှားခဲ့တာ
အခုတော့ မင်းတို့ ငါ့ဆီရောက်လာကြပြီပေါ့...
ဟား.....အေး... အဲ့ဒီပစ္စည်းတွေက
ဒီဂူထဲမှာတကယ်ရှိတယ်... ဒါပေမယ့်
မင်းတို့နှစ်ယောက်ကတော့...
ငါ့အစာပဲ...ငါသွေးတွေ အသားတွေ
မစားရတာကြာလှပြီ.. စားမယ်....
စားမယ်.... မင်းတို့ကိုငါစားမယ်....
ဟားဟား... ဝူးဟားဟား.... "
ရသေ့ကြီး၏ စကားများမှာ
တဖြည်းဖြည်း အသံပြောင်းပြောင်းလာပြီး
အသံကြီးမှ ပို၍ဆိုးလာတော့သည် ၊
ရသေ့ပုံစံမှ တာတီးတို့ဘက်ကို မျက်နှာလှည့်ပြလိုက်ရာ
ရသေ့ကြီး မျက်နာမှာ...
မျက်လုံးနီကြီးနှစ်လုံး ပြူးကျယ်နေပြီး
နှာခေါင်းတိုကာ ပါးစပ်မှ အစွယ်ကြီးများ မြေကြီးထိရောက်နေပြီး
သွားရေများ တစက်စက် ကျနေလျှက်
ပါးစပ်ကြီးကိုအစွမ်းကုန်ဖြဲကားနေသည် ၊
ခန္တာကိုယ်မှာလည်း ၊ တာတီးတို့
မျက်စိရှေ့တွင်ပင် .....
လူပုံစံမှ ပို၍ အကောင်ကြီးလာကာ
နာရွက်ကြီးများမှာ...သူ၏ တစ်ကိုယ်စာထက်ပင်
ပိုရှည်လာပြီး....... ရှည်လျားသည့်
လက်သည်းကြီးများအပြည့်ပါသော
လက်ကြီး နှစ်ဖက် ရွယ်ကာ.....
တာတီးတို့ဆီ ပြေးလာလေပြီ.... ။
ရသေ့ကြီးဟု ထင်ထားသူမှာ....
ရသေ့အယောင်ဆောင်ထားသည့်
သဘက်ကြီးတစ်ကောင်ဖြစ်မှန်း
တာတီးနှင့်ထွန်းကြီး သိချိန်နှောင်းခဲ့ရပြီးနောက်.....
ညနက်ကြီး၏ သားကောင်များလည်း
အဆုံးသတ်မလှသည့် ည၏ တေးသွားကို
အပြိုင် ဟစ်ကြူးယုံမှ အပ.... ၊
" အား......!!!!!!!!!! "
= = = = = = = = =
အပိုင်း (၂)
>_<_>_<
" ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင်....... "
" ဟေ့ဘာဖြစ်တာလဲဟေ့... "
" မနက်စောစောစီးစီး ဘာများဖြစ်ကြတာလဲ.... "
" ယောကျာ်းရေ...ထပါဦး...ဟိုမှာ
ရွာကင်းတဲက သံချောင်းခေါက်နေတာ
ဆက်တိုက်ပဲတော်တော်ကြာနေပြီ
အရမ်းအရေးကြီးတဲ့ကိစ္စဖြစ်လို့နဲ့တူတယ်
မြန်မြန် သွား...ပြေးပါဦးတော်ရေ... "
နံနက်ခင်းအချိန်တွင် ရွာကင်းတဲမှ
အချက်ပေး သံချောင်းခေါက်သံကြောင့်တစ်ရွာလုံးရှိ
အိမ်များမှလူများ နိုးလာကာ
အကုန်လုံးတစ်ယောက်တစ်ပေါက်ဖြင့်
ဆူညံသွားကြကာ... ရွာကာလသားများနှင့်
ယောကျာ်းသားများ ဓားလှံ လက်နက်များ ဆွဲ ပြီး
ရွာထိပ်ရှိ ကင်းတဲဆီသို့ပြေးသွားကြလေပြီ ။
ကင်းတဲသို့ လူအုပ်ကြီးရောက်သောအခါ........
( ဆက်ရန်......... )
~ မိုးစွေ ~
စာပြီးချိန် - ( 6 . 12 . 2017)
PNG Time 10:33 PM
Myanmar Time : PM
(အပိုင်း ၁)
ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ”
သတိပေးချက် -
ဤစာကို စာရေးသူကိုယ်တိုင်
စီးနင်း ရေးသားထားသဖြင့်
နှလုံးရောဂါရှိသူများနှင့်
ကြောက်တတ်သူများ လုံးဝလုံးဝမဖတ်ပါနှင့် ၊
စာဖတ်နေသူမှာ ညအချိန် ဖတ်မည်ဆိုပါက
တစ်ကိုယ်တည်း မဖတ်ဖို့ ၊ အထူးသဖြင့်
သန်းခေါင်အချိန် မဖတ်ဖို့
မေတ္တာ ရပ်ခံပါတယ် ။
**********************************
(အပိုင်း ၁)
>_<_>_<
ည မှာ...
ပုလဲရောင်သဖွယ် လရောင်အား
အနက်နုရောင် ပိတ်ကားထူထူကြီးဖြင့် လွှမ်းခြုံထားသည့်နယ်....။
ဝိုးတဝါး ရွာအဝင်လမ်းမှ
လူနှစ်ဦး သဏ္ဍာန် သည် သိမ်မွေ့စွာ ရွေ့လျားလာနေပြီး
ရွာအဝင်ဝခြံစည်းရိုးနှင့် ကင်းတဲအား
ရှောင်ရန်အတွက် တစ်ဖက်ရှိ ဝါးကပ်ကာထားသော ရွာခြံစည်းရိုးမှ
ကျော်ကာ အပြင်သို့ ခိုးထွက်နေကြသည် ။
- ည မ ထွက် ရ -
ဟူသည့် ဆိုင်းဘုတ် အမှတ်အသား ကြီးသည်
ရွာအဝင်အဝတွင်ရှိနေပြီး လူအများကို
ရွာမှ ညဘက် အပြင်သို့မထွက်ရန်
တားဆီးရန်ကြိုးစားဖို့ကြိုးစားနေသယောင်ပင် ။
ညအချိန်ကြီး
ရွာပြင်ရောက်နေသည့်
ထိုလူနှစ်ဦးမှာ....
အမှောင်ထု၏ သားကောင်များ လော..... ။
" တာတီး... ငါကြောက်တယ်.... "
ရွာထိပ်မှ ရွာပြင်ထွက်လာသည့် လူ နှစ်ဦးအနက်မှ
တစ်ဦးသည် အေးစက်မှောင်မဲ ပြီး
လေထဲမှ အသံတစ်ချို့ကြောင့် ခြောက်ခြားနေကာ
ဘေးမှ လူအား
လေသံဖြင့် ပြောလိုက်ရာ...
" ထွန်းကြီး...မင်းကလည်းကွာ...
ကလေးမဟုတ်သူငယ်မဟုတ်... "
တာတီး ဆိုသူ၏ တုန့်ပြန်စကားကြောင့်
ထွန်းကြီးမှ.......
" မင်းကလည်းကွာ...
ငါလည်းလူပဲကွ... ဘယ်လောက်မိုက်မိုက်
ဘယ်လောက်သတ္တိကောင်းကောင်း
သရဲတော့ကြောက်တယ်ကွ... "
တာတီးက ချက်ချင်း ပါးစပ်နားလက်ကပ်ပြလိုက်ရင်း...
" ရှူး....တိတ်တိတ်နေစမ်းပါကွာ
မင်းလုပ်တာ ကင်းသမားတွေနိုးကုန်ဦးမယ်
လာလာ အချိန်မဖြုန်းနဲ့ မြန်မြန်သွားမြန်မြန်ပြန်ကြရအောင်
ရွာပြင်...ကြာကြာနေလို့ကောင်းတာမဟုတ်ဘူး "
ထွန်းကြီးလည်း ကိုယ့်ပါးစပ်ကိုယ်
လက်ဖဝါးနဲ့ဖိပိတ်လိုက်ပြီး
ပတ်ဝန်းကျင် ဘေးဘီကို ဟိုကြည့်ဒီကြည့် လုပ်နေရင်း
ကြောက်ကြောက်နှင့်သာ တာတီးနောက်လိုက်ခဲ့သည်။
ရွာနှင့်ခပ်လှမ်းလှမ်းအရောက် ထွန်းကြီးက
အကြောက်ပြေ စကားပြန်စလိုက်သည် ။
" တာတီး... မင်းကိုငါယုံလို့သာလိုက်လာတာ...
ငါတစ်ယောက်တည်းသာဆို.. ညဘက် ရွာပြင်မပြောနဲ့
ရွာဝတောင်မလာရဲဘူး... ဒါနဲ့ မင်းကို ပြောပြတဲ့
ဘိုးတော်က မလိမ်တော့မလိမ်လောက်ပါဘူးနော်... "
ထွန်းကြီး စကားကြောင့်
တာတီး အနည်းငယ် ဒေါသထွက်သွားကာ...
" ဟေ့ကောင်ရ..
မင်းလျှာရှည်တယ်ကွာ...
မင်းမလိုက်ချင်ပြန်တော့....
နောက်မှ ငါ့နောက်မလိုက်မိလို့ ငိုနေရမယ်...
မင်းတစ်ဘဝလုံး အဲ့ရွာမှ ည ကြ ရင် တဲစုတ်ကလေးနဲ့အိပ်
မနက်မိုးလင်းရင် ဖင်ထဲ ရွှံ့ဝင်အောင် ယာထဲသွားပြီး
နွားနဲ့ပဲ ရုန်းနေတော့ဟေ့...."
အခြေအနေကို ရိပ်စားမိသည့် ထွန်းကြီးလည်း
စကားပြန်ထိန်းလိုက်သည်...
" အေးပါ... ငါလည်း ချမ်းချမ်းသာသာနဲ့
ဘဝမှာ တစ်ခါလောက်နေဖူးချင်လို့
မင်း ရသေ့ကြီး ပြောတဲ့နေရာကို
အရဲစွန့်ပြီး .... ရင်းကြည့်တာပေါ့ကွာ... "
ပြောပြောဆိုဆိုနှင့် နှစ်ယောက်သား
အမှောင်ထုထဲမှာ စမ်းတဝါးဝါး
သွားနေကြရင်း.. ရွာကို တစ်ချက်ပြန်မျှော်ကြည့်မိလိုက်သည် ။
ရွာနှင့်ဝေးနေပြီဖြစ်၍
အသင့်ဆောင်လာသည့်
ရေနံဆီ မီးအိမ်ကို မီးညှိလိုက်ရာ
အလင်းရောင်အတော်အတန် ရသွားသည် ။
အချိန် နာရီဝက်ခန့် လမ်းလျှောက်ကြပြီးနောက်တွင်
တာတီးမှ လှည်းလမ်း၏ ညာဘက်ရှိ
လမ်းမရှိသော တောအုပ်ထဲ ဆင်းသွားရာ...
အနောက်မှ ထွန်းကြီးလည်း လိုက်သွားလေသည် ။
တော၏ ရနံ့မှာ...
သစ်ရွက်ခြောက်များ သစ်ဆွေးများ ရေစိုထားသဖြင့်
ထွက်နေသည့် ပုတ်အဲ့အဲ့ရနုံ့မျိုး ။
အပင်ကြီးအပင်ငယ်များမှာလည်း
လေမတိုက်ပဲ ငြိမ်သက်လို့နေပုံမှာ..
သားကောင်ခြောင်းနေသည့် မုဆိုးများနယ် ။
ရန်ဖန်ရန်ခါ သူတို့နှစ်ဦး အနီးမှ
လှစ်ခနဲ လှစ်ခနဲ ဖြတ်ပြေးသွားသည့်
အရိပ်မဲများ ကိုလည်း နှစ်ဦးသား ခံစားသိမြင်နေရသည် ။
" တ..တ..တာ..တာတီး
ငါမင်းကိုမယုံလို့မဟုတ်ဘူး ဒါပေမယ့်
ငါမေးစရာရှိတယ်
မင်း ရသေ့ကြီး ပြောတဲ့နေရာကို
မင်းသိတာသေချာတယ်နော်..
အနားမှာလည်း ဘာတွေလည်းမသိဘူး
ဖြတ်ပြေးနေတာမြင်တယ်
ငါ အစက ယုန်တွေ တောကောင်တွေထင်နေတာ
မဟုတ်ဘူး..အရိပ်တွေက တိုတို ရှည်ရှည်ပုံတွေ...
ငါတို့ အန္တရာယ် ရှိနေပြီလို့ ငါမသိစိတ်က
ခံစားနေရတယ် ကွာ... ပြန်ကြရအောင် "
မီးအိမ်တစ်ဖက် ဓားရှည်တစ်ဖက်ကိုင်ကာ
လမ်းတစ်လျှောက်အပင်များခြုံနွယ်များကို
ခုတ်ရှင်းရင်း အနီးအဝေးမှ ဟိုဒီ
ဖြတ်ပြေးသွားသည့် အရိပ်မဲများကို သတိထားမိနေသည့်
ထွန်းကြီးက အလွန် ခြောက်ခြားနေသည့် ဟန်ဖြင့်
မေးလိုက်ရာ..တာတီးက
" မကြောက်ပါနဲ့ ထွန်းကြီးရာ...
ငါလည်းရိပ်မိပါတယ်.. တို့ဒီအထိတောင်
လာခဲ့ပြီးမှ ပြန်လှည့်ရင်နှမြောစရာကြီးကွာ...
နေရာကလည်း ငါမရောက်ဖူးပေမယ့်
သေချာသိပါတယ် ရောက်တော့မှာပါ
ဘရသေ့က ငါ့ကိုပေးချင်လွန်းလို့.....
ဆိုပြီး သေချာပြောထားတာကွ ၊
အဲ့နေရာမှာလည်း သူစောင့်နေမယ်ပြောတယ်...
ငါတို့သူနဲ့တွေ့ရင် စိတ်အေးလက်အေး ဖြစ်ပါပြီ ငါ့ကောင်ရာ...
နည်းနည်အားတင်းထား တို့သွက်သွက်လေးသွားရအောင်...
ပတ်ဝန်းကျင်ကို မကြည့်နဲ့ ကိုယ့်လမ်းပဲ ကိုယ်ကြည့်
ဘယ်အရာမဆို..
တန်ဖိုးအရ.... နည်းနည်း ပါးပါးတော့
အနှောက်အယှက်ရှိမှာပဲ... "
ကိုယ်တိုင်လည်း ကြောက်နေပြီဖြစ်သော်လည်း
မိမိ ကြောက်ပြလျှင် ထွန်းကြီးတစ်ယောက်
ပို၍ သွေးပျက်သွားမည်စိုး၍
တာတီး အံကြိတ်ကာ ယခက်ထက် ခပ်မြန်မြန်လေး
ခြေလှမ်းခဲ့သည် ။
ပတ်ဝန်းကျင် မှ
ငိုသံလေလော....
ခပ်တိုးတိုး ရယ်မောသံများလေလော....
အချင်းချင်းတီးတိုး စကားပြောနေကြသည့် အသံများလော.....
သို့မဟုတ်
လေတိုးသံများလော..
အဓိပ္ပာယ် အမျိုးမျိုး ဖော်ဆောင်နေသည့် အသံများ... ။
လေလှိုင်းထဲ တသွင်သွင် စီးဝင်နေသည် ။
အသံက တဖြည်းဖြည်း နီးလာသလို...
ကြည်လင်ပျက်သားပြီး ပိုကျယ်ကျယ်ကြားလာရလေပြီ....
ကလေးငိုသံ... မဟုတ်သေးဘူး...
မိန်းမတစ်ယောက်နဲ့ ကလေးပေါက်စလေး ငိုရှိုက်နေသံ...
ရှိုက်သံနောက်မှ ညည်းနေသံပါ ကြားလိုက်ရသည် ။
" အီး....ဟီး....ဟင်း...ဟင်း...ဟင်း.... "
တောနက်ကြီးထဲ ထိုအချိန်မျိုးတွင်
ကြားလိုက်ရသည့်အသံကြောင့်
တာတီးနှင့် ထွန်းကြီးတို့အား ခေါင်းနပန်းကြီးသွားစေသည် ။
တဖြည်းဖြည်း မှန်အိမ်အလင်းရှေ့တွင်
အသံရှင် ကိုမြင်လာရသည် ။
အသံရှင်မှာ
ဆံပင်ဖျားလျားနှင့် မျက်နာခေါင်းငုံ့ထားပြီး.....
စုတ်ပြတ်နေသည့်အဝတ်အစားများဝတ်ထားကာ
ရင်ခွင်ပိုက် ကလေးငယ်ပုံစံမျိုးအား
သူမရင်ဘက်နှင့်ကပ်ထားလျှက်
ချည်ထားကာ တာတီးတို့လာရာလမ်းရှေ့တွင်
ငိုညည်းနေခြင်းဖြစ်သည် ။
ထွန်းကြီးမှာ တစ်ခုခုကို ရိပ်စားမိပြီး
ဓါးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း
တာတီးအနား အသားချင်းထိအောင်ကပ်နေမိသည် ။
တာတီးက ကိုယ်တိုင် သွေးပျက် နေပြီဖြစ်သော်လည်း ၊
ထိုအမျိုးသမီးနားမရောက်မှီကတည်းက
ထွန်းကြီးကို အသံရှင်သည်..မည်သည့်အရာ ၊
မည်သည့်ပုံစံ ဖြစ်နေဖြစ်နေ မမြင်ချင် မကြားချင်
မသိချင်ယောင်ဆောင်ပြီး သွားလမ်းအတိုင်း
ဆက်သွားရန်နှင့် ကြောက်ရွံ့သည့် အမူအယာ
လုံးဝလုံးဝမပြစေပဲ ၊ ဟန်ဆောင်ကာ
ရှေ့ဆက်ရန် မှာထားလေသည် ။
နှစ်ဦးသား စကားလုံးဝဆက်မပြောတော့ပဲ
အမျိုးသမီး၏ ရှေ့မှ အမြန်ဖြတ်ကာ မပြေးရုံတမယ်
သွားကြသည် ၊ အနားမှဖြတ်သွားရာတွင်
ကလေးချီထားသည့်အမျိုးသမီး ထံမှ
ဆိုးရွားသည့် လူသေကောင်ပုတ်နံ့ကြီးကိုလည်း
ရလိုက်ကြသည် ၊ အမျိုးသမီးကမူ ငိုည ည်းနေရင်း
အနောက်တွင်ကျန်ရစ်ခဲ့လေသည် ၊
ထို အမျိုးသမီးနှင့် ခြေလှမ်းဆယ်လှမ်းမျှအကွာအရောက်တွင်
ကြားနေရသည့် ကြက်သီးထဖွယ် ငိုညည်းသံ ကြီးမှာ
ရုတ်ချည်း တိတ်ဆိတ်သွားကာ တစ်ပြိုက်နက်
တောနက်ကြီးတစ်ခုလုံး လေတိုးသံ သစ်ရွက်များ ထိပွတ်သံများ သည်လည်း
အပ်ကျသံပင်မကြားရအောင် နှုတ်ဆိတ်သွားလေသည် ၊
ချက်ချင်း ပြောင်းလဲသွားသည့်အနေအထားကြောင့်
တာတီးမှာ အရှေ့ကိုသာ မဲ၍ သွားနေသော်လည်း
ထွန်းကြီးက ဇောချွေးများ ပြန်နေရင်းမှ...
တစ်ကိုယ်လုံး အေးစက်သွားသလိုခံစားမိကာ
မရဲတရဲဖြင့် အနောက်သို့ လည်ပြန်ကြည့်လိုက်မိသည် ၊
သူမြင်လိုက်ရသည်မှာ.....
ကျန်နေခဲ့ပြီး ဖြစ်သည့်
ကလေးချီထားသော အမျိုးသမီးသည်
ငုံနေ့သည့်မျက်နာကိုမော့ရင်း
ကလေးရောအမေပါ သူတို့ဘက် လှည့်နေသည် ။
အမျိုးသမီး မျက်နာမှာ...
မျက်တွင်းဟောက်ပက်ဖြင့် လျှာကြီး လက်တစ်ထွာခန့်
တွဲလောင်းကျကာ မျက်နာအနှုံ့ လောက်ကောင်များ
အဖွေးသားနှင့် အရိုးကျနေသည့်လက်တစ်ဖက်မှာ
ရင်ဘက်ထဲမှ အစွယ်အဖွေးသား ဖြစ်နေပြီး
နှာခေါင်းပေါက်လုံးဝမပါပဲ မျက်လုံးတစ်လုံးတည်းသာ
ရှိသည့် လသားအရွယ် ကလေးကို
ချီထားလျှက် ကျန်လက်တစ်ဖက်ဖြင့်
သူတို့နှစ်ဦး အား လက်ယက် လှမ်းခေါ်နေသည် ။
ဘဝတွင်တစ်ခါမှ မမြင်ဖူးသည့်
အဆိုးရွားဆုံး ၊ ကြောက်စရာ အကောင်းဆုံး
မြင်ကွင်းကြောင့် ထွန်းကြီးတစ်ယောက်
ခေါင်းကြီး ကြီးသည့်နယ် ဖြစ်သွားပြီး
ခေတ္တအသက်ရှူရပ်သွားသလို ခံစားလိုက်ရကာ
မျက်လုံးများ အဆမတန်ပြူးမိရင်း
ငယ်သံပါအောင် အော်လိုက်မိသည် ။
" အား... ! .....အား....!!!!!!!!! "
ထွန်းကြီးအော်သံကြောင့်
တာတီး တုန်တက်သွားပြီး
အနောက်လှည့်ကြည့်လိုက်ရာ
ကလေးချီထားသည့် သရဲမအား
ထွန်းကြီးမြင်သည့်အတိုင်းမြင်လိုက်ရပြီး
တာတီးလည်း သွေးပျက်နေသည့်ကြားမှ
သတိဖြင့် ထိန်းလျှက် အကြောက်လွန်နေသည့်
ထွန်းကြီးအားအသိဝင်စေရန်
နားရင်း နှစ်ချက်ခန့် ရိုက် ၍ခေါ်နေစဉ်.....
အနောက်မှ သရဲမကြီးသည် ကလေးပိုက်လျှက်
သူတို့ဆီသို့ဦးတည်ကာ
ရုတ်တရက် ပြေးလိုက်လာလေသည် ။
ထိုအချိန်....
ထွန်းကြီးလည်း အသိဝင်လာပြီး
အော်နေသည်ကိုရပ်ကာ....
နှစ်ဦးသား ရှေ့သို့ ခြေကုန်သုတ် ပြေးလေတော့သည် ။
ရှေ့မှ တောတိုးရင်းပြေးနေသူ
တာတီးမှ အသက်လုပြေးနေရင်း...
ထွန်းကြီးကိုဆဲဆိုကာ....
" ငါ#@*&ထွန်းကြီး...
သွားမကြည့်နဲ့လို့မှာထားတဲ့ကြားက.... "
" ဟောဟဲ...ဟောဟဲ..အား..!!!!"
မောနေသည့်ကြားမှ....
" မင်း#@^ က ငါတို့ကိုမိသွားလို့ကတော့
ဂုတိချိုးသတ်ခံရမှာ... ပြေး....ထွန်းကြီး
နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဟ...
ဘရသေ့ဆီရောက်အောင်သာပြေး...
မရောက်ပဲငါတို့သေလို့်မရသေးဘူး...
ဘ...ရ...သေ့....ရေ....ကယ်...ပါ...ဦး....ဗျာ.....
အား...!! "
တာတီး၏ မျှော်လင့်ချက်ပြည့်ခဲ့လေပြီ...
ကျောက်ဂူကြီးတစ်ဂူကို အဝေးမှ လှမ်းမြင်လိုက်ရပြီမဟုတ်လား ။
" ထွန်းကြီးရေ...
ဒီဘက်ဟ... ပြေးထား.....
ဟိုကျောက်ဂူမှာ... ဘရသေ့ ငါ့ကိုချိန်းထားတာ....
ပြေး...အဲ့ကိုပြေး.... "
အနည်းငယ် ဝဖိုင့်သည့်
ထွန်းကြီးသည် စကားပင်ပြန်မပြောနိုင်
လေကို ပါးစပ်ဖြင့် မရမက ရှုနေရင်း
အသက်လုပြေးနေရရှာသည် ။
နောက်ဆုံးတွင်
သူတိုနှစ်ဦးသား
ကျောက်ဂူကြီးအနား
ရောက်လာကြသဖြင့် အားတက်သွားကြကာ
နောက်ဆုံး အားကုန်သုံးရင်း အမြန်ဆုံးပြေးခဲ့ကြသည် ။
သို့နှင့် ထို ကျောက်ဂူရှေ့သို့ ရောက်လာခဲ့ကြသည် ၊
အနောက်မှ လိုက်လာသည့် သရဲမသားအမိသည်လည်း
ပျောက်ချင်းမလှ ပျောက်သွားလေပြီ ၊
ထိုအခါမှ နှစ်ဦးသား အမောဆို့ကာ
မြေပြင်တွင် ပစ်လဲကျသွားသည် ။
သူတို့၏ရှေ့တွင် သူတို့နှစ်ဦး ဘက်အား
ကျောပေးကာ....
ကျောက်ဂူကြီး၏ မျက်နာစာဘက်အား
မျက်နာမူလျှက် တရားထိုင်သည့်နယ်
ခြေထောက်ချိတ်ထိုင်နေပြီး
အလွန်ဟောင်းနွမ်းဆွေးမြေ့နေသည့်
ယောဂီဝတ်စုံ သဖွယ် ၊ သင်္ကန်းသဖွယ်
မသဲကွဲနိုင်သည့် ကိုယ်ခြုံတစ်ခုအား
ဝတ်ဆင်ထားသည့် ရသေ့ကြီးတစ်ယောက်အား
မြင်လိုက်ကြရသည် ။
ထိုအခြင်းအရာကြောင့်
တာတီးလည်း မောနေသည့်ကြားမှ
လက်အုပ်ချီကာ...
" ဘ..ဘ..ရသေ့...
ကျွန်တော်...တာ..တာတီးပါ..
ဘရသေ့ပြောတဲ့အတိုင်းအချိန်အတိအကျ
အဖော်တစ်ယောက်နဲ့အတူ
ဒီကို လာခဲ့တုန်း တောထဲက
သရဲမကြီး... ကျွန်..ကျွန်တော်တို့
အနောက်က ပြေးလိုက်လာလို့.အသက်လုပြေးလာရတာပါ...
ဘ..ရသေ့..."
တာတီးစကားအား တစ်ဖက်မှ
ရသေ့ကြီးသည် လှည့်မကြည့်ပဲ..
ခေါင်းသာငြှိမ့်ပြနေသည်ကို
ရေနံဆီ မီးအိမ်၏
ဝိုးတဝါး အလင်းအောက် မြင်လိုက်ရသည် ။
စကားပြန်မပြောသဖြင့်
ထွန်းကြီးမှ တာတီးအား...
ဘယ်လိုလဲဟု မျက်နာအမူအရာဖြင့် မျက်ခုံးပင့်ပြလိုက်ရာ...
မိမိတို့ အသက်လုပြေးလာရသည်ကို
ဂရုမစိုက်သည့် ရသေ့ကြီးကြောင့်
မောနေလျှက်ပင် တာတီးလည်း
အနည်းငယ် စိတ်ထင့်သွားကာ မကျေမနပ်ဖြင့်
နောက်တစ်ခွန်းဆက်ပြောပြန်သည်....
" ဘရသေ့ ကြီး... ၊ ကျွန်တော်တို့ကို
ဂျပန်တပ်မတော်က
ရတနာတွေ သိမ်းထားခဲ့တဲ့နေရာအရောက်လာဖို့မှာပြီး
စကားလည်းပြန်မပြောပါလား....
ကျွန်တော်တို့ အသက်စွန့်ပြီးလာရတာကို
သနားပြီး စကားလေးပြန်ပြောသင့်တယ်မဟုတ်လား
ဘရသေ့ "
ရသေ့ကြီးဒီတစ်ကြိမ်
ခေါင်းခါလေပြီ....။
" ဟင်.. ! တာတီး... မင်းဟာက
သွေးရိုးသားရိုးရော ဟုတ်သေးရဲ့လား.. "
" ဟုတ်..ဟုတ်ပါတယ်ကွ..
မင်းကလည်း...
မနေ့က ညနေစောင်း....ငါ ဟိုဘက်ရွာကပြန်လာတော့
လမ်းရိုးအတိုင်းမလာချင်တာနဲ့ နေဝင်ချိန်အလင်းရောင်အမှီ
တောလမ်းကအဖြတ်..
လမ်းမှာ ဘရသေ့နဲ့ တွေ့ပြီး ဘရသေ့ကိုယ်တိုင် ညကြရင်
ဒီကျောက်ဂူဘက်လာပါဆိုပြီး လမ်းညွန်ပေး တဲ့အကြောင်း
မင်းကိုငါပြောထားပြီးသားလေကွာ...
မင်းကတစ်မျိုး... အမောဆို့ နေတာ မပြေသေးဘူး...ဟူး... "
မယုံသင်္ကာသဖြင့် လေသံပြုကာ
မေးလိုက်သူ ထွန်းကြီး အမေးကို
တာတီး ဖြေသာဖြေလိုက်ရသည်
သူကိုယ်တိုင်လည်း စိတ်ထင့်နေသည်မှာအမှန်ပင် ။
ငြိမ်နေသည့် ရသေ့ကြီးအား
တာတီး ထပ်မေးပြန်သည် ....
" ဘရသေ့...
ကျွန်တော်တို့ကို အရူးလုပ်နေတာလား...
ကျွန်တော်တို့ရွာကလူတွေမသိအောင်
မိုးမလင်းခင်အမှီပြန်ရမယ်...
ဘရသေ့တစ်ခုခုပြောပါ... "
ရသေ့ကြီးမှ အသံသြသြကြီးဖြင့်
အားရပါးရ ရယ်လိုက်ခြင်းဖြစ်သည် ၊
ကျောက်ဂူကြီးဘက် မျက်နာမူထားသောကြောင့်
လှိုင်ခေါင်းထဲမှ လှိုင်သံပင်ပါနေသည့်ရယ်သံ......
" ဟားဟား ဟားဟား ဟားဟား "
ထိုရယ်သံကြီးကြောင့်
အမောမပြေသေးပဲ မြေမှာ
ပစ်လဲနေကြသည့် တာတီးနှင့် ထွန်းကြီး
ယောကျာ်း သားများပင် ဖြစ်လင့်ကစား
ကြက်သီးမွေးညှင်းထလောက်သည့်
အသံသြသြကြီးနှင့် ရယ်လိုက်သည့် အသံကြောင့်
တစ်ဦးနှင့်တစ်ဦး အသားချင်းထိနေအောင်
နီးနီးကပ်ကပ် နေမိလိုက်သည် ။
ထိုစဉ်.......
" ဟားဟား...ငမိုက်သားတွေ....
လောဘရမ္မက်ကြီးတဲ့ ကောင်တွေ
ငါမင်းတို့အကြောင်းသိလို့
မင်းတို့တွေ မက်လောက်တဲ့ ပစ္စည်းတွေနဲ့ မြှားခဲ့တာ
အခုတော့ မင်းတို့ ငါ့ဆီရောက်လာကြပြီပေါ့...
ဟား.....အေး... အဲ့ဒီပစ္စည်းတွေက
ဒီဂူထဲမှာတကယ်ရှိတယ်... ဒါပေမယ့်
မင်းတို့နှစ်ယောက်ကတော့...
ငါ့အစာပဲ...ငါသွေးတွေ အသားတွေ
မစားရတာကြာလှပြီ.. စားမယ်....
စားမယ်.... မင်းတို့ကိုငါစားမယ်....
ဟားဟား... ဝူးဟားဟား.... "
ရသေ့ကြီး၏ စကားများမှာ
တဖြည်းဖြည်း အသံပြောင်းပြောင်းလာပြီး
အသံကြီးမှ ပို၍ဆိုးလာတော့သည် ၊
ရသေ့ပုံစံမှ တာတီးတို့ဘက်ကို မျက်နှာလှည့်ပြလိုက်ရာ
ရသေ့ကြီး မျက်နာမှာ...
မျက်လုံးနီကြီးနှစ်လုံး ပြူးကျယ်နေပြီး
နှာခေါင်းတိုကာ ပါးစပ်မှ အစွယ်ကြီးများ မြေကြီးထိရောက်နေပြီး
သွားရေများ တစက်စက် ကျနေလျှက်
ပါးစပ်ကြီးကိုအစွမ်းကုန်ဖြဲကားနေသည် ၊
ခန္တာကိုယ်မှာလည်း ၊ တာတီးတို့
မျက်စိရှေ့တွင်ပင် .....
လူပုံစံမှ ပို၍ အကောင်ကြီးလာကာ
နာရွက်ကြီးများမှာ...သူ၏ တစ်ကိုယ်စာထက်ပင်
ပိုရှည်လာပြီး....... ရှည်လျားသည့်
လက်သည်းကြီးများအပြည့်ပါသော
လက်ကြီး နှစ်ဖက် ရွယ်ကာ.....
တာတီးတို့ဆီ ပြေးလာလေပြီ.... ။
ရသေ့ကြီးဟု ထင်ထားသူမှာ....
ရသေ့အယောင်ဆောင်ထားသည့်
သဘက်ကြီးတစ်ကောင်ဖြစ်မှန်း
တာတီးနှင့်ထွန်းကြီး သိချိန်နှောင်းခဲ့ရပြီးနောက်.....
ညနက်ကြီး၏ သားကောင်များလည်း
အဆုံးသတ်မလှသည့် ည၏ တေးသွားကို
အပြိုင် ဟစ်ကြူးယုံမှ အပ.... ၊
" အား......!!!!!!!!!! "
= = = = = = = = =
အပိုင်း (၂)
>_<_>_<
" ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင်....... "
" ဟေ့ဘာဖြစ်တာလဲဟေ့... "
" မနက်စောစောစီးစီး ဘာများဖြစ်ကြတာလဲ.... "
" ယောကျာ်းရေ...ထပါဦး...ဟိုမှာ
ရွာကင်းတဲက သံချောင်းခေါက်နေတာ
ဆက်တိုက်ပဲတော်တော်ကြာနေပြီ
အရမ်းအရေးကြီးတဲ့ကိစ္စဖြစ်လို့နဲ့တူတယ်
မြန်မြန် သွား...ပြေးပါဦးတော်ရေ... "
နံနက်ခင်းအချိန်တွင် ရွာကင်းတဲမှ
အချက်ပေး သံချောင်းခေါက်သံကြောင့်တစ်ရွာလုံးရှိ
အိမ်များမှလူများ နိုးလာကာ
အကုန်လုံးတစ်ယောက်တစ်ပေါက်ဖြင့်
ဆူညံသွားကြကာ... ရွာကာလသားများနှင့်
ယောကျာ်းသားများ ဓားလှံ လက်နက်များ ဆွဲ ပြီး
ရွာထိပ်ရှိ ကင်းတဲဆီသို့ပြေးသွားကြလေပြီ ။
ကင်းတဲသို့ လူအုပ်ကြီးရောက်သောအခါ........
( ဆက်ရန်......... )
~ မိုးစွေ ~
စာပြီးချိန် - ( 6 . 12 . 2017)
PNG Time 10:33 PM
Myanmar Time : PM

Comments
Post a Comment